သားရွှေအိုး တကယ်ထမ်းမှာလား

ဗညားလှိုင်ဦး(8 December 15)




------------------------------------------------------- --------------

အရှေ့တောင် အာရှတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ ထွန်းကားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ထိုဝါကျတစ်ကြောင်း ဖြစ် ရန်အတွက် ကျွန်တော်တို့အချိန် တွေအများကြီးစောင့်ခဲ့ရသည်။ စောင့်နေရဆဲဖြစ်သည်။ အသက်၊ သွေး၊ ချွေးတွေအများကြီးပေးဆပ် ခဲ့ရသည်။ သစ်ပင်တွေ၊တော၊ တောင်ရေမြေမှ သယံဇာတတွေ အများကြီး ရင်းနှီးခဲ့ရသည်။ အ မှောင်ညများကို များစွာဖြတ်သန်း ခဲ့ရသည်။ မည်သို့ပင်ဖြစ်ခဲ့စေ က လေးများ သင်အံရွတ်ဖတ်ရသည့် အနာဂတ်သမိုင်းစာအုပ်ထဲတွင် ထိုဝါကျတစ်ကြောင်း ပါဝင်လာ ရန် လိုအပ်နေပြီဖြစ်သည်။

မကြာမီက အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)ဦးသန်းရွှေတို့တွေ့ဆုံစဉ် ဦးသန်းရွှေက တိုင်းပြည်ဖွံ့ဖြိုးအောင်ဆောင်ရွက်မည်ဆိုလျှင် အစွမ်းကုန် ကူညီမည်ဆိုသော ပြောစကားက ဆောင်းပါးအစမှ ဝါကျကို အထောက်အကူပြုလိမ့်မည်ထင်သည်။ ဦးသန်းရွှေသည် မြန်မာနိုင်ငံ၌ သက်တမ်းရှည်စွာအုပ်ချုပ်ခဲ့သော စစ်ဘုရင်တစ်ပါးဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည်ပင်လျှင် သူ့လောက်စစ်အုပ်ချုပ်ရေး မကြာရှည်။ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီအဖြစ်အသွင် ပြောင်းခဲ့ရသည်မဟုတ်လား။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသန်းရွှေတို့ စစ်အစိုးရလက် ထက်က သုံးလေးကြိမ်ခန့်တွေ့ဆုံခဲ့သော်လည်း အထွေအထူးသတင်းထုတ်ပြန်ခြင်းမရှိသလို ဆွေးနွေးမှုများမှာလည်း အဆင်ပြေပုံမရပါ။





------------------------------------------------------- --------------

၂၀ဝ၃ က နောက်ဆုံးတွေ့ဆုံပြီး ၁၂ နှစ်အကြာ ပြန်လည်တွေ့ဆုံမှုကတော့ ကျေနပ်စရာရှိကြောင်း ဦးသန်းရွှေ၏မြေးဖြစ်သူ နေရွှေသွေးအောင်၏ ဖေ့စ်ဘွတ်ခ်ကို ကိုးကားကာ သတင်းများကဖော်ပြခဲ့ကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်တွင်းက ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ၊ ကာချုပ်စသောနိုင်ငံတော်အကြီး အကဲများနှင့်တွေ့ဆုံအပြီး စစ်အာ ဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ထပ်မံတွေ့ဆုံလိုက်ခြင်းက အမျိုး သားရင်ကြားစေ့ရေးနှင့် ပတ်သက်၍ ပိုမိုပြည့်စုံသွားစေသည်။ ပြီးခဲ့သည့် ငါးနှစ်အတွင်းအစိုးရ အ ကြီးအကဲများနှင့် လွှတ်တော်ဥက္က ဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်တို့က ဦးသန်းရွှေအား အခါကြီးရက်ကြီးများ၌သာ သွားရောက်ကန်တော့ရင်းတွေ့ဆုံပြီး တိုင်းပြည်အုပ်ချုပ်ရေးတွင် ပါဝင်စွက်ဖက်ခြင်းမရှိပါ ဟူသာစကားတို့ကို ယခုဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုက ချေဖျက်လိုက်သလိုရှိနေသည်။

ဦးသန်းရွှေနှင့် တွေ့ဆုံအပြီး နောက်တစ်ရက်ဖြစ်သည့် ဒီဇင် ဘာလ ၅ရက်နေ့ နေပြည်တော် ပျဉ်းမနားမြို့၌ အထက်မြန်မာ ပြည်ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်များနှင့် တွေ့ဆုံစဉ် ဒေါ် အောင်ဆန်းစုကြည်၏ ပြောစကားတစ်ခွန်းကလည်း ဦးသန်းရွှေနှင့် တွေ့ဆုံမှုနှင့် ဆက်စပ်နေသလားဟု စဉ်းစားစရာဖြစ်ခဲ့ရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တက်လာပါက အရေးယူတာတွေ၊ ဖိနှိပ်တာတွေရှိမလားဆိုသော မေးခွန်းများနှင့်ပတ်သက်ပြီး ဒေါ်စုက အရေးယူခံရမှာကို စိုးရိမ်နေသူများအား ပြုပြင်ခွင့်ပေးမည်ဟု ပြောကြားလိုက်ခြင်းဖြစ်သည်။

၂၀ဝ၈အခြေခံဥပဒေပုဒ်မ ၄၄၅တွင် နဝတ၊ နအဖအစိုးရ လက်ထက်၌ ပါဝင်ဆောင်ရွက်ခဲ့ သော အဖွဲ့ဝင်များ(သို့မဟုတ်)အ စိုးရအဖွဲ့ဝင်များ၏ ဆောင်ရွက် ချက်များအပေါ် အကြောင်းပြု လျက် ယင်းတို့အား တရားစွဲအ ရေးယူခြင်းမရှိစေရဟု ပြဋ္ဌာန်း ထားပြီးဖြစ်သည့်အတွက် ယခင် စစ်အစိုးရအဖွဲ့ဝင်များသည် စိုးရိမ်စရာ မလိုသင့်သူများဖြစ်၏။ သို့သော်ရွေးကောက်ပွဲမတိုင်မီ၌ Global Witness က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ‘‘မြန်မာ နိုင်ငံကျောက်စိမ်းတူးဖော်ရောင်း ချရေးလုပ်ငန်းတွေမှာ ဦးသန်းရွှေ ရဲ့ မိသားစုတွေပါဝင်ပတ်သက်နေတယ်’’ဆိုတဲ့ သတင်းများကြောင့် ဦးသန်းရွှေကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လိမ့်မည်ဟုထင်သည်။

အပြစ်ကျူးလွန်သူတိုင်းသည်အာဃာတ မထားပါဘူး ပြောပြော၊ပြုပြင်ခွင့်ပေးပါမယ် ဆိုဆို မိမိဘာသာအတွင်းကျိတ် အပြစ်ခံစားမှု (Sense Of Guilty)၏ ဒဏ်ကို မသိမသာနားလည်ခံစား ကြရတတ်သည်။





------------------------------------------------------- --------------

လွန်ခဲ့သော နှစ် ၄၀လောက် က မန္တလေးစာပေဝိုင်းတစ်ဝိုင်း တွင် ဆရာကြီးဆန်းထွန်း(မန်းတ က္ကသိုလ်)က စာတမ်းတစ်စောင် ဖတ်၍ ဆွေးနွေးသူများကို ပြန် လည်ဖြေကြားခဲ့သည်။ ဆရာကြီး က သူအနှစ်နှစ်အလလစုဆောင်း ထားခဲ့သော ရှားပါးစာအုပ်ကလေးအချို့ကို ပြသ၍စာဟောင်းတို့၏ ဂုဏ်ကျေးဇူးကို ချီးကျူးစကားပြောခဲ့ပါသည်။ ဆရာကြီးသည် စကား အလျဉ်းသင့်ရာက အတိတ်ကာလတုန်းကသူ့ထံ ဝင်ထွက်နေသော တပည့်များထဲမှ တစ်စုံတစ်ယောက်သည်သူ၏ ရှားပါးဂန္ထဝင်စာအုပ်တစ်အုပ်ကို ငှားယူသွားပြီးအမေ့ခံထားခဲ့ကြောင်း၊ ယခုနှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီဖြစ်ရာ ထိုစာအုပ်ငှားသူ တပည့်ကို သူပင်မေ့သွားပြီဖြစ်ကြောင်း ဆရာကြီးကပြောပါသည်။ ထိုအခါစာပေဝိုင်းထဲတွင် ထိုင်နေသော စာရေးဆရာကြီး မောင်နေဦးက ‘‘အဲဒါ ကျွန်တော်ပဲဆရာ’’ဟု ရယ်ကျဲကျဲဖြင့် ထုတ်ဖော်ဝန်ခံခဲ့ရာ ဆရာမောင်နေဦးအပေါ် အပြစ်တင်စရာမပေါ်ဘဲ အချစ်ဝင်စွာဖြင့် တစ်ဝိုင်းလုံးသောသောညံအောင် ရယ်ခဲ့ကြကြောင်း စာတစ်ပုဒ်ထဲတွင်ဖတ်ခဲ့ဖူးပါသည်။

နဝတ၊ နအဖလက်ထက်အ ချို့သော ခေါင်းဆောင်များအနေ နှင့် စာအုပ်အပျောက်ရိုက်မှုထက် အပြစ်ကြီးသော အမှုများကို ကျူး လွန်ထားကြသော်လည်း နောက် တက်မည့်အစိုးရက အာဃာတမ ထားသည့်တိုင် ထုတ်ဖော်ဝန်ခံစ ရာရှိသည်များကို ဝန်ခံခြင်းဖြင့် အ မျိုးသားရင်ကြားစေ့ရေးကို ပိုမိုအ ကျိုးပြုစေမည်ဟုထင်ပါသည်။

စိုက်သည့်အတိုင်း ရိတ်ရ လိမ့်မည်ဟူသော ဆိုရိုးစကား ရှိ သည်။ ၁၉၈၈ခုနှစ် အာဏာသိမ်း စစ်အစိုးရအဖွဲ့တွင် ဦးသန်းရွှေပါ ဝင်ခဲ့သည်။ ၁၉၉၀ပြည့်နှစ်ရွေး ကောက်ပွဲကျင်းပပေးသူထဲတွင် လည်းကောင်း၊ ရလဒ်ကို ငြင်းပယ် ခဲ့သူထဲတွင်လည်းကောင်းသူပါ ဝင်ခဲ့သည်။ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ဇာတ်ညွှန်းသည် အနှီ ပုဂ္ဂိုလ်၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအထိ သူပဲ ဒါရိုက်တာဖြစ်ခဲ့သည်။ သူပဲအကြမ်း၊ သူပဲအချောအဖြစ် ၁၉၈၈ ခုနှစ်မှ ၂၀၁၀အထိအာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သူက သူယုံကြည်စိတ်ချရသောတပည့်များကို ပါတီအဖြစ်အသွင်ပြောင်းစေကာ ငါးနှစ်တာအုပ်ချုပ်စေခဲ့သော်လည်းပြည်သူလူထု လက်မခံသောကြောင့် ရှုံးနိမ့်ခဲ့သဖြင့် ဒီဇာတ်လမ်းတွင် ပြန်ပါဝင်ဖို့ အကြောင်းဖန်လာခဲ့သည်။

အမျိုးသားရင်ကြားစေ့ရေး လမ်းကြောင်းသို့ ဦးသန်းရွှေပြန် လည်ရောက်ရှိလာခြင်းသည် သူ ပြောသည့်စကားနှင့် ပြောရလျှင် တိုင်းပြည်အတွက် သားရွှေအိုးထမ်းသည့်ကိန်းဆိုက်ရောက်ပါ စေဟု ဆုတောင်းပါသည်။ အ တိတ်မှဖြစ်ရပ်များကို သင်ပုန်းချေ သောနည်း၊ ဝန်ခံသောနည်းများ ဖြင့် ဖြေရှင်းနိုင်ပါစေ။ အရာရာ ခေတ်နောက်ကျနေသော မြန်မာနိုင်ငံသည်ရှေ့သို့ရောက်ရှိရန်များစွာ ကြိုးပမ်းရပါဦးမည်။

ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ မရှိ သည့်နောက် ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံရှိ စာသင်ခန်းများတွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ် ထွန်းကားသောနိုင်ငံဖြစ်သည်ဟူ သည့် ဝါကျတစ်ကြောင်းကို က လေးများ သင်အံရွတ်ဖတ်နေစေရန် မိမိကျရာနေရာ ဖြစ်သည့်ကတ္တား၊ ကံ၊ ကြိယာအဖြစ်တို့မှ ပါဝင်ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းလိုက်ပါသည်။ ။

ဗညားလှိုင်ဦး



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org