လူလည်တွေနဲ့ အဖြူထည်တွေရဲ့ အကြောင်း

နိုင်မြန်မာ(9 June 15)




-----------------------------------------------------------------------

ကျည်ဆံနဲ့ ကြိုသော ငြိမ်းချမ်းရေး
-----------------------------------
ငြိမ်းချမ်း စေချင်တဲ့ စိတ်ကလေးနဲ့
တိတ်တိတ်ကလေး နှုတ်ဆိတ်နေ
ကျပ် အိပ်နေတုန်း ဝုန်းကနဲ့ အသံကြား
ငြိမ်ချမ်းရေး ညှိနှိုင်းလို့ မပြေလည် ကြတဲ့
စားပွဲ ထုသံ တဖန် ပြန်မှေး လိုက်ကြ
အစထဲက မကြိုက်တာ အမှန်မှ မဟုတ်
လိမ်လည် သံတွေ များနေလို့ ပဲ ဟေ့

သို့ပေမယ့် အောင်ဆန်း မဟုတ်တော့
ဝင်မရှုပ်တာ ကောင်းတယ် လေ
ခဏနေ အသံကြား ပစ်ခတ်သံ ကြားရ
အားရ စရ ငြိမ်းချမ်းရေး ပဲ လေ
ကိုယ်ပါ သေနတ်ကိုင် ထွက်ပြေး ရပြန်တယ်
လာပြန်ပြီး နောက်တစ်ပွဲ ပြောတာလဲ မင်းပါပဲ ကွယ်
ယောင်လည်လည် နေရာပြောင်း နှစ်လပေါင်း ရှည်ကြာပြီ

တစ်ကမ္ဘာလုံး ငြိမ်းချမ်းရေးတောင် ဒီလောက် မကြာဘူး
ကမ္ဘာ့ ရယ်စရာ မြန်မာမြေက ငြိမ်းချမ်းရေး
စားကြ သောက်ကြ ကုန်ကြ စရိတ်
မြို့ရွာမြေ အသစ်တည်လို့ ရနေပြီ
မပြီးနိုင်သေး ကလေးတွေ အရွယ်ရောက်
ငြိမ်းချမ်းရေး ဆွေးနွေးပွဲအောက်က ကျည်ခွံကောက် ကြီးပြင်း
ငြိမ်းချမ်းရေး စားပွဲအောက် အသက်ပျောက် သူပေါင်တို့

ဘဝဆိုတာ ယမ်းငွေ့ကြားက ဒီမိုကရေစီ အသာထားကာ
လာထား နောက်တစ်ပွဲက မိုးသည်း သလို ကျည်ဆံတွေ ရွာသွန်းကြ
တရုတ် သားဖြစ် တရုတ် မယားဖြစ် နိုင်ငံ ပစ် ဒုက္ခသည်တွေ
တနိုင်ငံလုံး ဒုက္ခသည်တွေကို ဖာသည်က အမေ ခေါ်ရ လောက်ပြီ
ဘဝအောက်က မြန်မာပြည် ငြိမ်းချမ်းရေး အနှစ်သာရတဲ့ ဟေ့

Aung Kyi oo ( Oo Aung ၊ Htet Oo )
++





-----------------------------------------------------------------------

လူလည်တွေနဲ့ အဖြူထည်တွေရဲ့ အကြောင်း
+++++++++++++++++++
အဖြစ်မှန်တွေကို သိချင်ရင်
အစစ်အမှန်တွေကို. . . ကြည့်မြင်တတ်ဖို့လိုတယ်။

အလျှော်ခံ အစားခံ တဲ့
အပေါ်ယံသမားတွေထဲမှာ
အမှားအမှန်ဆိုတာ မရှိဘူး။

ကပ်ပါးရပ်ပါးတွေ
ဖြတ်စားလပ်စားတွေနဲ့
တနပ်စားတွေဟာ
ဖိနပ်ကြား လေယို
နတ်စကားတွေ ဆိုနေကြပေမယ့်
ကျောမွဲတို့ ခိုလှုံစရာ
နတ်ဘုံတွေ အလိုလို ပေါက်မလာဘူး။

ကျုပ်တို့ မြန်မာပြည်ထဲမှာ
ဆင်းရဲမွဲတေနေတဲ့
ပြည်သူတွေရဲ့ အိမ်ရှေ့တခါးပေါက်
ဒီမိုကရေစီ ဘယ်တော့ရောက်မလဲ
အဲဒီနေ့စွဲကိုပဲ သိချင်တယ်။ ။

နိုင်မြန်မာ
-----





-----------------------------------------------------------------------

‘ဘာပြန်ပေးကြမှာလဲ'
************
သူမသည်
ငိုက်မြည်းနေသော ရေမြွေတကောင်မဟုတ်
မေတ္တာရှေ့ထား သီလပွားနေသော
နဂါးတကောင်သာဖြစ်၏ ။

သူမသည်
တောင်ပံကျိုးနေသော
ဆက်ရက်(ဇရက်)တကောင်မဟုတ်
ငြိမ်းချမ်းရေးတေးသီကြွေးလျက်ရှိသော
ချိုးငှက်တကောင်သာဖြစ်၏ ။

သူမသည်
မုဆိုးကွန်တွင်း သက်ဆင်းမိနေသော
ယုန်သူငယ်တကောင်မဟုတ်
စိတ်နှင့်ခနြွာအနားပေးရင်း အားမွေးနေသော
ကေသရာဇာသာဖြစ်၏ ။

သူမသည်
မီးဇာကုန်လုနီး ဆီမီးတခွက်မဟုတ်
မယွင်းမပျက် လင်းလက်နေသော
ကြယ်တပွင့်သာဖြစ်၏ ။

သူမ၏ နှလုံးခုန်သံသည်
လူထု၏အသက်ရှုသံဖြစ်၏ ။

သူမ၏ စကားသံသည်
လူထု၏ ဟစ်ကြွေးသံဖြစ်၏ ။

သူမ၏ ရှင်သန်ခြင်းသည်
လူထု၏မျှော်လင့်ခြင်းဖြစ်၏ ။

သူမ၏ အားသည်
လူထု၏ဓါးဖြစ်၏ ။

သူမကို ချုပ်နှောင်ခြင်းသည်
လူထုကို တုပ်နှောင်ခြင်းဖြစ်၏ ။

သူမကို လုပ်ကြံခြင်းသည်
လူထုကို အပြုတ်နှံခြင်းဖြစ်၏ ၊

သူမသည် လူထု
လူထုသည် သူမ
ခွဲမရပါ ၊
လူထုအရေးအတွက်
သူမဘဝကိုပေးအပ်ခဲ့
သူမအရေးအတွက်
လူထုဘာပြန်ပေးသင့်ပါသလဲ ။

အစ်မသီတာအောင်(Than Lwin Kha)
ခေတ္တ-တိုကျို၊ဂျပန်





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org