မိန်းမနဲ့‬ ကလေးတွေ ရှိသေးတယ်.

Mc wai yan(18 October 14)



----------------

မိန်းမနဲ့‬ ကလေးတွေ ရှိသေးတယ်..

မြန်မာစစ်ဗိုလ်ချုပ်ရယ်၊ ထိုင်းစစ်ဦးစီချုပ်ရယ် မြဝတီမှာတွေ့ ကြတယ်။ သူတို့နှစ်ယောက်မူးလာ တော့ သူတို့ စစ် သားတွေဘယ်လောက် အမိန့်နာခံကြောင်း အကြွား ပြိုင်ကြသတဲ့ …

ထိုင်း စစ်ဦးင်္စီးချုပ်က သူ့ စစ်သားတယောက်ကို ခေါ် လိုက်ပြီး …
ထိုင်းစစ်ဦးစီချုပ် …
“မင်းခြေတောက်ကို မင်း သေနပ်နဲ ့ ပစ်ချိုးပြလိုက်စမ်းလို့” အမိန့်ပေးသတဲ့

ထိုင်းစစ်သားက …
“ကျနော်မှာ မိန်းမနဲ ့ကလေးတွေ ရှိသေးတယ်”
ဆိုပြီး မလုပ်ဘူးတဲ့။
ဒီတော့ ထိုင်းစစ်ဦးစီးချုပ် မျက်နှာပျက်သွားတယ်။

ဒီအခါမှာ မြန်မာစစ်ဗိုလ်ချုပ် က မြန်မာစစ်သားတယောက်ကိုခေါ်လိုက်ပြီး
“မင်းခြေထောက်ကိုမင်း သေနပ်နဲ ့ ပြစ်ချိုး လိုက်စမ်း”

လို့ အမိန့်ပေးလိုက်တဲ့အခါမှာ မြန်မာစစ်သားက စဉ်းစားမနေဘူး …
“ဒိုင်း”

ကနဲ ဆိုပြီး သေနပ်နဲ ့သူခြေထောက်ကို သူဖါသာသာသူ ပစ်ချိုးလိုက်သတဲ့။

မောင်အေး က …
“ငှဲ ငှဲ ငှဲ ငှဲ”

နဲ့ ထိုင်းစစ်ဦးစီးချုပ်ကို ပြုံးပြလိုက်သတဲ့။

ထိုင်းစစ်ဦးစီးချုပ်လည်း အရှက်ကွဲသွားတယ်။ ပြီးတော့ မြန်မာစစ်သားကို မဲဆောက် ဆေးရုံကို တင်ပေးဖို့ခေါ်လာရင်း လမ်းမှာ ထိုင်းစစ်ဦးစီးချုပ်က … “မင်းနဲ ့ ကွာ ဘာကြောင့်မစဉ်းမစား သူအမိန့်ပေးတိုင်း ခြေထောက်ကို ပစ်ချိုးလိုက်ရ တာလဲ” လို့ မေးသတဲ့

မြန်မာစစ်သားက မျက်နှာကိုရှုံ့မဲ့ရင်း …
“ကျနော့်မှာ မိန်းမနဲ ့ကလေးတွေ ရှိသေးတယ် ခင်ဗျ”
လို့ ပြန်ဖြေသတဲ့။

ကဲ ဘယ်လိုလုပ် မလည်း နော်
ပြုံးပျော်နိုင်ကြပါစေ
Crediy-Mc wai yan!