အဖေနဲ့အမေသို့

(9 March 15)



'' ဘဝဆိုတဲ့ ဒီတိုက်ပွဲ ''
-------------------------------------
နေ့စဉ်နေ့တိုင်း နေ့တဓူဝအလုပ်တွေကို
ရုန်းကန်လှုပ်ရှားနေရင်းနဲ့
ဘဝဆိုတဲ့တိုက်ပွဲအကြောင်း
စဉ်းစားမိကာစာကောက်စီကြည့်လိုက်တယ် --- ။

လူဖြစ်လာရတဲ့ ဒီဘဝမှာ
လိုချင်တာတွေကိုရယူမလား
ရေစုန်မျှောလိုက်နေမှာလား
အဲ့ဒီနှစ်ခုကိုပဲ
အဓိကထားကာစဉ်းစားကြည့်တယ် --- ။

ခင်ဗျားရဲ့ အတွေးနဲ့
ကျနော့ရဲ့အတွေး
ခင်ဗျားရဲ့ အခြေအနေနဲ့
ကျနော့ရဲ့ အခြေအနေ
ခင်ဗျားစိတ်ကူးတွေနဲ့
ကျနော့စိတ်ကူးတွေ
ခင်ဗျားလုပ်ရပ်တွေနဲ့
ကျနော့လုပ်ရပ်တွေ
ဘဝပေးအခြေအနေတွေအရ
မတူညီခဲ့ကြပေမယ့်
ကျနော်တို့အားလုံးပဲ
လွတ်လပ်မျှတမှုတွေကို
တပ်မက်စွာလိုလားနေကြတယ် --- ။

ပုံစံသဏ္ဍန်ကွဲဖြစ်ရပ်တွေဟာ
ထပ်တူညီမျှဖို့ဆိုတာမဖြစ်နိုင်ပေမယ့် လူသားတွေရဲ့လွတ်လပ်မှုအတွက်
လိုလားချက်တွေကတော့ တူညီနေကြလိမ့်မယ်
'' အောင်ပွဲဆိုတာက
တိုက်ရဲသူတွေအတွက်ဘဲဖြစ်တယ် '' လို့
အောက်တိုဘာတော်လှန်ရေးခေါင်းဆောင်
ရုရှားကလီနင်ကပြောဆိုခဲ့ပြီး
လူထုကိုစည်းရုံးကာတိုက်ပွဲဝင်ပါလို့
ရုရှားမှာ အာဏာနီစနစ်ကို ထူထောင်ခဲ့တယ် --- ။
အဲ့ဒီလိုပါပဲ
ဖိနှိပ်အုပ်ချုပ်သူ လူတန်းစားအကြောင်း
လီနင်ဆက်ပြောခဲ့တာကလည်း
'' လူတို့သည် လူတန်းစားတရပ်ရပ်၏
ထုတ်ပြန်ကြေငြာချက်များနောက်ကွယ်ရှိ
အကျိုးစီးပွားကိုရှာဖွေဖော်ထုတ်မတတ်မခြင်း
မိမိကိုယ်ကိုယ်လှည့်စားသူ
လူနုံလူအများအစဉ်ဖြစ်နေလိမ့်ဦးမည်သာတည်း
နောင်လည်းဖြစ်နေလိမ့်ဦးမည်သာတည်း
လူမှုအဖွဲ့အစည်းဟောင်းတိုင်းသည်
မည်မျှပင်ရိုင်းစိုင်းကြမ်းကြုတ်
ပုပ်သိုးဆွေးမြေ့သည့်ပုံပမ်းပေါ်နေစေကာမူ
အုပ်စိုးသူလူတန်းစား၏
အရူးလုပ်ခြင်းကိုခံနေရလိမ့်ဦးမည်သာတည်း '' တဲ့ --- ။

နှစ်ပေါင်းတရာလောက်နီးပါး
ကြာခဲ့သော်ငြားလည်း
အောက်တိုဘာတော်လှန်ရေးခေါင်းဆောင်ရဲ့ စကား
ဘဝတခုရဲ့ တိုက်ပွဲတွေအတွက်
အမှန်တရားတွေပါပဲလား --- ။

ကမ္ဘာမကြေဘူးလို့ပဲ ပြောရမှာပဲ
မြန်မာပြည်ကို
ကျပ်မပြည့်တဲ့ ဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်တဲ့ အစိုးရ
သိုးရည်ခြုံထားတဲ့ ဝံပုလွေတွေအလား
မျက်နှာဖုံးစွပ်တွေများစွာနဲ့ပ --- ။

ပြည်သူလူထုရဲ့
သဘောထားဆန္ဒတွေကို
ရေရှည်တားဆီးထားနိုင်တဲ့
ဘယ်ဖောက်ပြန်တဲ့အစိုးရမှ
ကမ္ဘာပေါ်မှာမရှိသေးလို့
မျက်နှာဖုံးတွေကိုဆွဲဆုပ်လိုက်
သိုးရည်ခြုံထားတဲ့ဝံပုလွေတွေကိုရှုတ်ချလိုက်
ယောင်္ကျား၊မိန်းမတို့သာလျှင်
မြေပြင်ရဲ့အတိဒုက္ခတွေကို
အောင်မြင်တဲ့သီးနှံ့တွေအဖြစ်
ပြောင်းလဲနိုင်စွမ်းရှိကြပေလို့
ဘဝဆိုတဲ့ ဒီတိုက်ပွဲမှာ
လိုချင်တာတွေကို ရယူဖို့အတွက်
လူထုတိုက်ပွဲတွေကိုပဲ
ဆက်လက်အကောင်အထည်ဖော်ရမှာပါ --- ။

ဇာနည်မောင်

မြန်မာပြည်အတွင်းမှာလက်ရှိအချိန်မှာဖြစ်ပေါ်နေသော ကျောင်းသား၊အလုပ်သမား သပိတ်များကို ဦးညွတ်လျှက် ရေးသားပါသည်။





-----------------------------------------------------------------------------------

အဖေနဲ့အမေသို့
---------------------------------
အိမ်ကခိုင်းရင် မလုပ်ချင်
အပျင်းထူတဲ့ သား
အခုတော့ လမ်းမပေါ်
ဘယ်သူမှ ခေါ်မခိုင်းဘဲ လမ်းလျှောက်နေတယ်။

အမေကျွေးတဲ့ ထမင်းဟင်း
ဂျီးများပြီး စားတဲ့သား
အခုတော့ ထမင်းထုပ်နဲ့
လမ်းဘေးမှာ ငုတ်တုတ်စား
ဂျီးများနေလို့ မရဘူး။

ရေဆိုရင် အေးမှသောက်
ချွေး တစ်တောက်တောက်နဲ့
အိုက်တတ်တဲ့ ကျွန်တော့်မှာ
ပူးလိုက်တာ နွေနေ့လည်ခင်း
ခြေဆင်းလို ထိုင်နေတယ်။

အိပ်ယာဆို ဖုန်မရှိမှ
နေမြင့်တောင် မထတဲ့သူ
ဒီလိုလူ အခုတော့
လမ်းပေါ်မှာ ဖျာခင်း
သူငယ်ချင်းတွေနဲ့ အိပ်နေတယ်။

သားရွေးတဲ့ လမ်း
သားလျှောက်တဲ့ လမ်း
ခရီးက ကြမ်း
ပန်းမယ်မှန်း သိပေမဲ့
သား ထွက်လာထဲက
ခရီး မဆုံးမခြင်း
နောက်ကြောင်း ပြန်မလှည့်
အရောက်သွားမယ်ဟဲ့လို့
သရဏဂုံ ဆောက်တည်
သွေးသစ္စာရေလဲ သောက်ပြီးပြီ။

အဖေနဲ့အမေကို
မထားခဲ့ရက် ပေမယ့်
ခွဲထွက်လို့သွားတဲ့ သား
အမှားများရှိခဲ့ရင်တောင်းပန်ချင်ပါရဲ့
ဒီတစ်ခါတော့
သားအမိုက် ကျွန်တော့်ကို
ဒေါင်း အလံတော်အောက်
ကျွန်ပညာရေး စနစ်ပျောက်ဖို့
လမ်း ဆက်လျှောက်ခွင့်ပေးပါ
အဖေနဲ့ အမေ...........။

(ရာစုသစ် MGY)





-----------------------------------------------------------------------------------

ယောင်္ကျားဖာသည်
---------------------------------
အေးချမ်းမင်းရေ့
မင်းရဲ့ခွေးသာသာ
ဉာဏ်အဆင့်နဲ့
မာန်ဖီလို ့အဆွယ်ကိုပြ
မင်းရဲ့ဉာဏ် တစ်ထွာတစ်မိုက်နဲ့
အမြှီးနင်းမိလို ့ထထဟောင်တာလား
အထုခံရလို ့ထိုးထိုးဟောင်တာလား

မင်းပြောတဲ့ ဥပဒေအထက်မှာ
အာဏာရှင် သူတောင်းစားတွေ
နေရာယူထားလို ့
ဒို ့ကျောင်းသားတွေ
မနေရဲပါဘူးကွာ
သတ်ရင်လည်းသေရမှာပါပဲ

ပလ္လင်ပေါ်ခွေးတက်
အကျင့်ပျက်နေတဲ့
အုပ်ချုပ်မှု့ကြီးမှာ
အာဏာရှင်ကိုမှ
သခင်လို ့ထင်
အဖားတော်မှ နေရာရ
ကဗျာကယာရေကြည့်ရင်
မင်းအဆင့် သုံညမှတ်ပါပဲ

ကြီုးစားပါဦး
အေးချမ်းမင်းရေ့
လူဆိုတာ
မှန်တာလုပ် ဟုတ်တာပြော
လူပီသအောင်နေစမ်းပါ

ဖာကစားမပြောနဲ့
အေးချမ်းမင်းရေ့
မင်းဘဝဗျာများပြီး
သောကပွေသွားမယ်
မောဟတွေများတဲ့
အာဏာရူးတွေကြားမှာ
ခိုင်းတာလုပ် ကျွေးတာစား
ဟောဆိုဟောင် ကိုက်ဆိုကိုက်
ဥပဒေကို လက်တစ်လုံးခြား
လုပ်စားနေတဲ့ အာဏာရူးတွေကြားမှာ
ယောင်္ကျားဖာသည် လုပ်နေလိုက်ပါကွာ

ကျောက်ပန်းတောင်းသား
Pyae Phyo Hein



-----------------------------------------------------------------------------------



-----------------------------------------------------------------------------------

'' လိုရင်ကြံဆ နည်းလမ်းရ ''
---------------------------------
တစုံတရာပြောင်းလဲခြင်းရဲ့နောက်ကွယ်မှာ
လူတိုင်းမသိနိုင်မမြင်နိုင်ကြတဲ့
လှုပ်ရှားမှုတွေနဲ့
တွန်းအားတွေရှိနေကြလိမ့်မယ် --- ။

အမြင့်ပျံငှက်တွေဟ
အားအနည်းငယ်စိုက်ထုတ်ပါလို့
အမြင့်ကိုရောက်အောင် ပျံခဲ့ရပေမယ့်
မြင့်မြင့်ပျံတဲ့ငှက်ဟာ
ဝေးဝေးကိုကြိုမြင်နိုင်တယ် --- ။

နေ့တဓူဝ လူသားတို့ကိစ္စအရေးအရာတွေကို
ပြေလည်အောင်မဖြေရှင်းပေူနိုင်ကြတဲ့ အခါ
အဲ့ဒီတိုင်းပြည်အတွင်းမှာ
ဆူပူအုံကြွမှုတွေဟာ
အနည်းနဲ့အများဆိုသလိုပဲ
ဖြစ်ပေါ်လှုပ်ရှားနေကြပေလိမ့်မယ် --- ။

မြေပြင်ရဲ့အတိဒုက္ခ
လူသားတွေရဲ့အခက်အခဲတွေကိုအောင်မြင်စွာဖြေရှင်းနိုင်ဖို့ဆိုရင်တော့
အများပြည်သူတွေရဲ့ သဘောထားတွေနဲ့
ရေးဆွဲပြဌာန်းပေးထားတဲ့
ဥပဒေတွေ၊ ဖွဲ့စည်းပုံတွေလိုအပ်နေတယ် --- ။

ဘက်နှစ်ဖက်က အမြင်တွေကိုလေ့လာပါလို့
အမှန်တရားတခုဘက်ကပဲ ရပ်တည်နေခဲ့တယ်
အလကားနေကာထိုင်နေရင်တော့
ဘာမှဖြစ်လာပြောင်းလဲလာမှာမဟုတ်ပေလို့
ကိုယ်လိုချင်တာတွေကို တွေးတောကြံဆကာ
လှုပ်ဆောင်လှုပ်ရှားရယူသွားရမှာပဲ --- ။

ဇာနည်မောင်



-----------------------------------------------------------------------------------



-----------------------------------------------------------------------------------

စစ်မဲ့ငြိမ်းချမ်းရေး ရေ
---------------------------------
သွေးစိမ်းရှင်ရှင်စိုစွတ်ဆဲ နေ ့ရက်တွေနဲ ့
သက္ကရာဇ်အသစ်တွေ လက်ဆွဲနုတ်ဆက်လည်း
မွဲခြောက်ခြောက် ဘဝစာမျက်နာများခမျာ
ရှိုက်သံသဲ့သဲ့ နဲ ့အကွဲကွဲအအက်အက်
ရောင်စဉ်ဆေးမြည်းတွေ မျော်လင့်ချက်ကို ပက်ကြမ်းလို ့
အထပ်ထပ်သုတ်လိမ်းခံနေရပေါ့......။

ကုန်ခဲလှတဲ့ စစ်ရာသီတွေအောက်
ဘဝတွေ တဗျစ်တောက်တောက်
သောကမောက်ဖွဲ ့ ဒေါသတွေနဲ ့ငိုယိုမြိုချ
အာဟာရပြတ်တဲ့ ပက်ကြားအက်လျှာ
အဘယ်အရသာကိုမှ
နဂိုအတိုင်း..မခံစားနိုင်တော့ဘူး.....။

နှစ်လွန်ပြည်တွင်းစစ်မီးက တငွေ ့ငွေ ့တလျှံလျှံ
တသောသောညံ လို ့ကောင်းနေတုန်း...
ပြည်တွင်းငြိမ်းချမ်းရေး စစ်ရှည်ဆွေးနွေးခန်းတွေနဲ ့
စစ်ပွဲတွေကိုအကြောင်းပြ စစ်သားတွေကိုအသုံးချ
စစ်နဲ ့နေရကျနေတဲ့ ဥစ္စာကိုးလေ....။

စစ်ကြောင့်စစ်ပွဲ သတ်ပွဲမစဲတော့
စစ်နဲ ့ရင်းစား စစ်ပွဲတွေများသထက်များ များ
စစ်နဲ ့ကြီးပွါး စစ်သူဌေးတွေများသထက် များလာ
စစ်ကြောင့်ဗွေနှောင့် စစ်အမှောင်အောက်မှာ
မွမွကြေနေရ မြေဇာပင်တို ့မလှမပ
စနစ်ရဲ ့အစမ်းသပ်ခံ ပြည်သူတို ့ဘဝ....။

ငြိမ်းချမ်းရေးအတွက် ငြိမ်းမပြီးတဲ့စစ်ပွဲတွေ
တအုံးအုံး တဗုံးဗုံး တရုန်းရုန်း
သည်းသည်းမည်းမည်း စဲကိုမစဲတော့
ကမ္မနိဂုံး အဆုံးသတ်
ငှက်မြတ်ဂျိုးဖြူသံလွင်ခက်နဲ ့အတူလှမ်းလာလို ့
အချိန်လွန်ပြည်တွင်းစစ်လွယ်ပိုးထားတဲ့ပြည်မြန်မာ
မြန်မကြာအေးချမ်းသာယာရပါစေတော့....။

မင်းတာရာ



-----------------------------------------------------------------------------------



-----------------------------------------------------------------------------------

လွမ်းလို ့ တမ်းခြင်း
---------------------------------
ဆိုက်ရောက်လာတော့မည့်ပြည်ထောင်စုနေ ့
ပြီးနောက်.......
ကမ္ဘာ့တခွင်က လူတွေရင်မှာ ပနှက်ရိုက်သိတဲ့
မြန်မာ့လွတ်လပ်ရေး ပိသုကာဖခင်ကြီး
မြန်မာ့ကာကွယ်ရေးတပ်မတော်ရဲ ့ဖခင်ကြီး
ကြင်နာခြင်းစာနာတတြ်ခင်းဗြဟ္မာစိုရ်အတိပြီးတဲ့ဖခင်ကြီး
မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီးရဲ ့မွေးနေ ့ ။

အဖေရေ.......
ပျော်ရွှင်စွာငိုကြွေးရင်း တိုင်တမ်းပါရစေ
ကျုပ်တို ့မြန်မာပြေ (ပြည်) မှာ
အလင်းချွေလက်နဲ ့ သူတို ့ရက်စက်လို ့
ဝင်းပနေခြည် ဟို အာရပ်တွေဆီကလို
လိုချင်တမ်းမိ အပြစ်ရှိဘိသတဲ့လေ..
ကျုပ်တို ့လည်း တတိယလှိုင်းကြားပျော်ပါးချင်တာပေါ့။

ငှက်လိုတေးသွား ဝင့်ကြားမဆို
အမှောင်မှာငိုရ ကျောင်းမတက်ရနဲ ့
အလင်းပျောက်ရှ ထောင်သောင်းမကတော့
ကြယ်ဖြူစင်အလှ သူတို ့ဘဝတွေပေါ့ .အဖေ။

အမှန်တရားကို
ပျစ်ပျစ်နစ်နစ် အကျဉ်းချတတ်တဲ့
အကျဉ်းစံ လိုရာဆန် ့ဥပဒေရဲ ့အောက်
အမှန်တရားသစ္စာ အသက်ရှုမဝရှာပေဘူး
အမှားက သိပ်သည်းဆ များလွန်းနေတော့ အဖေရယ်...။

စစ်ယန္တရားတွေကို ဖြိုဖျက် စစ်မဲ့ငြိမ်းရေးအတွက်
စစ်ဝါဒီရဲ ့ ဥပဒေမှန်သမျှ ရိုက်ချိုး ဒီမိုကရေစီစိုးမိုးဖို ့
ကျောင်းသားထုနှင့်မိဘများလည်းတော်လှန်
တောင်သူဦးကြီး လယ်သမားများလည်းတော်လှန်
ရေလုပ်သား အခြားခြားများတို ့လည်းတော်လှန်
ကျုပ်တို ့..တော်လှန်နေကြရတုန်းပါဘဲ..အဖေ။

ငြိမ်းချမ်းရေးသစ္စာရေ...လမ်းကြုံရင် ကျုပ်တို ့ဆီဘက်
ဂျိုးဖြူငှက်ရင်ခွင်ပိုက်နဲ ့လှန်းခဲ့ပါဦးလို ့
စစ်ဝါဒီနဲ ့အုပ်စိုး.ကို ငြိမ်းချမ်းရေးမိုးတွေရွာ စိုစေချင်လွန်းလို ့
ကျုပ်တို ့..အဖေ့မွေးနေ ့မှာ
အဖေ့ကိုလွမ်းဆွတ် မေတ္တာပို ့ရင်း ဆုတောင်းနေပါတယ်အဖေ....။

မင်းတာရာ



-----------------------------------------------------------------------------------



-----------------------------------------------------------------------------------

ငါတို ့များရဲ ့အဖေ
---------------------------------
နတ်များ ဗြဟ္မာ မနေသာသည်မို ့ပင့်လျှောက်
မြန်မာတို ့ ကျွန်သဘောက်မှ လွန်မြောက်လွတ်ရ
မနုသတ္တဒုလ္လဘကို ကံ စိတ် ဥတု အာဟာရနှင့်ရစ်ပတ်
မြင့်မြတ်တဲ့အမေစု ရင်ကြာတိုက်ဆီကနေ
တထောင့်ကိုးရာဆယ့်ငါး ဖေဖေါ်ဝါရီဆယ့်သုံးမှာ
မကွေးခရိုင် နတ်မောက် အဖေလူလားမြောက်တဲ့နေရာပေါ့..။

အဖေဟာ..
ရွေးမျှဆံချည်. ဝေသီမကြိုက်
လူမိုက်မဟုတ် မဟုတ်မခံ
သရုပ်မှန်မှာ ရိုးရှင်းလင်းပ
ဆရာကြီးဒဂုန်တာရာ က “အရိုင်း”ဟုဖွဲ ့ဆို
သူကျွန်မခံလိုသူမို ့ တော်လှန်သွေးရဲရဲတောက် အဖေ..။

တထောင့်ကိုးရာဆယ်ငါးကနေ လေးဆယ့်ခွန်
အဖေ့တော်ချက် ကောင်းချက်
အနစ်နာခံချက် ပေးဆပ်ချက်
မွှေးမြပြည့်နက် စွန် ့လွှတ်စွန် ့စားချက်
စာစီဖွဲ ့ထုံး ရေးသီမဆုံးပေါ့..
အလေးပြု ဝတ်တွား ထိခြင်းငါးပါးနဲ ့..ကျုပ်ကန်တော့ပါတယ်..။

နှစ်တရာသာပြည့်သွားတယ်...
အဖေ့အကြောင်း အဖေ့သမိုင်းအရိပ်.
ဖျောက်ပြစ်ပေမယ့် ပျောက်ပျက်မသွားဘူး
အဖေဟာ မြန်မာတို ့ရဲ ့
မွေးနေ ့ရှိပြီး သေမသွားတဲ့မဟာသံမဏိမွေးနေ ့ရှင်....။

အဖေရေ....အဖေရယူပေးခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးခမျာ
အနှောင့်အယှက်မရှိလွတ်လပ်စွာ အကျဉ်းကျလို ့
တိုင်းပြည်ခမျာမှာလည်း
ဆင်းရဲခြင်းနက္ခတ်နဲ ့မွဲတေခြင်းရစ်ပတ်
မြင့်မြတ်တဲ့နိုင်ငံသားဘဝ ကိုယ့်နိုင်ငံမှာကိုယ်အကျဉ်းကျ
လူသားအရင်းမြစ်မှန်သမျှ အညွန် ့ချိုး အပွင့်ချွေခံနေရပေါ့ ။

အတ္တရှင်တို ့ဖန်တီးတဲ့ စစ်မီးတလျှံလျှံအောက်မှာ
ယမ်းသွေးညှော်နံ ့ကို အောက်ဆီကိုယ်စားရှုရှိုက်နေရ
စ လုံးရေး စသတ်စစ်မှ မရေးတတ် အနာဂတ်ပျောက်ကလေးများ
အသက်ထက်ရှည်လျှားတဲ့ စစ်ဝဋ်ကြွေးတွေထဲ ငိုပွဲဝင်နေကြရ
သွေးမျက်ရေစတွေ ရွဲရွဲစို အမေအိုလည်းငိုနေကြပေါ့..အဖေရေ....။

ရာဇဝင်မြောက် အဖေ့စကား
ကြည်ရေ ပဲပြုတ်နဲ ့နံပြားရရင်စားချင်တယ်တဲ့
ကြည်ရေ..သူတို ့ကိုမခိုင်းပါနဲ ့ သူတို ့ကတိုင်းပြည်အတွက်ရဲဘော်တွေတဲ့
သွးပြောမနေနဲ ့ ငါးမူးတန်းကလည်း ရုပ်ရှင်ပါဘဲတဲ့
နေရူး ပေးတဲ့လောင်ကုတ်နဲ ့အဖေက ဂန္တမြောက်လှခဲ့တာဘဲ
အဖေ့မွေးနေ ့က မဟာ မဟာအဖေ့မွေးနေ ့
အဖေ့ရေးဖွဲ ့ချန်ခဲ့သမိုင်းက ရှင်းသန် ့ခြင်းနဲ ့မဟာ
ခုတော့အဖေချစ်တဲ ့မြန်မာ ကျုပ်တို ့ချစ်တဲ့မြန်မာ
အဖေပြောသလို (......)နိုင်ငံဖြစ်ရတော့မယ်
အဖေ့မွေးနေ ့မှာ ဝမ်းသာသလို လွမ်းလို ့ငိုနေရပြီအဖေ။

မင်းတာရာ

ဖေဖေါ်ဝါရီ-ခြောက်ရက်နေ ့ ၂ဝ၁၅





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org