စေတနာ အကျိုးပေး

Shwe Ba(19 January 15)




---------------------------------------------------------------------

တရက် ဥရောပကို ပျံသန်းလာတဲ့ လေယာဉ်တစင်းမှာ လူငါးဦးပဲ ပါ ပါတယ် …။ သူတို့ကတော့ … ၁။ ဂျနီဖာလိုပက် ၂။ အိုဘားမား ၃။ ဦးသိန်းစိန် ၄။ ဒေါ်အောင်ဆန်းစုကြည် နဲ့ ၅။ ၁၀ နှစ်သမီးအရွယ် ကျောင်းသူလေး တို့ပါပဲ …။

လေယာဉ်ဟာ ပေ ၂၀ဝ၀ဝ ကျော် အမြင့်က ပျံသန်းလာရင်း ရုတ်တရက် စက်ချို့ယွင်းသွားပါတယ် …။
လေယာဉ်မှူးဟာ ခရီးသည်များကို ကြေငြာပါတယ် ။

“ လက်ရှိ လေယာဉ်ဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မကြာခင် ပျက်ကျပါတော့မယ် …။ ဒီအတွက် ကျနော် စိတ်မကောင်းပါဘူး ။ ကျနော်လည်း မတတ်နိုင်တော့ပါဘူး ။
အားလုံးလေယာဉ်ကို စွန့်ခွာရုံပဲ ရှိပါတော့တယ် … ဒါပေမယ့် ဒီ လေယာဉ်ပေါ်မှာ ခရီးသည်အတွက်လေထီးက လေးခုသာ ပါ ပါတယ် ။ ဒီတော့ ခင်ဗျားတို့ထဲက တယောက်ကတော့ မဖြစ်မနေ အနစ်နာခံပေးရပါလိမ့်မယ် ”

အားလုံး ခဏတော့ တိတ်ဆိတ်သွားတယ် ။
ဂျနီဖာလိုပက်က စပြောတယ် ။

“ ကျမနဲ့ ကျမ သီချင်းသံကို နားထောင်ဖို့ ပရိတ်သတ် သန်းပေါင်းများစွာက မျှော်နေကြပါတယ် ။ ကျမ သေလို့ မဖြစ်သေးပါဘူး ။ ဒါကြောင့် လေထီးတခုကို ယူပါတယ် ” ဆိုပြီး လေထီးတခုကို ယူပြီး ခုန်ချ သွားပါသတဲ့ ။

ဒုတိယ ။ အမေရိကန် သမ္မတ အိုဘားမား က ပြောတယ် ။ “ ကမ္ဘာကြီး ငြိမ်းချမ်းဖို့နဲ့ ကမ္ဘာ့လူသားများကို ကယ်တင်ဖို့ ကျနော် ရှိမှ ဖြစ်မှာပါ ။ ဒါကြောင့် ကျနော် လေထီးတခုယူပါတယ် ” ဆိုပြီး ဆွဲယူ ခုန်ချ သွားပြန်ပါတယ် ။

တတိယ ။ မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန် ကပြောတယ် ။ “ ကျနော်တို့ မြန်မာနိ်ုင်ငံမှာ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်အောင် လုပ်ဖို့ ကျနော်မှာ တာဝန်ရှိပါတယ်။ မိဘပြည်သူများကလည်း ကျနော့်ကို မျှော်နေကြမှာပါ ။ ဒီတော့ ကျနော် တခု ယူမယ် ” ပြောပြီး တခုကို ဆတ်ကနဲ့ဆွဲယူ ခုန်ချ သွားပြန်ပါတယ် ။





---------------------------------------------------------------------

ဒီအခါမှာ ဒေါ်စုနဲ့ ကျောင်းသူလေးသာ ကျန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် ။

“ သမီးရေ … အန်တီကို ကမ္ဘာကြီးက လိုအပ်တယ်ပဲ ပြောပြော၊ မြန်မာတနိုင်ငံလုံးက လိုအပ်တယ်ပဲ ပြောပြော ။ အန်တီက အသက်ကြီးပါပြီ ။ နှစ်ပေါင်းများစွာ ဘဝရဲ့ အကောင်းအဆိုးတွေ ကိုလည်း ခံစားခဲ့ဖူးပါပြီ ။ ဒါကြောင့် သေမယ်ဆို သေပျော်ပါပြီကွယ် သမီးလေးကတော့ ခုမှ တကယ့် ကလေးလေး ။ ဘဝရဲ့ အစ။ အညွန့်အဖူးလေးပါ ။ သမီးရဲ့ ဘဝသက်တမ်းဟာ ဒီလောက် တိုတိုလေး မဖြစ်သင့်ပါဘူး ။ ကဲ ဒီတော့ သမီးလေး ကျန်တဲ့ လေထီးတခုကိုယူပြီး ခုန်ဆင်းသွားပါကွယ် ။ လူသားကောင်းကျိုး သယ်ပိုးနိုင်တဲ့ သမီးလေး ဖြစ်ပါစေကွယ် ”
ဒီလို ပြောလိုက်တဲ့ အခါ ကျောင်းသူလေးက ရယ်တယ်။
ပြီးတော့ ပြောတယ် ။

“ မဟုတ်သေးဘူး အန်တီရဲ့ ။ ခု ဒီလေယာဉ်ပေါ်မှာ လေထီးနှစ်ခု ကျန်ပါသေးတယ် အန်တီ … အန်တီကော သမီးကော မသေပါဘူး ရှင့် ”
ဒေါ်အောင်ဆန်းစုကြည် တအံ့တသြနဲ့ မေးတယ် ။

“ ဟင် ဘာဖြစ်လို့ … ”
သမီးလေးက ပြန်ဖြေတယ်။

“ ဘာဖြစ်ရမလဲ အန်တီရယ် ။ ဟို ထိပ်ပြောင်ပြောင်နဲ့ မြန်မာသမ္မတဆိုတဲ့ လူကြီးပေါ့ … ကြောက်အားလန့်အားနဲ့ သူလေထီးတခု မရမှာစိုးလို့ ဆတ်ကနဲ့ ဆွဲယူသွားတာ … လေထီးမှ မဟုတ်တာ … အဲဒါ သမီး ကျောပိုးအိတ်လေ အန်တီရဲ့ ”

( အားလုံး ပြုံးပျော်စေဖို့ ဟာသ အဖြစ်သာ )
Credit>>>>>>>Shwe Ba



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org