မြန်မာပြည် လိုနေသည်က….

မင်းတာရာ(14 September 15)


ကိုယ့်အသွေးကိုယ့်အသားကို တကျွတ်ကျွတ်ဝါး
စနစ်တကျ အရိုးထိစားနေတဲ့ ကြောင်စုန်း………
အပူရှိန်ပြင်းအနူမြူမီးတောင်ကြီးတလုံးလို
အဆိပ်ငွေ ့တွေဝေ နီးစပ်ရာတွေကိုလောင်ကျွမ်းစေခဲ့..။

ကြယ်စင်ပျိုတွေရဲ ့ အဖြူရောင်အာရုဏ်ခင်းတွေကို
အရိုင်းဆန်ဆန်ရုန်းရင်းဆန်ခပ်တွေ မုန်တိုင်းဆင်ရိုက်ပုတ်
အစုတ်စုတ်အပြတ်ပြတ်တွေနဲ ့ရစ်ပါတ်
စလုံးရေး စသတ်စစ် မပေါင်းတတ်ခဲ့ကြလည်း
အလူးအလဲ စစ်ရဲ ့ဒါဏ်ရာဒဏ်ချက်တွေနဲ ့….။






--------------------------------------------------------------------


ခင်ဗျားကြောင့်ပေါ့…ပြည်တွင်းစစ်..!
အဖေ မေများစွာတို ့ရဲ ့မျက်နာများစွာမှာ
သားသမီးများစွာတို ့ရဲ ့မျက်နာများစွာတို ့မှာ
ချစ်သူများစွားတို ့ရဲ ့မျက်နာများစွာတို ့မှာ..
သောကအငွေ ့ပျံ အပူရည်တွေရွဲလျှံနေရ…။

အမှန်တရားခင်ဗျား…..
အမှောင်အားသာလို ့ အလင်းငုတ်လျှိုး
ရမ္မက်လောင်မြိုက် အတ္တအမည်းရောင်အာက်
ကိုယ်ရောင်ပျောက်နေရရှာပြီးပြီမို ့လေ………..?။






--------------------------------------------------------------------


စနစ်အမှားနဲ ့ စစ်ကစားမှုတွေအောက်
ရွှေရောင်စပါးခင်းတွေက အရိုးအပြိုင်းပြိုင်းနဲ ့စစ်တလင်း
ရာသီထိမ်း သစ်တောစိမ်းစိမ်းတွေက ငုတ်တိုနဲ ့ချိုင့်ခွက်
အငိုငိုအရီအရီနဲ ့
ရွာပြေးရွာရှောင်များရဲ ့မနက်ခင်းတွေက ကျီးသံတဝဲဝဲမို ့
ကတိတွေကို ကတိတွေနဲ ့ ကတိတည်
အာမခံချက်တွေကို အာမာခံချက်တွေနဲ ့အာမာခံ
ငြိမ်းချမ်းရေးကို ငြိမ်းချမ်းခြင်းတွေနဲ ့ငြိမ်းချမ်းစေ
လွတ်လပ်ရေးရဲ ့ဖွါးဖက်တော် ပြည်တွင်းစစ်ချုပ်ငြိမ်း
စစ်ငြိမ်းမြန်မာပြည် မကြာမီဖြစ်ပါစေတော့…ဖြစ်ပါတော့…..။



မင်းတာရာ





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org