(28 November 14)


မြန်မာ့ ပထမဆုံးများ
-------------------------------------------

Soe Lwin Oo

ကမ္ဘာပေါ်မှာ မရှိတဲ့ မြန်မာ့ရေးရာများ-
======================
(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။

(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘဝ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။

(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။






(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည် မြန်မာနိုင်ငံတွင်သာရှိသည်။

(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။

(၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည် ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။

(၇) ကမ္ဘာပေါ်တွင် ဝါးတားဂိတ် (ဝါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်) အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။

(၈) လေအေးစက်တပ်ထားသော အခန်းများတွင် နောက်မှီ ကုလားထိုင်ပေါ်ထိုင်၍ တောင်းစားသော သူတောင်းစားများမှာ မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။

(၉) နောက်ဖေးလမ်းကြားထဲသို ့တိုက်ပေါ်မှအမှိုက်ပစ်ချသော အမှိုက်စွန် ့စံနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။

(၁၀) ဒီမိုကရေစီပါလီမန်ဟုဆိုသော လွတ်တော်ထဲတွင် (၂၅%) သော စစ်ယူနီဖေါင်းဝတ်ထားသူများ မျက်နှာမာများနှင့် မျက်နှာပြောင်တိုက် ထိုင်နေသော ဒီမိုကရေစီလွှတ်တော်သည် ကမ္ဘာ့ပထမဆုံးသော ဒီမိုကရေစီလွှတ်တော်ဖြစ်သည်။



(၁၁) အိမ်သာများတွင် နိုင်ငံခြားသားအတွက်သီးသန် ့ (Foreigner Only)ဟုခွဲခြားသောဆိုင်းဘုတ်များသည် မြန်မာတနိုင်ငံတည်းတွင်သာရှိသည်။

(၁၂) မြို ့လည်ခေါင်တွင် ခရီးသည်တင်ကားများကို လက်တား၍ ပိုက်ဆံတောင်းသော ဓါးပြများကိုမဖမ်းပဲခွင့်ပြုထားသော တိုင်းပြည်သည် မြန်မာပြည်ဖြစ်သည်။

(၁၃) ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရဆုံးတိုင်းပြည်မှာမြန်မာပြည်ဖြစ်သည်။

(၁၄) ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှင့် Overseas PhoneCall ဈေးအကြီးဆုံးမှာ မြန်ပြည်ဖြစ်သည်။

(၁၅) ဈေးဝယ်ပြီး ငွေအကြွေ မအမ်းနိုင်၍ပစ္စည်းနှင့်လဲလှယ်သော စနစ်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်၌သာရှိသည်။

(၁၆) မိမိလူမျိုးကိုသတ် ၊ မိမိဘာသာ သာသနာကို ပြန်စော်ကားတဲ့ အစိုးရသည် မြန်မာပြည်တွင်ဖြစ်သည် ။

(၁၇) အာဏာရူးလောဘရူးများကို တရိုတသေဖြင့် "အဘ" ဟုခေါ် ရသော ကမ္ဘာ့အယဉ်အကျေးဆုံး တိုင်းပြည်သည် မြန်မာပြည်ဖြစ်သည်။

(၁၈) "လာဘ်ပေးရန်မလို" (လာဘ်ပေးလျှင် ရန်မလို) "လာဘ်ပေး ရန်မလို"ဟူသော အဓိပ္ပါယ်ရသည့်ဆိုင်းဘုတ်များကို ရုံးဌာနများတွင် ပြောင်ပြောင်တင်းတင်း ကပ်ထားသည့် ကမ္ဘာတွင် တခုတည်းသောတိုင်းပြည်ဖြစ်သည်။

(၁၉) ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပိုင်ရှင်ရှိနေသည့် ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေသောတိုင်းပြည်ဖြစ်သည်။






(၂၀) ဖိနပ်များကိုသဲကြိုးပြန်တပ်၍ စီးခြင်း၊ တခါသုံးဓါတ်ငွေ ့ မီးခြစ်များကိုဓါတ်ငွေ ့နှင့်မီးခြစ်ကျောက်များပြန်ထည့်၍ အသုံးပြုသောစံနစ်တို ့အား မြန်မာနိုင်ငံမှ စတင်ခဲ့သည်။

(၂၁) အကြော်များအား တာရှည်ခံရန်အတွက် ပလတ်စတစ် ကြွတ်ကြွတ်အိတ်များအား အကြော်ဆီအိုးထဲတွင်ထည့်ကြော် သော နည်းစံနစ်ကို မကြောက်မလန် ့- မြန်မာနိုင်ငံတွင် ပထမဆုံး တည်ထွင်ကြံဆ အသုံးချခဲ့သည်။

(၂၂) တတိုင်းပြည်လုံးနီးနီးမှောင်နေသော်လည်း လျှပ်စစ်ဓါတ်အားများ ပိုလျှံနေ၍ နိုင်ငံခြားသို ့တင်ပို ့ရောင်းချနေသည့် ထူးခြားသော တိုင်းပြည်ဖြစ်သည်။

(၂၃) တိုင်းပြည်တွင် ရေနံ နှင့် သဘာဝဓါတ်ငွေတို ့အလျှံပယ် ထွက်ရှိနေသော်လည်း နိုင်ငံခြားမှ ဒီဇယ်ဆီဝယ်သုံးနေသည့် အလွန်ချမ်းသာသောတိုင်းပြည်ဖြစ်သည်။
(မှတ်ချက်။ ဒီဇယ်ဆီကို အန္ဒိယမှဝယ်ပါသည်)

(၂၄) ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့် အာဏာရသွားသော အစိုးရအုပ်ချုပ်သည့် ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ဒီမိုကရေစီတိုင်းပြည်။

(၂၅) လက်မူ ့လယ်ယာမှစက်မူ ့လယ်ယာသို့ဟုကြွေးကြော်ကာ ဘိုးဘွားပိုင်ဓါးမဦးချ လယ်ယာမြေများကို ခရိုနီများနှင့်အာဏာပိုင်များ ပေါင်းကာ သိမ်းယူ၍ စက်မူလယ်ယာစံနစ်ကိုအကောင်အထည်ဖေါ် သော ထူးခြားသည့်နိုင်ငံဖြစ်သည်။

(၂၆) နိုင်ငံအတွင်း ဆင်းရဲမှူ့ ပပျောက်ရေးဟု ကြွေးကြော်ပြီး အခြေခံလူတန်းစားများ နေထိုင်ပိုင်ဆိုင်သော အိမ်ယာမြေများကို ဥပဒေအသစ် ပုဒ်မအသစ်များတပ်၍ သိမ်းယူကာ ဆင်းရဲမူ ပပျောက်အောင် ဖေါ်ဆောင်သောစံနစ်သည် ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။



(၂၇) ကုန်း/ရေ နှစ်မျိုးသွား (Amphibian) လူစီးဘတ်စ်ကား များအားကမ္ဘာပေါ်၌ မြန်မာနိုင်ငံတွင်ပထမဆုံးအသုံးပြုနိုင်ခဲ့သည်။

(၂၈) " မြေကြီးက ရွှေသီးလို့ ပြည်ဝမ်းဝနေဆိုတဲ့" သီချင်းအား ရုပ်မြင်သံကြားတွင် သတိယတိုင်းလွှင့်နေပြီး ပညာတတ်များနှင့် အရွယ်ရောက်သူ (၅) သန်း ကမ္ဘာပတ် ကျွန်ခံနေရသောတိုင်းပြည် ဖြစ်သည်။

(၂၉) မြန်မာနိုင်ငံသည်လျှပ်စစ်မီးသီးကိုတီထွင်ခဲ့သော အမေရိကန်နိုင်ငံသား သောမတ်စ်အက်ဒီဆင်အား ဂုဏ်ပြုဆုံးသောတိုင်းပြည်အဖြစ် မှတ်တမ်းတင် ထားခြင်းခံရသည်။
(အက်ဒီဆင်အားဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ ့တွင် အမေရိကန်နိုင်ငံ၌ လျှပ်စ်မီးကိုငါးမီးနစ်တိတိ ဖြတ်တောက်ထား ခဲ့ဖူးပါသည်)။

(၃၀) ငွေမပေးနိုင်လျှင်အကူအညီမပေးသော၊ ဘာတစ်ခုမှစေတနာဖြင့် ကူညီဖေါ ်မရသောသူများက "ကူညီပါရစေ" ဆိုင်းဘုတ်အား မူပိုင် ယူထားသည်မှာလည်း မြန်မာနိုင်ငံတခုတွင်သာရှိပါသည် ။

(၃၁) (၂၁) ရာစုတွင် ကျောင်းသားများအားတန်းစီ၍ (ဘယ်ပြန်ညာပြန် ဒုတိယကမ္ဘာစစ်က ဖက်ဆစ်ဂျပန်စတိုင်) ပါးရိုက် သော ဆရာမမျိုးသည်လည်းကမ္ဘာတွင် မြန်မာနိုင်ငံမှ ပထမဆုံး ပေါ်ထွန်းခဲ့သည်။
(မှတ်ချက်။ ရန်ကုန် TTC ကျောင်းဆရာမ)

(၃၂ ) လမ်းပေါ် မှဆိုင် ကယ် ကို လေ ယာဉ် မှ ဝင် တိုက် ေ သာ ပထမ ဆုံး နိင် ငံ မှာ မြန် မာ နိင် ငံ ဖြစ် သည် ။

(၃၃) တိုင်းပြည်ကို နှစ်ပေါင်း ၂၀ ကျော် အုပ်ချုပ်ပြီး စကား(မိန့်ခွန်း) တစ်ခွန်းမှ ပြောမသွားသည့် ပုဂ္ဂိုလ်ထူး ရှိသော နိုင်ငံသည် မြန်မာပြည်တွင်ရှိပါသည် ။

.
.
Nan Su