သင်တို့နဲ့ ငါတို့

(18 June 15)




-----------------------------------------------------------------------

သင်တို့နဲ့ ငါတို့
-----------------------------------
သင်တို့မှာ သေနတ်များစွာရှိတယ်
ငါတို့မှာတော့ ပါးစပ်များသာရှိတယ်
သင်တို့မှာ ဥပဒေတွေနဲ့ ပုဒ်မတွေရှိတယ်

ငါတို့မှာတော့ အမှုအထွေထွေနဲ့
ဒုက္ခတွေသာရှိတယ်
သင်တို့မှာ ပြောနေကျလက်သုံးစကားတွေရှိတယ်

ငါတို့မှာ အကြောသေနေတဲ့ မျက်လုံးနဲ
နားများသာရှိတယ်
သင်တို့မှာ သက်သေတွေနဲ့ စာအုပ်ကြီးတွေရှိတယ်
ငါတို့မှာတော့ မျက်ရည်တွေနဲ့
အသာကုပ်ပြီးနေကြရတယ်။

သင်တို့ဟာ
ဥစ္စာဓနကုဋေကုဋာနဲ့
သူဌေးရာဇာတွေပကွယ်

ငါတို့မှာတော့
လုပ်စာ...မဝရေစာနဲ့
ခွေးသာသာနေရတယ်။

တိုင်းပြည်တစ်ခု အတွင်းမှာ
အတူနေရတာချင်း အတူတူ

ငါတို့က.ပြည်သူ..
သင်တို့က.ဘယ်သူတွေလဲ..

နိုင်မြန်မာ
----------------



-`သူမသည်သာလျှင်....'
-----------------------------------
-ညီမင်း

ငါတို့..
နှလုံးသားကို ဖောက်ထွင်း
ငါတို့ ချစ်ခြင်းဟာ
သူမ..။

ငါတို့..
အသွေးအသားကို ဖောက်ထွင်း
ငါတို့ မျှော်လင့်ခြင်းဟာ
သူမ..။

ငါတို့..
အသိဉာဏ်ကို ဖောက်ထွင်း
ငါတို့ ကြီးမြတ်ခြင်းဟာ
သူမ..။

သူမလာရင်..
အမှောင်တွေ လင်းတယ်။
အရောင်တွေ ဝင်းတယ်။
ငြိမ်းချမ်းရေးပန်းတွေ သင်းတယ်။

သူမဟာ..
မျှော်လင့်ခြင်းကို ရိုက်ချိုး
အဆိပ်ဆေးထိုး
ရုပ်သေးကြိုးနဲ့
ဘယ်တုန်းကမှ
မကခဲ့သူ..။

သူမဟာ..
ဂန္ဘ္ဘီရအတတ်နဲ့ မန်းမှုတ်
အသက်သွင်းလုပ်
အညှို့ခံရတဲ့ အရုပ်
ဘယ်တုန်းကမှ
မဟုတ်ခဲ့သူ..။

သူမဟာ..
အသွေး အသား အသိကို ဖုန်းအုပ်
အကာကို အဟုတ်လုပ်
မဟုတ်ကမ္ဘာမှာ
ဘယ်တုန်းကမှ
မပါခဲ့သူ..။

သူမဟာ..
တရားမျှတမှု့ကို ဆွဲစုတ်
အနာဂါတ်ကို အမြစ်ဖြုတ်
သမိုင်းကို အိုးမဲသုတ်တဲ့အလုပ်
ဘယ်တုန်းကမှ
မလုပ်ခဲ့သူ..။

သူမဟာ..
အတ္တကို အောင်လံထူ
လူသားမျိုးနွယ်ကို ရန်မူ
အာဏာကို ညစ်ယူသူတွေအကျင့်
ဘယ်တုန်းကမှ
မကျင့်ခဲ့သူ..။

သူမဟာ..
လွတ်လပ်မှု့တွေကို ဖြိုခွဲ
ထွက်ပေါက်တွေ ပြိုလဲ
တိုင်းပြည်ကို နွံနက်နက်ထဲ
ဘယ်တုန်းကမှ
မနှစ်ခဲ့သူ..။

သူမဟာ..
ဆယ်စုနှစ် နှစ်စုစာလောက်
အချုပ်နှောင် ခံခဲ့ရတာတောင်..!
ရင်၌ဖြစ်သော သားနှစ်ယောက်ကို
နာကြင်စွှာ စွှန့်လွှတ်ခြင်းနဲ့
မြန်မာနိူင်ငံသားဖြစ်ခြင်းကို
ရက်စက်စွှာ ရုပ်သိမ်းခံခဲ့ရတာတောင်..!
လဲကျနေတဲ့..
ငါတို့တွေကို
ထူမတ်ခဲ့တယ်..။

စီးကျနေတဲ့..
ငါတို့ မျက်ရည်စတွေကို
သုတ်ပေးခဲ့တယ်..။

လမ်းပျောက်နေတဲ့..
ငါတို့ ခြေလှမ်းတွေကို
တည့်မတ်ခဲ့တယ်..။



-----------------------------------------------------------------------

သေချာပါပြီ..
သူမဟာ..
လူ့ပြည် အပ်တစ်စင်း
နတ်ပြည် အပ်တစ်စင်း
တကယ့်ရခဲခြင်းတွေ ကြားက
သန်း ၅၀ အတွက်
ရခဲလွန်းတဲ့ အပိုဆုလာဘ်..။

ဟုတ်တယ်။
သူမသည်သာလျှင် ငါတို့ရဲ့ကမ္ဘာ..
သူမသည်သာလျှင် ငါတိုရဲ့ရတနာ..
သူမသည်သာလျှင် ငါတို့ရဲ့ဘဝစာမျက်နှာ..
သူမသည်သာလျှင် ငါတို့ရဲ့ဦးညွှတ်ရာ..။

*အမေ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၇၀ပြည့် မွေးနေ့အား ဤကဗျာဖြင့် ရေးဖွဲ့ ဂါဝရပြု ရှစ်ခိုးကန်တော့ အပ်ပါသည်*
`အမေ အသက်ရာကျော် ရှည်ပါစေ´
---------------------



"လက်မဲကြီးများ"
-----------------------------------
Shain Ko
စစ်အဏာရှင်အဆက်ဆက်က
နုံန ဲ့မှုနံရံထူထူ
ပြည်တွင်းစစ်နဲ့အတူ
ပနှက်ရိုက် အုတ်မြစ်ချတယ်
ဖြတ်လေးဖြတ်နဲ့ ဖဲကြိုးတောင်ဖြတ်လိုက်ကြသေး..။

ပုံမှန်ပါပဲ
ငတုံးတွေ ထုံပေပေထွန်းကားနေမြဲမှာ
စင်ပေါ်ကလူယုတ်မာတွေကလဲ
ခိုးဝှက် လုယက်ဆိုးသွမ်းထားတဲ့
တကယ့်ချွေးနဲစာနဲ့
ရေစက်ချလှူလှူပြရတာအမော
တကောင်ဆို ဆင်ပါစီးပြီး မီးသိုင်းကမယ်တကဲကဲ
သူ့ဗိုက်ရွှဲရွှဲကြီးပွတ်ရင်း
ပါးစပ်ကတခွီးခွီးအသက်ရှူရင်း
ရိုက်မယ်၊ ပုတ်မယ် ၊ နှက်မယ်ဆိုတာချည်
တရုတ်ပြည်ရဲ့ သားကောင်း၊ မြန်မာပြည်ရဲ့သုူကြွယ်
အောင်မယ် လွှတ်တော်အမတ်ဆိုတာတောင်ဖြစ်သေး။

ဖြစ်ရိုးဖြစ်စဉ်အတိုင်းပါပဲ
မကြာမတင်ကာလရယ်က
လူတန်းစားအသစ်တစ်ရပ်
ဖျတ်ကနဲပေါ်လာခဲ့တယ်
သူတို့မှာ
ရင်ကော့ ပြီး လစ်ဘရယ်ဆန်ပြရတာလဲအမော။

သူတို့တွေရဲ့ လူတန်းစားလက္ခဏာ
ကြက်နာကို ခွေးဝဲစားဆွဲသလို
ဝမ်းရေ မစပ် ၊ဒူးမနာ
လေနဲ့လေနဲ့စပ်ကျတဲ့ လေဥကမွေးတဲ့ ဟာတွေ
အိုကွယ် အမေတခု သားတစုပါ ...။

သူတို့နေ့စဉ်ဘဝက
"မထိနဲ့..မဝေဖန်နဲ့
မျက်လုံးဖြဲမကြည့်နဲ့
ငါတို့ရဲ့နတ်ဘုရား ..."
အဲဒီဂါထာ ပါးစပ်ဖျားကရွတ်ရင်း
ကပ်ပါးကောင်တို့ သီချင်းကိုသံပြိုင်ဆိုတယ်
မိုးဦးဖားတွေလို တပ်ဦးက စွန့်စွန့်စားစား
အန္တရာယ် မရှိသေးသမျှ ဝင့်ဝင့်ကြွားကြွား အာခြစ်အော်တယ်...
ရဲရဲတောက် ဝဲပေါက်နေကြတာပေါ့...။

ပစ်ဟေ့ခတ်ဟေ့
ဖမ်းဟေ့ သတ်ဟေ့ဆို သူတို့ တီကောင်တွေလိုမြေလျှိုးတယ်
"တက်တဲ့အစိုးရ တို ့အစိုးရပေါ့ " ဆိုတဲ့လေသံတွေနဲ့
တေးသွားတွေပြောင်းတတ်တယ်။

အဲဒီဟာတွေအတွက်
စိတ်မပျက်နဲ့ ၊ သွား မဖျောင်းဖျနဲ့
"ဘာပြောတယ် အရှက်တရား....
သွားစမ်းပါ ဝက်သားဆီပြန်လောက် အရသာရှိလို့လား၊
ဒီမှာမအားဘူး၊ အသည်းမငယ်နဲ့ မဲဆွယ်ရမယ်၊နညး်တယ်လို့မထင်ဘူး"
ဟုတ်ကဲ့...အဲဒီလို ဘဝင်ရူးမျိုး ဒင်းကြမ်းပြည့်နေပုံကို
မယုံ ကိုယ့်အနားပြန်ကြည့် ကိုယ့်အမျိုးထဲမှာတောင် ရှိနေနိုင်သေး။

သူတို့ကပြောသေး
မင်းတို့ကွင်းထဲဆင်းကြည့်တဲ့
လက်တွေ့ဆင်းလုပ်တဲ့
ဟုတ်ကဲ့ ကျနော်လက်ဖက်ရည်ဆိုင်မထိုင်ပါခင်ဗျား
တိုင်းပြည်ရဲ့ သွင်းကုန်ထုတ်ကုန် ၊
ဘဏ္ဍာရေး ၊ အောက်ခြေလူထုဘဝ၊
တိုင်းရင်းသားတွေရဲ့ မျက်ရည်
ကျနော်တို့ ကိန်းန ဲ့ဂဏာန်းနဲ့ ဘဝနဲ့နှလုံးသားန ဲ့အတိအကျသိနေပါတယ်
ဟောဒီမယ် သုံးဆောင် ...
ဇွနး်လေးထောင်နေတဲ့ ထူးထူးရှယ်တော့မဟုတ်
လက်ဖက်ခြောက်လက်တဆုပ်ပါတဲ့ တောင်ပေါ် ပလောင် အခါးရေ
ခင်ဗျားတို့ အောင်မြင်ပါစေ ၊ ထွန်းကားပါစေ ။

ဟိုးတုန်းက ဘုရားပွဲတွေမှာ
လမ်းဘေးရုံထိုး
တခါဝင် တမတ်ဖိုးပေးပြီး
ကြည့်ခဲ့ရတဲ့ကလေးရုပ်ရှင် ကြေငြာလို
"ဟောဒီမှာ ရုံထဲမှာကြည့်လိုက် ...
ရုံထဲမှာကြည့်လိုက် "
အဲဒီ ရုံထဲမှာကြည့်လိုက်အော်တဲ့သူက
ကန် ့လန် ့ကာ မမပြီး သူ ့မိုက်ကရိုဖုန်းကို
ဦးသိန်းစိန် ကိုင်သလို ကိုင်
ငါးသလောက်ပြုံး ပြုံး
နှလုံးပီတိ ဂွမ်းဆီထိ ရေဒီယိုမိန် ့ခွန်းတွေ ရွတ်သလို
"ဟောဒီမှာ ရုံထဲမှာကြည့်လိုက် ..ရုံထဲမှာကြည့်လိုက်"
ရုံထဲမှာတော့...........
နာဂစ်နဲ့စတေးပြီး
အောင်မြင်စွာတဖက်သတ်အတည်ပြုခဲ့တဲ့
ပြန်ပေးမှုကြီးဟာ
ခုအခါသီးလို့ပွင့်လို့
တက္ကနစ်ကယ် အယ်ရာနဲ့
ခုတော့ မယ်ဗမာလို ကော့လန်ကော့လန်
မေလရဲ့အတိတ်တွေ တကြော့ပြန်
ကော့ခံခဲ့ရတဲ့ ပြည်သူကတော့
ဒီလူတွေကိုပဲ ထပ်အားကိုးရဦးတော့မယ်
ခါးကတော့ ကျိုးပြီးခဲ့ပြီ။



-----------------------------------------------------------------------

ကျောင်းသားတွေထောင်ထဲမှာ
ဘကေးရှင်းထွက်နေတာမဟုတ်။

ဟိုးတောင်ပေါ်မှာလည်း
တိုင်းရင်းသားတွေ ယမ်းငွေ့နဲ့ အောက်ဆီဂျင်ရောရှူရတယ်
ဆေးခြောက်သမားတယောက်ရဲ့ ရွေးချယ်မှုလိုများထင်လို့လား..။

ငဖျင်းတွေ အရာရောက်နေပုံက နေရာတိုင်း နေရာတိုင်း နေရာတိုင်း
ဒီကြားထဲ နည်းနည်းမှတော့သူတို့ကိုလျှော့မတွက်နဲ့
စင်္ကာပူလိုလုပ်ပြမယ်ဆိုတဲ့ မိုက်ရိုင်းထွားကြိုင်းတဲ့ဗာလနံရဲ့စကားမှာ
အမှန်တရားတွေပါတယ်....

ဟုတ်ကဲ့...ဖြစ်နိုင်ပါတယ်
နိုင်ငံမြေပုံဟာ မကြာခင်မှာစင်္ကာပူသာသာ
လာပါ ဝမ်ပေါင် ပေါချောင်ကောင်း
ကျနော်တို ့မှာတောတောင်တွေရောင်းစရာအပြည့်ဆိုတဲ့
ခင်ဗျားတို့...
အသေဆိုးနဲ့ ငရဲကိုသဝေမထိုးသမျှ
အင်မတန် သဘာဝကျတဲ့ ကြွေးကြော်မှု....။

ဒီဖက်ကြည့်ပြန်တော့လဲ
"တပြည်လုံးက
လယ်သမားတွေလောဘမကြီးနဲ့
သိမ်းပိုက်ခံ
တိုင်းရင်းသားတွေ သဘောထားကြီးပါ
ဆူပူမှုန ဲ့ဆန္ဒပြမှုကို မကွဲသူ ရဲ့ ဝမး်နှုတ်ဆေး
မုန်းအောင် သုံးဆောင်ပါ။

ဟောဒီမှာ...
သူက.. ခရိုနီဆို...
အိန်ဂျလနာဂျိုလီလိုကြည့်တယ်
မခို့တယို့ညာဘက်ပုခုန်းကိုနှဲ ့တယ်
နှိမ့်တယ် ..
ပြိုင်ကားတစင်း ဂငယ်ကွေ့သလို
ဆတ်ကနဲ ပြုံးကြည့်လိုက်ပုံများ
လျှာမရှိတဲ့...မိချောင်းတကောင်
ဘဲပေါက်စကို အလစ်အငိုက်ဆွဲလိုက်သလိုလေ
လိုအပ်ရင်မျက်ရည်တောင်ကျပြမယ်ဆိုသေး...။

အင်တာနေရှင်နယ် ထရစ်ပ်
ဖက်ရှင် အသစ် ဝမ်းဆက်
သံခင်းတမန်ခင်း ရင်ခြင်းအပ်မှုတွေထက်
ဘာအရေးကြီးလို့တုန်း သမဂ္ဂစိတ်ဓါတ်ဆိုတာ
အိုင်ဒုန့်သင့်ခ်ဆိုး .... နားလိုက်..
ခင်ဗျားအိုပြီ...
အရင်လို ထောင်ထဲသွားနေ
လိုအပ်လာရင် သူက ကိုယ်တိုင်တောင် ဖမ်းခိုင်းဦးမယ်တဲ့
အဲသလိုအချိုးနဲ့ တန်ခိုးတွေထွား
ခါတော်မှီ သားသမီး အသိန်းအသောင်းနဲ့
သူရသတီဟစ်တလာတို့များ ထွန်းကားနေပုံက...။

စကားအမျိုး မျိုး ကို အသွားအမျိုးမျိုးနဲ့
အချစ်မပေါ့ ဟစ်ဟော့ ဟဲတယ် ...။

ဟုတ်ကဲ့အမှန်တရားတွေပါ ...
ဥပမာ..
"ဒီနေ့ဟာ မနက်ဖြန်မဟုတ်ဘူး
အုန်းသီးဟာထန်းသီးမဟုတ်ဘူး
မသေသေးသမျှ အသက်ရှူ ခွင့်ရှိတယ်
လမ်းနောက်ပြန်လျှောက်တာ အန္တရာယ်ရှိတယ်
လူတွေလမ်းလျှောက်ရင် အားလုံးလိုလိုက ခြေထောက်နဲ့လျှောက်တယ်
မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင်နို့စို့မယ်
ဖေဖေလာရင်အုန်းသီးခွဲစားမယ် "တို့န ဲ့အရည်အသွေးတူ
အနှစ်သာရတူ.... စသည်ဖြင့်..........။

ဘာမှမထွက်တဲ့တွင်း
အောင်နိုင်ရေးသီချင်းတွေကြူးရင်း
တူးကြတာပေါ့ အနည်းဆုံးတော့
ကျန်ရစ်သူတွေလက်မညောင်း
အမျှော်အမြင်ပိုကြီးရင် ကိုယ့်အခေါင်းကိုယ်သယ်လာ
ဒရမ်မာတယောက်လို ခေါက်
ပိုပြီးပြောင်မြောက်တာပေါ့။

ကဲ....
အသည်းကြားကမဲတပြား
ပဲကုလားဟင်းနဲ့ရောချက်
ထုတ်မပြတဲ့ဝှက်ဖဲ တကယ်တော့လက်မဲကြီးသက်သက်...။





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org