ကလေးတွေတောင်သိတယ်

Soe Lwin Oo(30 June 15)




-------------------------------------------------------------------------


ဆရာမ ။ ။ ကဲ ပထမဆုံးမေးခွန်းမေးမယ် တရားပွဲသွား တရားနာရင် ဘာဖြစ်မလဲ ။
ကလေးများ ။ ။ လူသတ်ချင်ပါတယ် ချာမ

ဆရာမ ။ ။ ဟဲ့ ပလုတ်တုတ် ဘယ့်နှဲ့ လူသတ်ချင်တာတုန်း
ကလေးများ ။ ။ ဟုတ်ပါတယ်ချာမ တနေ့က တားတားဖေကြီး
ဟိုဘုန်းကြီးတရားနာရင်းနဲ့ ဒေါသတွေထွက်လာပြီး
လူသတ်ချင်တယ်လို့ ပြောပါတယ် ချာမ

ဆရာမ ။ ။ ဟယ် မဟုတ်တာ နိဗ္ဗာန်ရောက်မယ် လုပ်ပါကွဲ့ .. ကဲကဲ အာ့ဆို နောက်တစ်ခုဖြေ တရုတ်နိုင်ငံက ဆရာမတို့နိုင်ငံရဲ့ ဘယ်ဘက်မှာရှိသလဲကွဲ့
ကလေးများ ။ ။ အလယ်ပိုင်းမှာပါ ချာမ

ဆရာမ ။ ။ ဘယ်ကအလယ်ပိုင်းရမှာလဲ အရှေ့ဖက်မှာပါကွဲ့
ကလေးများ ။ ။ ဟာဂျာ ချာမကလဲ မန်းရေးက တားတို့နိုင်ငံအလယ်ပိုင်းဟုတ်ဘူးလားလို့

ဆရာမ ။ ။ ဟင် !! ကဲပါ နောက်တစ်ခုဖြေ .. ယိုးဒယားကိုသွားသိမ်းခဲ့တာ ဘယ်သူတွေလဲကွဲ့
ကလေးများ ။ ။ မြန်မာအိမ်ဖော်တွေပါ ချာမ



-------------------------------------------------------------------------


ဆရာမ ။ ။ ဟဲ့ ဘယ်က မြန်မာအိမ်ဖော်တွေတုန်း
ကလေးများ ။ ။ ဟုတ်ပါတယ် ချာမ တားတားတို့ မမ အဲ့နိုင်ငံမှာ အိမ်ဖော်သွားလုပ်တာ
ပန်းကန်တွေသိမ်း အိပ်ယာတွေသိမ်း အမှိုက်တွေသိမ်းရပါတယ်ချာမ အဲ့ဒါ
ယိုးဒယားသွားသိမ်းတာပေါ့ ချာမရဲ့

ဆရာမ ။ ။ ဆရာမမေးတာ အဲ့လိုဟုတ်ပါဘူးကွယ်... တော်ပြီ တော်ပြီ... ဒီတခါ
သင်္ချာမေးခွန်းလေးမေးမယ် သစ်တစ်ပင်ခုတ်ရင် ထောင်ဘယ်နှနှစ်လဲကွဲ့

ကလေးများ ။ ။ သုံးနှစ်ပါ ချာမ

ဆရာမ ။ ။ ကဲ အာ့ဆို အပင် တစ်သိန်း ခုတ်ရင်ရောကွယ်
ကလေးများ ။ ။ ဂုဏ်ထူးဆောင်ဆု ရပါတယ် ချာမ

ဆရာမ ။ ။ ဒါက ဒီလိုရှိတယ်လေကွယ် ကဲ ထားပါတော့ ထားပါတော့ ...
ဆရာမတို့နိုင်ငံမှာ အပေါဆုံးအရာက ဘာတွေလဲကွဲ့
ကလေးများ ။ ။ သူခိုးတွေပါ ချာမ

ဆရာမ ။ ။ ဟဲ့ သဘာဝ သယံဇာတတွေ လုပ်ပါကွယ်
ကလေးများ ။ ။ အဲဒါတွေက ခုန သူခိုးတွေ ခိုးလို့ ကုန်တွားပါပြီ ချာမ

ဆရာမ ။ ။ ဟင် (ဟုတ်သလိုလိုဘဲ ဟဲ့ ) သားသားတို့ မီးမီးတို့ အမျိုးဘာသာကို ချစ်ရင် ဘာလုပ်ရမလဲကွယ်
ကလေးများ ။ ။ ကုလားကို အော်ဆဲရပါမယ် ချာမ

ဆရာမ ။ ။ ဟဲ့ ဘယ်ကဟုတ်ရမှာလဲကွယ်
ကလေးများ ။ ။ ဟုတ်ပါတယ် ချာမ ဟိုတလောက မြို့လယ်ခေါင်မှာ တုတ်တွေ ဓားတွေကိုင်ပြီး
ကုလားတွေကို ဆဲနေကြတာ အဲဒါ တားဖေဖေကိုမေးကြည့်တော့ အမျိုးကို
ချစ်လို့ ဆဲနေကြတာပါတဲ့ ချာမ



-------------------------------------------------------------------------


ဆရာမ ။ ။ ကဲ... တော်ပြီ တော်ပြီ နောက်ဆုံးတခုဘဲ မေးတော့မယ်
ဒီတခါ မှန်အောင်ဖြေကြနော် ဘုရား တရား သံဃာ အပြင် တခြား ဘယ်သူတွေကို ကြည်ညိုရမလဲကွဲ့
ကလေးများ ။ ။ နိုင်ငံဒေါ် ပါ ချာမ

ဆရာမ ။ ။ ဟဲ့ ဘယ်က နိုင်ငံတော်က ပါလာရတာတုံး မိဘရယ် ဆရာရယ် မဟုတ်ဘူးလားဟဲ့
ကလေးများ ။ ။ မိဘ ဆရာ မကြည်ညိုလို့ ဘာမှ မလုပ်ပါဘူး ချာမ နိုင်ငံဒေါ်က သူ့ မကြည့်ညိုရင် ထောင်ထဲ ထည့်ပါတယ် ချာမ

ဆရာမ ။ ။ သေစမ်းဟဲ့ ရပ်ကွက်လူကြီးတွေ


Credit - Dino Ranger



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org

From - Van Lyan