ကြာတောမှာ ရွာတဲ့မိုး

(30 June 15)




-------------------------------------------------------------------------


အပူပြိုင်ပွဲ
------------
(၁)
ချောင်ထဲ ငါးရှာသာထွက်တယ်... အဆင်ပြေတယ်မရှိပါဘူး
သားသမီးတွေကကြီးလာတော့
စါရိတ်ကကြီးလာ
ဒီတော့အတိုးနဲ့ငွေချေး...
အကြွေး သံသရာလည်နေတာပဲဗျာ..
သမကအကြွေးကပိုကြောက်ဖို့ကောင်းတယ်...

(၂)
တောကကျောင်းဆရာဘဝ
ရတဲ့လစာနဲ့မလောက်ပါဘူးဗျာ
အကြီးကတက္ကသိုလ်တက်နေတာ
အလတ်ကဆယ်တန်း
အငယ်ကရှစ်တန်း
ကျောင်းဆရာကထွက်ပြီး
တခြားအလုပ်ပြောင်းလုပ်ပြောင်းရင်ကောင်းမလားပဲ...
အဆင်ပြေရင်တော်ရဲ့ အဆင်မပြေရင်
မျောက် သစ်ကိုင်းလွှတ်မှာ...

(၃)
ရတဲ့လစာသာလူသိတာ
အခုခေါတ်ကုန်ဈေးနှုံးနဲ့ သမီးကျောင်းစါရိတ်
သားကျောင်းစါရိတ်
ကျူရှင် ဂိုက် ဝိုင်း
ဘာတွေမှန်းလည်းမသိပါဘူး
ရတဲ့လစာနွေးအောင်မကိုင်လိုက်ရဘူး..

(၄)
လုပ်အားခကကြီး
စါရိတ်တွေကက်
အခွန်တွေကအမျိုးမျိုးပေးနေရတယ်
လူကြီးတွေကိုလည်း
ရာသီစုံမှာ ကန်တော့ရအုန်းမှာ
မနှစ်က ဟိုအဘက သူ့ကိုကန်တော့တာနည်းလို့
ဆုတောင်ဖြောင့်အောင်မပေးဘူး
ဒီနှစ်တော့သတိထားရမယ်...
အမြတ်ကအရင်လိုမမြတ်တော့ဘူး
သားသမီးတွေရဲ့နိုင်ငံခြားကျောင်းစရိတ်ကမသေးဘူး...



-------------------------------------------------------------------------


(၅)

မင်းတို့အနိုင်ရမှဖြစ်မှနော်
မြဲမြဲမှတ်ထားကြ...
ဟိုပါတီနိုင်ရင်ဒုက္ခရောက်လေ့မယ်..
အခြေခံဥပဒေကိုပြင်ဖို့မကြိုးစားနဲ့
မင်းတို့ငါတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို
ထိမ်းသိမ်းရမယ်... ဒီတစ်လမ်းပဲရှိတယ်...
ပိုက်ဆံရှိတိုင်းလုပ်လို့ရတဲ့ခေါတ်မဟုတ်တော့ဘူး
ရတဲ့ပိုက်ဆံတွေက အဆိပ်ဖြစ်နိုင်တယ်
ဒါကိုမြဲမြဲမှတ်ထားကြ.....

(၆)
ဪအပူဆိုတာ
အလွှာစုံမှာရှိနေပါလား....
အပူများ လျှော့ကျနိုင်ကြပါစေ....

Ko Mg Ko


++++++++++++++++++++


ကြာတောမှာ ရွာတဲ့မိုး
=============
မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီက
ကြာတောမှာ ကွက်ပြီးရွာတဲ့မိုးနဲ့
အတော်တူသဗျာ...။

စိုခြင်တဲ့နေရာလေးတွေမှာကွက်ပြီး
စိုနေသလို....
ခြောက်သွေ့နေတဲ့နေရာတွေမှာ
မိုးတစ်ပေါက်တောင် ကျမလာဘူး...။



-------------------------------------------------------------------------


အာဏာရှင်တွေ...
အာဏာပိုင်တွေနဲ့. အလွမ်းသင့်ပြီး...
ဂွင်ကောင်းမိ ကြီးပွားနေကြသူတွေအပေါ်မှာ
အကြင်နာမိုး ရွာသွန်းဖြိုးနေပေမဲ့.....၊

လယ်သိမ်းခံရ၊ယာသိမ်းခံရ၊
တဲလေးကို ဘူဒိုဇာနဲ့အထိုးခံရ၊
လစာနည်းလို့ဆန္ဒပြမိတာနဲ့အဖမ်းခံရ၊
အမျိုးသားသီချင်းဆိုမိလို့ထောင်ချခံရ၊
အရေကြည်ဖုတွေပေါက်အောင်လမ်း
တွေလျှောက်လာလို့အရိုက်အနှက်ခံရပြီး
ထောင်ထဲအထည့်ခံနေရတဲ့သူတွေအတွက်
ကတော့....
ခြောက်သွေ့နေဆဲပေါ့လေ...။

ထို့တူပါပဲ...
သာမန်ပြည်သူတွေရဲ့ဘဝဟာလည်း
အခြိမ်းအခြောက် အဟိန်းအဟောက်
ခံနေရမှုတွေက
လျော့ကျမသွားနဲ့အပြင်...၊

ဘယ်သူသေသေ
ငတေတို့က မာမာပဲ လုပ်နေကြတော့...၊

မြန်မာနိုင်ငံရဲ့
ဒီမိုကရေစီဆိုတာ....
ကြာတောမှာ ကွက်ပြီးရွာတဲ့မိုးလို
စိုချင်တဲ့နေရာစိုပြီး
ခြောက်နေတဲ့နေရာတွေမှာကတော့.......။

ZawWin Hlaing.

++++++++++++++++++++


အမိန့်နာခံသူကြီးသို ့
-------------------------
နောက်ကြောင်းလှန်မှာကြောက်
ကောက်ကြောင်းကျန်တာဖျောက်
လျှောက်ဗြောင်းဆန်ကာနှောက်ရင်း..။

ဝေဖန်တာကို ခြေကန်အငြင်းဖွဲ ့
ဝေဖန်တာကို လေကန်ရင်းနဲ ့
ဝေဖန်တာကို အဖြေမှန်မရှင်းခဲ့။



-------------------------------------------------------------------------


စနစ်ကြောင့် မဲကျလိုကျ
စနစ်ကြောင့် လွှဲချလိုချ
စနစ်ကြောင့် ဆွဲပြလိုပြနဲ ့။

အဓိပ္ပာယ်မဲ့ ဆင်ခြေတွေကဲ
အဓိပ္ပာယ်မဲ့ အမြင်တွေဝေမြဲ
အဓိပ္ပာယ်မဲ့ ယှဉ်ဖြေနေဆဲ။

ပြုံးမဲ့မဲ့မျက်နှာနဲ့....
မပြတ်ဖိဆဲအခါတုန်းက အလွန်မတန်ကဲ
ကပ်ငြိစွဲပါရုန်းမရ မလွန်ဆန်ရဲ
သတ္တိနည်းတာ လုံးဝ ဝန်မခံဘဲ
အသုံးမကျ မစွံသဏ္ဍာန်မြဲ ဖိန့်ကာဖိန့်ကာ
လှိမ့်ကာလိမ့်ပါလာပြန်ရင်း
အမိန့်နာခံခြင်းလို့ ဆိုတုန်းပဲလားလေ.... ။ ။

မြက်ရိုင်း



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org

From - Van Lyan