ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကြီး အတွက် အောင်နိုင်ရေး စာစု

လော်ဘီ အောင်ကြီး(2 September 15)




-------------------------------------------------------

သင် ကြက်ဆူပင် စိုက်လိုပါသလား?
ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးလိုက်ပါ။

သင် အဓိကရုဏ်းများနှင့် ကျီးလန့်စာစား ရှင်သန်လိုပါသလား?
နေမျိုးဝေ ဦးဆောင်သော ပါတီကို မဲပေးလိုက်ပါ။

(သို့မဟုတ်)
ဦးဝီရသူ တရားပွဲများကို လွတ်လပ်စွာကျင်းပခွင့်ပေးထားသော ဦးသိန်းစိန်၏ ပျါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။

သင် မည်သူ့ကို အဖေခေါ်ရမှန်းမသိပဲ ဖြစ်ချင်ပါသလား?
ပီအာဖော်ဆောင်သော ဒေါ်ခင်ဝိုင်းကြည် တို့ အဖွဲ့ရှိနေသည့် ခမောက်သူခိုးပါတီအား မဲပေးလိုက်ပါ။

(သို့မဟုတ်)
ဒေါ်ခင်ဝိုင်းကြည် တို့ နှင့် ထူးမခြားနားသည့် ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။

ခြင်းတောင်းကိုကျောမှာပိုး ဆင်ကြယ်ဖိနပ်စီးပြီး သေနတ်အစုတ်ကိုင်ကာ လစာ တစ်သိန်းဝန်းကျင်ဖြင့် အသေခံစစ်တိုက်လိုပါသလား?
တပ်မတော်သားများအား စစ်ရေးစွမ်းရည်ပြည့်ဝအောင် လွှတ်တော်အတွင်း ၂၅% ထည့်ကာ လေ့ကျင့်ပေးနေသည့် ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။

သင် ကျပ်နှစ်ထောင်ဖြင့် နေ့စဉ်ဘဝ လုံလောက်ပြီဟု ခံစားရပါသလား?
ပြည်ခိုင်ဖြိုးပါတီ အား မဲပေးလိုက်ပါ။





-------------------------------------------------------

သင့်ထံမရောက်ပဲ သင့်ကိုယ်စား ပိုက်ဆံပတ်ချေးယူတတ်သူကို အလိုရှိပါသလား?
ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးလိုက်ပါ။

သင်နှင့်တကွ ပြည်သူအားလုံးအတွက် စောက်သုံးမကျတဲ့ စစ်တပ်ကို ပိုင်ဆိုင်လိုပါသလား?
ပြည်ခိုင်ဖြိုးပါတီကိုသာ ရဲရဲကြီး မဲပေးလိုက်ပါ။

ရောဂါဖြစ်လျှင် နိုင်ငံရပ်ခြားသို့သွားရောက်ကုသလိုပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကိုသာ မဲပေးလိုက်ပါ။

ကမ္ဘာပေါ်မှာ အညံ့အဖျင်းဆုံး ခေတ်နှောင်းသင်ရိုးများကို အလွတ်ကျက်မှတ်ပညာရေးစနစ်ကြီးဖြင့် အနာဂါတ်မျိုးဆက်အား ဝံ့ဝံ့ထည်ထည် ပညာသင်ကြားစေလိုပါသလား?

ပြည်ခိုင်ဖြိုးပါတီကြီးကိုသာ မဲပေးလိုက်ပါ။
သင် အလိမ်ခံလိုပါသလား?
လူမှုရေးအသင်းကြီးကနေ ချက်ခြင်း ပါတီအဖြစ် ပြောင်းသွားခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီကြီးကို မဲသာပေးလိုက်ပါ။

မိဘပြည်သူများ ခင်ဗျား ... အစချီကာ ပြောချင်ရာပြော။ ပြီးရင် လုပ်ချင်ရာလုပ်တဲ့ တစ်လတစ်ခါ လာတဲ့ အသံကို မေ့မရအောင် သင်စွဲလမ်းနေပါသလား?
ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးလိုက်ပါ။

မြစ်ဆုံ၊ လက်ပတောင်းတောင်၊ သစ်တောများ နှင့် အခြားသယံဇာတများ ကဲ့သို့ သင်နှင့်တကွ နိုင်ငံသား အားလုံးပိုင်သော အရာများအား လူမသိ သူမသိ ရောင်းစားသည့် အမှုများကြားဝယ် အရည်မရ အဖတ်မရ တကောက်ကောက် လိုက်လံစုံစမ်းရသော စုံထောက်ခြင်းအမှုကို သင်နှစ်သက်ပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကိုသာ မဲပေးလိုက်ပါ။

အနာဂါတ်မြန်မာပြည်တွင် အရက်ဆိုင်ဘီယာဆိုင် လုပ်ငန်း အရှိန်အဟုန်မြှင့်တင်လိုပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကိုသာ မဲပေးလိုက်ပါ။

နယ်လှည့်ပါးရိုက်ခြင်း၊ ပုဆိုးလှန်ပြခြင်းအမှုများကို သင် ဖီးလ်လာပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကို သာ မဲပေးလိုက်ပါ။ သင်ဟာ မြန်မာပြည် မှာ ရှိသမျှ တိုင်းရင်းသားအားလုံးနဲ့ အမြဲတမ်းသွေးကွဲပြီး အချင်းချင်း တဂျိန်းဂျိန်းချနေချင်ပါသလား? ပြည်ခိုင်ဖြိုးပါတီကြီးကိုသာ မဲပေးလိုက်ပါ။

ဆီးသီဗန်းများ ခဏခဏမှောက်စေချင်ပါသလား?
ပြည်ခိုင်ဖြိုးပါတီကို မဲပေးလိုက်ပါ။





-------------------------------------------------------

ခေါင်းလောင်းအကြောင်းပြပြီး တပြည်လုံးအလိမ်ခံရသော အရသာကို သင်နှစ်သက်ပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကို မဲပေးလိုက်ပါ။

နိုင်ငံ့ဝန်ထမ်းများကို သုံးသိန်းအထိ လာဘ်စားစေချင်ပါသလား?
ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးလိုက်ပါ။

ငါးလောင်းပြိုင်လူသတ်မှုကို လုံးဝ မေ့ပစ်လိုက်ချင်ပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကို မဲပေးလိုက်ပါ။

ရွှေမြန်မာ လို့ အားရပါးရကြွေးကြော်ပြီး ပြည်ပကို အိမ်ဖော်တွေတင်ပို့ရတဲ့အလုပ်ကို ပီတိဖြစ်နေပါသလား?
ပြည်ခိုင်ဖြိုးပါတီကို မဲပေးလိုက်ပါ။

ပြည်ပမှာ သင်အခက်အခဲကြုံတဲ့အချိန် သံရုံးနဲ့ သင် လားလားမှမဆိုင်သကဲ့သို့ တစိမ်းဆန်ဆန်နေချင်ပါသလား?
ပြည်ခိုင်ဖြိုးကို မဲပေးလိုက်ပါ။

သင်နှင့်တကွ ပြည်သူတစ်ရပ်လုံး ဒုက္ခရောက်ချိန်မှာ ပြည်ပနိုင်ငံတကာက ဝင်လာမယ့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေကို တားဆီးပိတ်ပင်စေချင်ပါသလား?
ပြည်ခိုင်ဖြိုးပါတီကြီးကို သာ မဲပေးလိုက်ပါ။

ဒေါ်ခင်ဝင်းလို ပစ်သတ်ခံချင်ပါသလား?
ကိုပါကြီးလို ပစ်သတ်ခံချင်ပါသလား?
ကျောင်းသားတွေလို အရိုက်ခံပြီး ထောင်ချခံရချင်ပါသလား?
တိရစ္ဆာန်ပုံစံ ရိုက်နှိပ်ထားတဲ့ ငွေကြေးများကို တန်ဖိုးထားသုံးစွဲလိုပါသလား? သစ်သူခိုးတရုတ်များကို ကြင်နာလိုပါသလား?

အို ....
ဘယ်လို အဆိုးမျိုးပဲ ကြုံချင် ကြုံချင် ... ပြည်ခိုင်ဖြိုးကို သတိရလိုက်ပါ။
သင့်အတွက် ပြည်ခိုင်ဖြိုး က အသင့်ရှိနေပါတယ်။

"ဘာပဲလိုလို ... ပြည်ခိုင်ဖြိုးတွင်ရှိသည်"

_________
လော်ဘီ အောင်ကြီး



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org