ဘူးတလုံးဆောင်သည့် အမျိုးသမီးကြီး

(28 June 15)




-------------------------------------------------------------------------


(၁) သူ့မှာ လုပ်ပိုင်ခွင့် အာဏာ မရှိသေးဘူး။

(၂)သူ့မှာ ကိုယ်ပိုင်အိမ်မရှိဘူး။

(၃)သူပိုင်တဲ့ ကုမ္ပဏီ တစ်ခုမှ မရှိဘူး။

(၄)ကမ္ဘာ့ဘဏ်မှာ ၁၁ ဘီလျံ ခိုးထည့်ထားတာ သူမဟုတ်ဘူး။

(၅)ဆွစ်ဇာလန်ဘဏ်မှာ ရွှေချောင်းတွေ သိမ်းထားတာ သူမဟုတ်ဘူး။

(၆)မြန်မာပြည်သူတွေဆီကလယ်တွေ သိမ်းပြီး အခြား ကုမ္ပဏီတွေကကို ငှါးစားနေတာ သူမဟုတ်ဘူး။

(၇)မြန်မာပြည်မှာ သူပိုင်မြေ တစ်ကွက်မှ မရှိဘူး။

(၈)မြန်မာမှာ သူပိုင်တဲ့ စီမံကိန်း တစ်ခုမှ မရှိဘူး။

(၉)မိုးကုတ် ပတ္တမြား တွင်းတွေကို ဗလပွာတိုက်နေအောင် တူးနေယူနေတာ သူမဟုတ်ဘူး။

(၁၀)ဖားကန့်ကျောက်စိမ်းတွင်းကြီးတွေမှာ သူ့နာမည်နဲ့ တူးဖော်နေတာ တစ်တွင်းမှ မရှိဘူး။

(၁၁)ရေနံ နဲ့ သဘာဝ ဓာတ်ငွေ့တွေကို အလကားနီးပါးဈေးနဲ့ ရောင်းပြီး တရုတ်ကိုကျေးဇူးဆပ်နေတာ သူမဟုတ်ဘူး။

(၁၂)သစ်တော စိမ်းစိမ်းကြီးတွေကို ပြောင်သလင်း ဖြစ်အောင် ခုတ်ပစ်လိုက်တာ သူမဟုတ်ဘူး။



-------------------------------------------------------------------------


(၁၃)သံလွှင်မြစ်ကို ရောင်းစားနေတာ သူမဟုတ်ဘူး။

(၁၄)ဧရာဝတီမြစ်ကို ဖျက်ဆီးချင်နေတာ သူမဟုတ်ဘူး။

(၁၅)လူ့အခွင့်အရေး ဆိုတာ ဘင်္ဂလီ ကလေးမွေးမှ ပြောခဲ့တာ မဟုတ်ဘူး။ (စစ်အစိုးရက မြန်မာပြည်သူတွေ လူ့အခွင့်အရေး နဲ့ အညီ မအုပ်ချုပ်လို့ အာဏာရှင်ကို အသက်နဲ့ ရင်းပြီး တိုက်ပွဲဝင်နေတာ နှစ်ပေါင်း ၃၀ နီးပါးရှိပြီ။ ခင်ဗျားတို့ ကျနော်တို့ရဲ့ လူ့အခွင့်အရေး )

(၁၆)လက်ပတောင်း တောင် စီမံကိန်း မရပ်ပစ်ပဲ ဆက်လုပ်စေခဲ့တာ ပြည်သူကို မညှာလို့ မဟုတ်ဘူး။ (သိကြားမင်း လာတားရင်တောင် မရပ်တဲ့ အာဏာရှင်ရဲ့ စီမံကိန်းကြီး ဆိုတာ သိနေလို့ ပြည်သူတွေ အတွက် ရေထဲက ဆားပေါ်အောင် ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်လေးတွေကို ရအောင် သူဖန်တီးပေးခဲ့တယ်။ ဒါကို သေသခံပြည်သူတွေ နားမလည် ကြဘူး။)

(၁၇) ပြည်သူပိုင်ပစ္စည်းတွေကို အဓမ္မ သိမ်းယူပြီး မြေးအငယ်ဆုံးလေးကို မန်ယူ ကလပ်အသင်းကြီး ဝယ်ပေးချင်နေတာ သူမဟုတ်ဘူး။

(၁၈) လူမျိုးခြားကို ယူခဲ့ပေမဲ့ ဘာသာခြား မဖြစ်ခဲ့ဘူး။
(ဘာသာခြားကို ဗုဒ္ဓ ဘာသာသို့ ကူးပြောင်းလာအောင် စည်းရုံးနိုင်သူပါ)

(၁၉) မြန်မာတစ်ပြည်လုံးမှာ ဗလီ အလုံးပေါင်း ၇၀ဝ၀ ကျော် ဆောက်ခွင့်ပေးခဲ့တာ သူမဟုတ်ဘူး။

(၂၀) ရန်ကုန်မြို့ရဲ့ စီးပွားရေး လုပ်ငန်း ၇၀ % ကို ၇၈၆ တွေ ကြီးစိုးနေတာ သူ့ကြောင့်မဟုတ်ဘူး။

(၂၁) သူနဲ့ သူ့ပါတီကို မှီပြီ လုပ်ပိုင်ခွင့် ရသွားလို့ ချမ်းသာသွားတဲ့ ကုလား တစ်ယောက်မှ မရှိဘူး။ (ကြံ့ဖွတ်ကို မှီခိုပြီး ကြီးစိုးနေတာ ရန်ကုန်မြို့တောင် ၇၀ % ကုန်သွားပြီ။)

(၂၂) စုမေတ္တာ ဆေးပေးခန်း၊ စုဖောင်ဒေးရှင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၊ ရွေ့လျားစာကြည့်တိုက်နဲ့ ပညာရေး ကွန်ယက်တွေ ဖွင့်ပေးနေတာ သူ့အတွက် မဲလိုချင်လို့ မဟုတ်ဘူး။(ပြည်သူတွေကို စာတတ်စေချင်လွန်းလို့၊ ကျမ္မာစေချင်လွန်းလို့၊ စစ်အစိုးရ တစ်ပိုင်း အုပ်ချုပ်နေသူတွေရဲ့ လုပ်ဆောင်ချက်တွေ ပြည်သူတွေက ပညာသားပါပါ ထောက်ပြစေချင်လို့)

(၂၃) ၂၀၁၅ သမ္မတ ဖြစ်ချင်နေတာ သူ့အတွက်မဟုတ်ဘူး။ (ကျနော်တို့ ပြည်သူတွေအတွက် အစွမ်းကုန် အလုပ်လုပ်ပေးချင်လို့ပါ။ အစွမ်းကုန် ချစ်ပြချင်တာပါ)



-------------------------------------------------------------------------


(၂၄) သူက ကမ္ဘာ ပတ်ပြီး အတင်းပြောနေတာ မဟုတ်ဘူး။ (ကျနော်တို့ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခ ကို ကမ္ဘာ သိအောင် ကြေငြာပေးနေတာပါ)

(၂၅) စစ်အစိုးရနဲ့ ချိတ်လုံချည်ဝတ်တွေကို ဆန့်ကျင် ရှုံ့ချနေတာ စစ်သားတွေကို သူမုန်းလို့ မဟုတ်ဘူး။( စစ်ခေါင်းဆောင်းကြီး တစ်စု ကောင်းစားဖို့အတွက် စစ်သား ငယ်လေးတွေကို အသုံးချနေတာကို ကြည့်ပြီး သူ့က ရင်နာနေသူပါ။)

(၂၆) ၄၃၆ ပြင်ချင်နေတာ ပုဒ်မ ၅၉ ဃ ၊ စ ကို ပြင်ချင်လို့ သက်သက် မဟုတ်ဘူး။ (ပြည်သူတွေကို စစ်ကျွန်ပြုထားတဲ့ ဥပဒေစာအုပ်ကြီးရဲ့ သော့ချက်ကြီးကို ဖွင့်ချင်လို့ပါ)

(၂၇) PR စနစ်ကို ကန့်ကွက်နေတာ သူ့ပါတီ အနိုင် မရမှာ စိုးလို့ မဟုတ်ဘူး။( တောင်ပေါ် မြေပြန့် ခွဲထားတာရယ်၊ အစွန်းရောက်အချို့ လွှတ်တော်ထဲကို အမတ်အဖြစ်ဝင်လာမှာ စိုးရိမ်တာရယ်ကြောင့် ဖြစ်နိုင်တယ်၊)

(၂၈) ပြည့်သူ့အတွက် ဆို အသက်ကိုတောင် ငဲ့တာ မဟုတ်ဘူး။(ပြည်သူတွေ ရှေ့တန်းရောက်ဖို့ အသက်နဲ့ ရင်းပြီး ပေးဆပ်ခဲ့တာ အကြိမ်ကြိမ် ပါ)

Aung Soe Moe




-------------------------------------------------------------------------


(၂၉) သံဃာတော်တွေကို သတ်ဖြတ် နှိပ်စက်ခဲ့တာ၊ မီးလောင်းဗုံးနဲ့ ပစ်တာ၊ စစ်ဖိနပ် နဲ့ ခေါင်းကို နင်းပြီး သေနတ် ဒင်နဲ့ ထုရိုက် ခဲ့တာ သူ မဟုတ်ဘူး။

(၃၀) နိုဗယ်ဆု အတွက်ရတဲ့ ဒေါ်လာ ၁.၃ မီလျှံ သူ့ကိုကျိုးအတွက် တစ်ပြားမှ မသုံးခဲ့ဘူး။( ပြည်သူတွေရဲ့ ကျမ္မာရေး နဲ့ အခြားလိုအပ်ချက်တွေ အတွက်သာသုံးခဲ့တယ်။)

(၃၁) ပြည်သူ့အတွက် ပေးဆပ်ရင်း သူ့မှာ မိသားစု ဆိုတာ မရှိတော့ဘူး။

(စကားချပ်)
နိုဗယ်ဆုရတာ ပြည်သူတွေကို ရေးတွင်းတစ်တွင်း တူးမပေးဘူးလို့ ပြောပြီး စည်းရုံးရေး ဆင်းတဲ့ ဝန်ကြီးရေ တိုင်းပြည် က မြေပေါ်မြေအောက် ရေပေါ် ရေအောက် သံယံဇာတတွေကို နှစ်ပေါင်း ၆၀ မြေလှန်ရှာယူပြီးမှ ရေတွင်းလေး တစ်ခု တူပေးတာကို မဟာ ကယ်တင်ရှင်ကြီး လို့ ထင်မနေနဲ့။ ရှက်တတ်စမ်းပါ။



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org