ဒို့ ဖေ ဖေ

ကြက်ဖကြီး(26 September 14)


ဓါတ် ငွေ့ရေနံ ၊ အပီကြံ
ပြဿနာရှာ ပေ..ဒို့ ဖေ ဖေ။

ပိုက်လိုင်းဆက်ရေး၊မြွေဖမ်းပေး
ရန်တိုက်တတ် ပေ..ဒို့ ဖေ ဖေ။

ကြေးနီလယ်သိမ်း၊သင်္ကန်းရွေး
မီးဗုံးခွဲ ပေ..ဒို့ ဖေ ဖေ။

တရုတ်အ ရေး၊အ လေး ပေး
ဖော်လံဖား ပေ..ဒို့ ဖေ ဖေ။

ဝါဒ သွေးခွဲ ၊ တရားပွဲ
မဖမ်းခဲ့ ပေ...ဒို့ ဖေ ဖေ။

တိုင်းပြည်အေးချမ်းကြွေးကျော်လွှမ်း
မီးလောင် တတ် ပေ..ဒို့ ဖေ ဖေ။

ဆူပူသောင်းကျန်းမြန်ပြည်တဝှမ်း
မိန့်ခွန်းပြော ပေ..ဒို့ ဖေ ဖေ။

ပြည်ပထွက်ပေး၊တိုင်းပြည်ရေး
မီးရိူ့တတ်ပေ..ဒို့ ဖေ ဖေ။

ဆူပူအုံကြွ၊လူသတ်မှ
ပုဒ်မ ထုတ် ပေ..ဒို့ ဖေ ဖေ။





-------------------

ဖမ်းမယ်ဆီးမယ်၊လုပ် ရှာတယ်
တရားခံမမိ ပေ..ဒို့ ဖေ ဖေ။

ဘတ်ဂျက်ကုန်လို့၊ပြည်ပ ဂိုး
တောင်းစားပါ လေ..ဒို့ ဖေ ဖေ။

အပစ်ခတ် ရပ်ပေး၊ငြိမ်းချမ်းရေး
ဗုံးကြဲပါလေ..ဒို့ ဖေ ဖေ။

တန်းဖိုးနည်းဖုန်း၊ရောင်းလို့သုံး
တစ်သိန်းကျော် ပေ..ဒို့ဖေ ဖေ။

အိမ် ရာ အဖိုးနည်း၊ဆောက်လုပ်ဆဲ
ငါးရာကျော် ပေ..ဒို့ ဖေ ဖေ။

လက်အောက်ငယ်သား၊ဗြောင် ညာစား
မသိတတ် ပေ..ဒို့ ဖေ ဖေ။

ငါးနှစ်သက်တမ်း၊တစ်ဝက်လှမ်း
တိုင်းပြည်ပျက် ပေ..ဒို့ ဖေ ဖေ။

ရသမျှငွေဗုန်း၊အပီကြုံး
စေတနာကြီး ပေ..ဒို့ ဖေ ဖေ။

တိုင်းရင်းသား အ ရေး၊အ လေးမ ပေး
ဂိုင် စိ ကွေး နေ..ဒို့ ဖေ ဖေ

photo.. ကြက်ဖကြီး





-------------------