ပိုက်ဆံမရှိ တပည့်ရှိတဲ့ ဆရာများ

လု လင် (8 June 15)




-----------------------------------------------------------------------



-----------------------------------------------------------------------

ပိုက်ဆံမရှိ တပည့်ရှိတဲ့ ဆရာများ
~~~~~~~~~~~~~~~~~~~

ဖြူးချောင်း ရေလောင်တမံ လေယာဉ်ကွင်းအနီး ကျောက်အိုးဝိုင်ရွာလေးမှာ အိမ်ခြေ 80လောက်ရှိတဲ့ရွာသို့နေ့စဉ် ပညာဒါနပြုနေတဲ့ လေးစားစရာဆရာနှစ်ဦးကို ဖော်ပြပေးလိုက်ပါတယ်။
ဖြူးမြို့ကနေ မြေပြင်5မိုင် တောင်ပေါ်
4မိုင်လောက်ရှိတဲ့ ခရီးကို နေ့စဉ် ဆိုင်ကယ်ဖြင့် သွားပြီး ပညာဒါနပြုနေတဲ့ ဆရာလေးနဲ့ ဇေယျာဝတီ မြို့ကနေ မြေပြန့် 7မိုင် တောင်ပေါ်4မိုင်လောက်ရှိတဲ့ ခရီးကို နေ့စဉ်ဆိုင်ကယ်ဖြင့် သွားပြီး ပညာဒါနပြုနေတဲ့ ဆရာမလေးနှစ်ယောက်ရဲ့ စိတ်ဓာတ်ကိုလေးစား၍တင်ပေးလိုက်ပါသည်။

တစ်ခါတစ်ရံဆိုင်ကယ်ဖို့ငွေမရှိတဲ့နေ့ဆိုလျှင်အစောကြီးခြေလျှင် သွားရတဲ့နေ့လဲရှိတယ်တဲ့။ မိုးတွင်းဆိုလျှင် လမ်းကရွံ့မြေဆိုတော့ သွားလာရတာခက်ခဲပါတယ် ။



-----------------------------------------------------------------------

အခက်ခဲ့တွေကြားကနေ ပညာမသင်နိုင်ရှာတဲ့ ကလေးတွေကို စေတနာ အနှစ်နာ ဝါသနာ ကရုဏာ မုဒိတာ ရှေ့ထားပြီး နေ့စဉ်သင်ကြားပေးနေတဲ့ ဆရာနဲ့ဆရာမလေးတို့ရဲ့ ဂုဏ်ကျေးဇူးများကို အစဉ်လေးစား အပ်ပါသည်ခဗျာ။
ဆရာတို့ရဲ့ စေတနာအကျိုးတရားတွေ တစ်နေ့ခံစားနိုင်မှာပါ။

အော်--- ဒီလောကမှာ တကယ့်မေတ္တာတရားတွေ စေတနာကောင်းတွေနဲ့ပြည့်စုံတဲ့ လူတွေရှိသေးပါလားနော်။
စာသင်ကျောင်းကလဲ မြင်တဲ့အတိုင်းပါဘဲ မဟာဒုတ်အိမ်လို မိုးတွင်းဆိုလျှင် ဟိုကကျ ဒီကကျ ဘယ်လောက်ဘဲ ဖာထေးဖာထေး အဆင်မပြေပါ ကျောင်းဆိုပေမယ့် တဲကလေးလိုပါဘဲ။ တဲမဟုတ်တဲ့ ကျောင်းကလေးပါ အလှူရှင်တွေ အရမ်းလိုအပ်နေသည်မှာ အမှန်ပင် တွဲလက်တွေ လိုအပ်နေပါတယ် ဘယ်မီဒီယာမှမသိသေးပါဘူး မီဒီယာတွေသိအောင် ရှယ်ပေးစေလိုပါတယ်။

^^^^
ဆက်သွယ်ရန် လိပ်စာ
ကျော်ဆွေဝင်း(ရွှေအင်း)09797855691
ဆရာလေးနာမည် မြင် ့ဇော်ဝင်း
09428016800
^^^^^^^^^^^
မေတ္တာဖြင့် -လုလင်
^^^^^^^^^^^^^
ဓာတ်ပုံ-Kyaw Swe Winဖေ့ဘုတ်မှ ကူးယူဖော်ပြပါသည်။





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org