ဦးတင်အေး-White Ribbon ကမ်းပိန်း

Kyaw ko Ko kyaw (15 September 15)




--------------------------------------------------------------------


ဦးတင်အေး ဦးဆောင်သော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ...
၁။ နိုင်ငံတော် ဘဏ္ဏာငွေကျပ် ၆၈ ဘီလျံနီးပါး
၂။ နိုင်ငံတကာမှ ကူညီပံ့ပိုးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ နီးပါးနှင့်
၃။ နိုင်ငံတကာ နည်းပညာ အကူအညီများ ကို အသုံးပြုကာ ( ၅ ) နှစ် ကြာမြင့်စွာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ချောမွေ့ အောင်မြင်ရန် ဆောင်ရွက်ရာတွင် အခြေခံ အကျဆုံး ဆန္ဒမဲ ပေးသူစာရင်းအား ပြုစု ထုတ်ပြန်ခြင်းအတွက် ဤကဲ့သို့ နိုင်ငံငွေများစွာ အချိန်များစွာ အသုံးချခဲ့သော်လည်း မြန်မာပြည် နေရာအနှံတွင် မဲစာရင်းများ မှားယွင်းနေပါ၍နိုင်ငံသားတို့၏ မွေးရာပါ နိုင်ငံသား အခွင့်အရေး ဆုံးရှုံးမှုကို တာဝန်ယူမှု တာဝန်ခံမှု မရှိသော၊ ဂုဏ်သိက္ခာမဲ့သော လုပ်ဆောင် ပြောဆိုချက်ဖြစ်ကာ နိုင်ငံ့ပုံရိပ် ဂုဏ်သိက္ခာကို ကျဆင်းစေသလို ပါသောကြောင့်

်လုံးဝ လက်မခံနိုင်သော ကျွန်တော် / ကျွန်မတို့မှ ...
White Ribbon ကမ်းပိန်းလုပ်ကာ ဆန္ဒ ထုတ်ဖော်ရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများအားလည်း ပါဝင် ဆင်နွှဲကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။

ပါဝင်ဆင်နွဲကြသူများမှ ယခု page အားရှယ်ခြင်းအားဖြင့်လည်းကောင်း မိမိတို့ ပရိဖိုင်းပုံ ချိန်းခြင်းအားဖြင့် ဆန္ဒ ထုတ်ဖော်နိုင်ပါသည်။

Kyaw ko Ko kyaw
https://m.facebook.com/profile.php…





--------------------------------------------------------------------


ယခုထုတ်ပြန်လိုက်တဲ့မဲစာရင်းအပေါ် လေ့လာချက်
----------------------------------------

လှည်းကူးမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ပေးပို့တဲ့ မဲဆန္ဒရှင်များစာရင်းကို ယနေ့ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေး ရုံးများမှာ ကပ်ထားပြီလို့ သတင်းရပါတယ်
အဲဒီ ထပ်မံထုတ်ပြန်လိုက်တဲ့မဲစာရင်းဟာ မှားယွင်းမှုပေါင်းများစွာနဲ့ ထုတ်ပြန်လိုက်တဲ့မဲစာရင်းဖြစ်နေပါတယ်
မူလရှေ့ပြေးအမှန်မဲစာရင်းမှာ စီစဉ်ထားတဲ့ အိမ်ထောင်စုလိုက် မဲနံပါတ်တွေ မူလမဲနံပါတ်တွေမဟုတ်တော့ပဲ မိသားစုတွေ တကွဲတပြားစီစဉ်ထားတာဖြစ်ပြီး မိသားစု သန်းခေါင်စာရင်းတစ်ခုထဲမှာပဲ မဲရုံကွဲနေတာမျိုးတွေ မဲစာရင်းနာမည် အလွယ်တကူရှာဖွေလို့မရတာတွေဖြစ်လာပါတယ်

မူလက အဖွဲ့ချုပ် မဲစာရင်းစိစစ်ရေးအဖွဲ့တွေ Door To Door ကောက်ယူတိုက်ဆိုင်စစ်ဆေးထားတဲ့မဲစာရင်းနဲ့ လုံးဝ ကွဲပြားခြားနားနေတာကတော့ အမှန်ပါပဲ
ယနေ့ကနေစပြီး၃၈ရက်အတွင်း(မဲပေးရမည့်နေ့မတိုင်မီ ၁၄ရက်အလို)တစ်မြို့နယ်လုံးကို ပြန်လည်တိုက်ဆိုင်စစ်ဆေးဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး





--------------------------------------------------------------------


မြို့နယ်ကော်မရှင်အနေနဲ့လည်း မူလရှေ့ပြေးအမှန်မဲစာရင်းမှာမပါလို့ ပုံစံ(၃-က)နဲ့လျှောက်ထားလာသူတွေဟာ မူလမဲစာရင်းမှာ အမှန်တကယ်ပဲပါမပါကို ဘယ်လိုစစ်ဆေးဆောင်ရွက်ကြပါမလဲ
နောက်ထပ်ထုတ်ပြန်လိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မဲစာရင်းဟာ ဥပမာ အဖေက မဲစာရင်းနံပါတ် ၁ ဆိုရင် အမေက မဲစာရင်းနံပါတ် ၂၀ဝ၀လောက်မှာရောက်နေပြီး သားက မဲစာရင်းနံပါတ် ၅၀ဝ သမီးက မဲစာရင်းနံပါတ် ၃၀ဝ၀ကျော်မှာဖြစ်နေတာဟာ ပါတီအသီးသီးကမဲစာရင်းစစ်ဆေးသူတွေနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေကို မျက်လှည့်ပြလိုက် သလိုပါပဲ

လှည်းကူးမြို့နယ် အဖွဲ့ချုပ် မဲစာရင်းစိစစ်ရေးအဖွဲ့ ခေါင်းဆောင် ဦးမောင်မောင်မှ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကို စုံစမ်းမေးမြန်းရာမှာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က မူလရှေ့ပြေးအမှန်မဲစာရင်းထုတ်ပြန်စဉ်က အသုံးပြုနေတဲ့ Softwareဖြင့် အဆင့်ဆင့်သို့ပေးပို့ပေးလိုက်တာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံခြားသားပညာရှင်ရေးဆွဲတဲ့ နောက်Softwareနဲ့ ထည့်သွင်းလိုက်တာကြောင့် ယခုလိုမှားယွင်းတာဖြစ်တယ်လို့ ပြန်လည်ဖြေကြားလိုက်တယ်လို့သိရှိရပါတယ် ဒါဆိုရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ မူလရှေ့ပြေးအမှန်မဲစာရင်းပါ
မြို့နယ်တစ်ချို့ကို အဲဒီSoftware နဲ့စမ်းသပ်ကြည့်ပြီး မှန်ကန်ပြီဆိုတော့မှ ထုတ်ပြန်သင့်ပါတယ်

ယခုလို မဲဆွယ်စည်းရုံးရေးကာလနဲ့ ရွေးကောက်ပွဲကျင်းပချိန်နဲ့ နီးကပ်တော့မှ စမ်းသပ်တာမျိုးမဖြစ်သင့်ပါဘူး
မူလကတည်းက ပြည်သူတွေက ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲရဲ့ တရားမျှတမှုကို စောင့်ကြည့်နေရတဲ့အချိန်မှာ

ခုလိုမဲစာရင်းအမှားနဲ့ ပြည်သူတွေရဲ့သံသယကို ထပ်မံကြီးထွားမလာစေသင့်ပါဘူး
ပြည်သူများအနေနဲ့ မဲပေးတဲ့အချိန်မှာ မဲစာရင်းနံပါတ်ရှာနေရလို့ကြာတဲ့အချိန်တွေဟာ မဲရုံဖွင့်တဲ့ နံနက်(၆)နာရီကနေ ညနေ(၆)နာရီအတွင်းသာဖြစ်လို့ မဲပေးလိုသူတိုင်း မဲမပေးလိုက်ရပဲ ဖြစ်သွားနိုင်တဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ အခွင့်အရေးကို ဘယ်လို ကုစားမှုမျိုးနဲ့ ဖြေရှင်းမလဲဆိုတာကို ရွေးကောက်ပွဲမတိုင်မီ အထူးအလေးထား စောင့်ကြည့်ရတော့မယ့် အခြေအနေဖြစ်သွားပါပြီ

++++
Nld Hlegu
Nyinyi Nyinyihlaing





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org