မောင်ဇာနီ့ဆီ ရောက်အောင်ပို့ပေးကြပါ

ဒေါက်တာ အောင်ခင်(17 June 15)




-----------------------------------------------------------------------

မောင်ဇာနီ
( Maung Zarni )

. အမေစုက မြန်မာပြည်ကို ခေတ်ပြောင်းသွားဖို့ ကြိုးစားနေရတဲ့သူ တစ်ယောက် ဖြစ်နေချိန်မှာ
. မင်းက သတင်းသမားဘဝတစ်ခုကို ရနိုင်တာကို ဂုဏ်ယူဝမ်းမြောက်ပြီး ရည်မှန်းချက်ပန်းတိုင်ကို ရောက်နေပြီလို့ ယုံကြည်နေတဲ့ သူတစ်ယောက်။

. တစ်ချိန်ကတော့ သူလဲမင်းလိုပဲ မတရားတာမှန်သမျှကို ပြောနိုင်တဲ့သူ မစင်ကနံတယ် စပယ်ပန်းကမွှေးတယ်လို့ ပြောနေနိုင်တဲ့သူတစ်ယောက်ပေါ့။

. ဒါပမေည့် အမေစုက အဲဒီနေရာမှာ ရပ်နေတာမဟုတ်ဘူး။

. လက်ရှိအခြေအနေမှာ သတင်းသမားတစ်ယောက်လို ပြောချင်ရာကို ပြောလို့ရတဲ့ "အနေအထားမှာ" မဟုတ်တော့ဘူး။

. ပြောချင်ရာကိုပြောနေရမည့် "အချိန်" မဟုတ်တော့ဘူး

. ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုတည်းရဲ့ ဦးတည်ရာကိုသာ ပြောရမည့် "အချိန်" ပြောရမည့် "အနေအထား"ကို ရောက်သွားပြီ

. ကမ္ဘာပေါ်မှာ မတရားတာတွေ အများကြီးရှိတယ်။
သတင်းသမားကတော့ လက်တွေ့အကောင်အထည်ဖေါ်ရတဲ့သူ မဟုတ်ဘူး။
မတရားတာတွေကို စဉ်းစားမိတိုင်း ရေးရတဲ့သူ ရေးနိုင်တဲ့သူသာ ဖြစ်တယ်။

. ရိုဟင်ဂျာတွေအတွက် ပြောပေးစရာ လုပ်ပေးစရာလိုတယ်လို့ထင်ရင် လုပ်ပေးစရာလိုတယ် လို့သာပြောပါ။
ဘယ်သူလုပ်ပေးရမည်ဆိုတာကို မဆိုင်တဲ့သူအပေါ် အပစ်မတင်ပါနဲ့။
လုပ်ပေးဖို့ အမေစုထက် တာဝန်ရှိတဲ့သူတွေ အများကြီးရှိတယ်။
Such as: Rohingya are helpless, Rohingyas need help. or Rohingya shouldn't be ignored.
. သူတို့လာရာတိုင်းပြည် အစိုးရ၊ လူဦးရေအဆမတန်တဆ တိုးပွားနေတဲ့ ပြသနာ၊ စတာ စတာတွေ အပြင် မင်းကိုယ်တိုင်မှာကော တာဝန်မရှိဘူးလား
အမေစုက အဖမ်းခံထားရတဲ့ အချိန်တွေ ၁၅ နှစ်ကျော်တယ်
မင်းက အမြဲလွတ်လပ်နေတဲ့သူပါ

. ရိုဟင်ဂျာတွေအရေး ဖြေရှင်းဖို့ သက်ဆိုင်တဲ့သူတွေမှာ တာဝန်ရှိတယ်လို့သာ မပြောပဲ ဘာဖြစ်လို့ အမေစုတစ်ယောက်တည်းရဲ့ နာမည်ကို ဒီကိစ္စရဲ့ တရားခံဖြစ်အောင်လုပ်နေရတာလဲ..ဘာဖြစ်လို့ အမေစုတစ်ယောက်တည်းကိုချည့် အပစ်ရောက်အောင်ပြောနေချင်ရတာလည်း..

. အမေစုက ကိုယ်တိုင်လုပ်ရမည့် ကိုယ်တိုင်လုပ်ကိုင်ဖြေရှင်းနိုင်မည့် မတရားမှုတစ်ခုကို တိုင်းပြည်တစ်ခုမှာ ကွယ်ပျောက်သွားအောင် လုပ်နေရတဲ့ အခြေအနေကို ရောက်နေတယ်။

. အဲဒီလုပ်ငန်းကို အောင်မြင်ဖို့အတွက် ကမ္ဘာပေါ်က မတရားတာတွေကို အကုန်လုံး ရှောက်ပြောနေလို့ မရနိုင်တော့ဘူး။

. ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုတည်းကို အာရုံစူးစိုက်ပြီး ပြောသင့်တာ မပြောသင့်တာတွေကို ရွေးချယ်ပြောရတော့မည့်အခြေအနေကို ရောက်နေတယ်။

. ပြောကြမယ်ဆိုရင် အမေစုမပြောတာတွေ အများကြီးပဲ

. Bosnia အကြောင်း
အင်အားကြီးကွန်မြူနစ်နိုင်ငံက အိမ်နီးချင်းနိုင်ငံကို သိမ်းတဲ့အကြောင်း
စင်္ကာပူက အာဏာရှင်နိုင်ငံဖြစ်နေတဲ့အကြောင်း
တရုပ်နဲ့ ဖိလစ်ပိုင် ဖြစ်နေတဲ့ပြသာနာ အကြောင်း
မြောက်ကိုရီးယား အကြောင်း
အာရပ် နဲ့ အစ္စရေး အကြောင်း
စတဲ့စတဲ့ အကြောင်းတွေကို အမေစုပြောတာ မင်းကြားဖူးသလား
. အမေစုက သူမရဲ့ အတွေး အရေး အပြော အလုပ်တွေကို မြန်မာပြည်ကြီး ကောင်းရာကို ပြောင်းလဲသွားဖို့ တစ်ခုတည်းကို အာရုံထည့်ထားလိုက်ပြီလို့ မင်းကို ပြောချင်တယ်။

. သာမန်လူတွေလို တွေးချင်ရာတွေးမယ်ဆိုပြီး ကိုယ့်အတွေးတွေကို ရောက်ချင်ရာရောက်ပေစေလို့ လွှတ်ထားလို့ မရတော့တဲ့အနေအထားမှာ ရောက်နေတယ်။

. တွေးတော ပြောဆို ရေးသား ဖြေရှင်းရမည့် အကြောင်းအရာတွေကို အချိန်ဇယားချပြီး လုပ်နေရတဲ့ အနေအထားမှာရောက်နေပြီ။



-----------------------------------------------------------------------

မင်းလိုတွေးချင်ရာတွေး ရေးချင်ရာရေး ပြောချင်ရာပြောနိုင်ရလောက်အောင် အချိန်မရတော့ဘူး

. နေမင်းကြီးလဲ သူ့အဆင်းနဲ့ သူအလင်းနဲ့ မီးတိုင်ငယ်လည်း သူ့အရွယ်နဲ့ အစွယ်နဲ့ ဆိုတာ နားလည်ပါတယ်

. ဒါပေမည့် တစ်ယောက်အကြောင်း တစ်ယောက် နားလည်ဖို့တော့ လိုလိမ့်မည်။

. စင်္ကြာဝဠာသောင်ကျွန်း ထွန်းလင်းနေတဲ့ နေမင်းကြီးကို ဝါးလုံးခေါင်းထဲထိ အလင်းမပေးနိုင်လို့ အပစ်တင်နေရင် မင်းသာမောသွားမယ်
ဝါးလုံးကို မခွဲနိုင်သမျှ အလင်းရောင်က အထဲကို ဝင်မှာမဟုတ်ဘူး

. ဒေါက်တာ အောင်ခင်
https://www.facebook.com/maung.zarni.9?fref=nf





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org


၁၆ - ဝ၆ - ၂၀၁၅