ဒေါ်စုသာ အုပ်ချုပ်ရင်

Thorn Nay Soe(20 May 15)




-------------------------------------------------------------------------


ဒေါ်စုသာ အုပ်ချုပ်ရင်
မင်း ဖုန်းပြောတိုင်း
မင်း ဖေ့ဘုတ်နဲ့ အင်တာနက်သုံးတိုင်း
ငါးရာခိုင်နှုန်း ခေါင်းပုံဖြတ်ခံရမှာမဟုတ်ဘူး။ ☚


ဒေါ်စုသာ အုပ်ချုပ်ရင်
နွေရောက်တိုင်း မီးပျက်လို့
ဖယောင်းတိုင်လေးနဲ့ မှုန်မွှားမွှားဘဝကို
မင်း ကြုံရမှာမဟုတ်ဘူး။ ☚


ဒေါ်စုသာ အုပ်ချုပ်ရင်
ဧရာဝတီကို
တရုတ်ဆီ ရောင်းခံရမှာမဟုတ်ဘူး။ ☚


ဒေါ်စုသာ အုပ်ချုပ်ရင်
ရွှေတိဂုံအနာဂတ်ရေး စိတ်မအေးစရာ
ဘာအိမ်ရာစီမံကိန်းမှ အလုပ်ခံမှာမဟုတ်ဘူး။ ☚


ဒေါ်စုသာ အုပ်ချုပ်ရင်
ညကြီးမင်းကြီး ဘယ်ဘုန်းကြီးကျောင်းမှ
ဝင်စီးခံရမှာမဟုတ်ဘူး။ ☚


ဒေါ်စုသာ အုပ်ချုပ်ရင်
မင်းလယ်ကို မင်းမြေကို
ဘယ်တပ်ကမှ လာသိမ်းမှာမဟုတ်ဘူး။ ☚


လက်ရှိမြန်မာပြည်သား
(ခရိုနီမဟုတ်သူ၊
အကောင်တွေနဲ့အမျိုးမတော်သူ)
သာမာန်တိုင်းသူပြည်သားအစစ်တွေရဲ့ တစ်ဦးချင်းပျမ်းမျှဝင်ငွေဟာ ကမ္ဘာမှာ ဘိတ်ချေးပဲ။

ဓါးမနောက်ပိတ်ခွေးဘဝမှာ
ဘဝမဆုံးကြစေနဲ့။


ချေးတွင်းက တက်ဖို့
ဘာအကြောင်းပြခြောက်ခြောက်
မတွန့်နဲ့။

အခုဆို
တိုင်းပြည်က မွဲလွန်းလို့
အမျိုးကောင်းသမီးလေးတွေလည်း ပျက်ဆီး
လူတွေအားလုံး ရစရာမရှိတော့ဘူး။


တို့ဘဝတွေက အနိမ့်ဆုံးဖြစ်နေပြီ။
ပြောင်းမှ ကောင်းတော့မယ်။

တိုင်းပြည်ချမ်းသာရင် အရာရာမြင့်တက်အောင်
လုပ်လို့ရတယ်။

အူမတောင့်မှ သီလစောင့်နိုင်မယ်။

ဒေါ်စုသာအုပ်ချုပ်ရင် သေချာတယ်။

တိုင်းပြည်ချမ်းသာမယ်။

ဒါဆို ကျန်တာအားလုံး အိုကေပြီ။



-------------------------------------------------------------------------


Thorn Nay Soe

စိုး ရ သူ‎
မြန်မာ့ နိုင်ငံရေး (ယနေ့ အမျိုးသားနိုင်ငံရေး)
-------------




-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org