မြန်မာအစိုးရဟာ ခါးတောင်းကျိုက်တလွဲ ဖင်တလွဲ

ဦးနိုင်ဝင်း လန်ဒန်(19 April 15)


မြန်မာ အစိုးရက အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့၊ မြန်မာ အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို အမေရိကန် ကွန်ဂရက်နဲ့ အမေရိကန် ပြည်သူတွေ သိရှိအောင် စည်းရုံးဆောင်ရွက်ပေးဖို့အတွက် တစ်နှစ်ကို ဒေါ်လာငွေ ၈ သိန်းကျော် အကုန်ခံပြီး အမေရိကန်က အကျိုးဆောင် အဖွဲ့တစ်ဖွဲ့ကို မြန်မာအစိုးရက ငှားရမ်းခဲ့ပါတယ်။ တဲ့ .... ဘီဘီစီ သတင်းဌာနက ကြေညာသွားပါတယ် ။

တကယ်တော့ မြန်မာအစိုးရဟာ အမေရိကန်ကို ဖင်လျှက်ချင်နေတာ ကြာပါပြီ .. အမေရိကန်ကြီးကလဲ ကမ္ဘာမှာ စူပါပါဝါ အင်းအားကြီးနိုင်ငံမဟုတ်ပါလား ။ ဒါပေမယ့် မြန်မာစစ်အာဏာရှင်တွေရဲ့ ယုတ်မာမှု့တွေ လူ့အခွင့်အရေးချိုးဖောက်မှု့တွေကြောင့် ပိတ်ဆို့အရေးယူထားခဲ့ရတာပါ ။

အဲ့ဒီတော့လဲ စစ်လောဘီဆိုတဲ့ ငမိုက်သားတွေက အမေရိကန်မကောင်းကြောင်း အင်္ဂလန်မကောင်းကြောင်း အနောက်နိုင်ငံတွေမကောင်းကြောင်း အရှက်ပြေ အွန်လိုက်ခွေးတွေအဖြစ် ဟောင်ကြရတော့တာပဲပေါ့ ။





-------------------------------------------------------------------------


အခုတော့ ဟန်မဆောင်နိုင်တော့ဘူး စစ်အာဏာရှင်တွေအားကိုးတဲ့ တယုတ်အဖေ သူတို့ပါပါကြိးက လေးဘက်ခွပြီး အသေဆော်ပြီလေ ။ စစ်သားမသာတွေ အလောင်ချင်းကို ထပ်နေပြီမဟုတ်ပါလား ။

ဟိုတနေ့က ပါကစ္စတန်ကို သွားကပ်တယ် ... တရုတ်နဲ့ဖြစ်နေတဲ့အပေါ်မှာ လိုအပ်တဲ့ လက်နှက်အကူအညီရချင်လို့ တိုက်လေယာဉ်အဝယ်ပြပြီး သွားစည်းရုံးတယ် ။ ဒါပေမယ့် တကယ်တရုတ်နဲ့ဖြစ်လာရင် ပါကစ္စတန်က တရုတ်ကိုထိပ်တိုက်ရင်ဆိုင်မှာမဟုတ်ဖူး ။ ဒီတော့ ပါကစ္စတန်ကို လိုအပ်တဲ့ စစ်လက်နှက်အကူအညီအချို့လောက်သာ မှီခိုနိုင်မှာ ဖြစ်ပါတယ် ။ ယုတ်စွအဆုံး ပါကစ္စတန်မှာရှိတဲ့ စစ်ရေးဆက်တလိုက်ဂြိုလ်တုသတင်းကိုတောင် တရုတ်ကိုတိုက်ဖို့အတွက် ပေးမှာမဟုတ်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ပါကစ္စတန်က တရုတ်နဲ့တွဲစပ်လုပ်နေတဲ့လုပ်ငန်းတွေကို အထိခိုက်မခံနိုင်လို့ပါပဲ။

အခုတော့ အမေရိကန်ခြေတလုံးကို ပြေဖက်ရပြီမဟုတ်လား ။ ကြည့်အုံးလေ အမေရိကန်က သဘောကျဖို့ဆိုပြီး သဘောကျရုံလေးအတွက်တောင် ဒေါ်လာ ရှစ်သိန်းအကုန်ကျခံပြီး ပွဲစားခေါ်ယူရတဲ့အဖြစ် တဲ့ဗျာ .. သောက်သုံးမကျပုံက အဲ့ဒီလောက် ခေါင်းမရှိတာလို့ပဲ ပြောချင်တယ် ။

တကယ်တော့ မြန်မာပြည်အတွက် အမေရိကန် အင်္ဂလန်အစရှိတဲ့ ဒီမိုနိုင်ငံကြီးတွေက တရုတ်ရဲ့ကျူးကျော်မှု့ကို မားမားမတ်မတ်ရပ်ပြိး ကာကွယ်ပေးဖို့က ငွေပေးပြီး စည်းရုံးခိုင်းလို့မရပါဘူး ။ သိက္ခာပေးပြီး စည်းရုံးမှ ရမှာဖြစ်ပါတယ် ။

ဒီနေရာမှာ သိက္ခာဆိုတဲ့စကားဟာ စစ်အာဏာရှင်လူတစုအတွက် နောက်ထပ်ဘယ်လိုပဲ ကမ္ဘာကိုလိမ်လိမ် ကမ္ဘာကြီးက ယုံကြည်စရာအကြောင်းမရှိနိုင်ပါဘူး ။ တကယ်လို့ အမေရိကန် အင်္ဂလန်လို နိုင်ငံတွေက ငွေပေးပြီးအောင်သွယ်ကောင်းလို့ ယုံစားမိခဲ့တယ်ဆိုရင်တော့ ထိုနိုင်တွေမှာ ရောက်ရှိနေကြတဲ့ မြန်မာဒီမိုသမားတွေနဲ့ ပြည်တွင်းဒီမိုသမားတွေရဲ့ ထောက်ခံမှု့မရရင် ဘယ်လိုမှ မအောင်မြင်နိုင်တာကို သဘောပေါက်သင့်တယ် ။

တကယ်တော့ တရုတ်က နောက်ကွယ်ကနေ ကိုးကန့်နဲ့ ဝဒေသဘက်ကနေပြီး စစ်ရေးအကြီးစားကြီးတရပ် ပြင်ဆင်နေပါပြီ .. အဲ့ဒီသတင်းကိုတော့ မြန်မာစစ်အစိုးရကလဲ သိပြီးဖြစ်ပါတယ် ။

မြန်မာစစ်တပ်က ကျဉ်ဖြုံးအားနဲ့ စစ်ရေးသုံးရေဒါစနစ်ကို ကောင်းမွန်စွာ မရှိသေးပါဘူး ။ အဲ့ဒီအတွက် ယူကေလို အမေရိကန်လိုနိုင်ငံကြိးတွေရဲ့ စစ်ရေးဗျူဟာသုံး စက်တလိုက်လိုအပ်သလို ခေတ်မှိစစ်လက်နှက်လဲ လိုအပ်ပါတယ် ။



-------------------------------------------------------------------------


ဥပမာ ယိုးဒယားကိုတိုက်ရင် ယိုးဒယားဘက်က နည်းပညာနဲ့ စစ်လက်နှက်ကို အမေရိကန်ကြီးနောက်ကနေ ရပ်တည်ပေးသလို ။ ဘင်းဂလားဒေရှ်ကိုတိုက်ရင်လဲ ပါကစ္စတန်က နည်းပညာနဲ့ စစ်လက်နှက်ရပ်တည်ပေးမှာ ဖြစ်ပါတယ် ။

အဲ့ဒီလို ယိုးဒယား ဘင်္ဂလာဒေရှ်တွေနဲ့တုန်းက တရုတ်ကို အဖေခေါ်ပြီး မြန်မာစစ်တပ်က ဖင်ယားပြနိုင်ခဲ့တယ် ၊ ပြခဲ့တယ်ပေါ့ ။

အခုတော့ တရုတ်က တက်ဆော်ပြီလေ ။ လေးဘက်ကုန်းပေမလား အသေခံမလား ပြန်တိုက်မလား ။ ပြန်တိုက်ချင်ရင်တော့ ဥရောပနဲ့ အမေရိကန်အစရှိတဲ့ နိုင်ငံကြီးတွေ ကိုယ်ဘက်မှာ ရှိနေဖို့လိုတယ် ။

အဲ့ဒီလိုရှိနေဖို့ လိုအပ်လို့ ကြားပွဲစားကို ဒေါ်လာရှစ်သိန်းအကုန်ကျခံပြီး စည်းရုံးခိုင်စရာမလိုပါဘူး ။ ထိလဲ လုံးဝမထိရောက်နိုင်ပါဘူး ။ ဟိုနိုင်ငံတွေက တရားဝင်လဲ ရပ်တည်ပေးမှာ မဟုတ်ပါဘူး ။

လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်လောက်က တရုတ်နိုင်ငံကနေပြီး အတုတွေ ကော်ပီတွေ အရမ်းလုပ်ပြီး အမေရိကန်ရဲ့ စီးပွားရေးကို တိုက်ခိုက်တာကြောင့် အမေရိကန်ဝန်ကြီးတဦးက တရုတ်ကို ကြိမ်းဝါးဖူးခဲ့တယ် ....

" မင်းရဲ့ အိမ်နီချင်းနိုင်ငံဖြစ်တဲ့ ဗီယက်နမ်ကို နည်းပညာနဲ့ လိုအပ်တဲ့ပစ္စည်းတွေကို အထောက်အပံ့ပေးပြီး ၁၀ နှစ်စီမံကိန်းနဲ့ ကုန်ထုတ်စွမ်းအား မြှင်တင်ပေးလိုက်ရင် မင်းတိုထက် အဆတရာ အမြတ်လျှော့ရောင်းပြီး အဆ ငါးဆယ်တူညီတဲ့ ကုန်ထုတ်စွမ်းအားမှာ လူဦးရေ အဆတထောင်ကွာခြားတဲ့ တိုင်းပြည်က မင်းတို့ကို ဘယ်လောက် ဒုက္ခပေးနိုင်တယ်ဆိုတာ သဘောပေါက်ရဲ့လား " လို့ မေးခွန်းထုတ်ခဲ့ဖူးပါတယ် ။

အဲ့ဒီလိုပါပဲ ... ထိရောက်ချင်တယ် ၊ ဟိုနိုင်ငံကြီးတွေက တရားဝင် ရပ်တည်ပေးစေချင်တယ် ၊ တရုတ်ကို လေးဘက်ကုန်းပေးရတာ နားမှန်း တကယ်သိတယ် ၊ မိမိစစ်သားလေးတွေ ကျဉ်ဆံတောင် ဘယ်ကလာမှန်းမသိပဲ အသက်တွေ သေနေရတာကို သနားတယ် ၊ တိုင်းပြည်ကို တကယ်ချစ်တယ် စေတနာရှိတယ် သစ္စာရှိတယ်ဆိုရင် ။ သေနတ်ကိုင်ထားပြီး လူမိုက်လုပ်နေတဲ့ ရွာသားသူပုန်အဆင့်ကို မေ့ပစ်လိုက်ပါ ။



-------------------------------------------------------------------------


ဥရောပနဲ့ အမေရိကန်ကို ထိုက်တန်တဲ့ ထိုင်ခုံတခုပေါ်ကနေ ထိုက်ထိုက်တန်တန် နိုင်ငံတော်၏ ခေါင်းဆောင်တယောက်အဖြစ် မြန်မာနိုင်ငံသားတယောက်ဖြစ်သူ ကမ္ဘာကြီးကလေးစားသူတယောက်ကို တရားဝင် စကားပြောခွင့်ပေးလိုက်ပါ ။

တရုတ်တွေဖင်ခေါင်းကျယ်တယ်ဆိုတာ မြန်မာတွေက တံတွေးထွေးပြီး သောက်ရေးမလုပ်လောက်တဲ့ လူမျိုးစုကြီးတစု အလိုလို ဖြစ်သွားပါလိမ့်မယ့် ။

( ဦးနိုင်ဝင်း လန်ဒန် )




-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org