မိုး ..ဘာကြောင့်ရွာရတယ်..။ (သုံးသပ်ချက်)

ငရဲသား(20 May 15)




-------------------------------------------------------------------------


(၁)
စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ဘူးကိုင်းကျေးရွာမှာ
၂၀၁၅ မေလ ၁၅ ရက်နေ့ကနေစပြီး ၇ ရက်တိုင်တိုင်ကျင်းပမယ့် မြန်မာ့ သမိုင်းမှာ အကြီးမားဆုံး လို့ သတ်မှတ်ထားတဲ့.. ရွှေသံလွင်ကုမဏီရဲ့ ရှင် (၅၀ဝ၀) ရှင်ပြုပွဲအလှူကြီးဟာ ၁၅ ရက်နေ့ မောင်ရင်လောင်းများ သင်္ကန်းဝတ်အပြီး နောက်တစ်နေ့၁၆ ရက်နေ့ မနက် ၄ နာရီမှာ လေကြီးမိုးကြီး ကျပြီးမဏ္ဍပ်များအားလုံးပျက်စီးကာ ရေလွှမ်း ပြီး ပွဲပျက်သွားခဲ့ပါတယ်..။

အဲဒီအလှူဟာ ...
ရန်ကုန်တိုင်းသံဃနာယက ဥက္ကဌ ဆရာတော် ကိုးဆယ်ဆ ဆရာတော်က အခါတော်ပေး ဦးဆောင်စီစဉ်ခဲ့တာဖြစ်သလို မိုးကြီးလေကြီးကျတဲ့ ၁၆ ရက်နေ့မနက်မှာ ..
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်ချီးမြှင့် ရေစက်ချသာဓုခေါ်မယ့် အလှူတစ်ခုဖြစ်တယ်လို့ သိရပါတယ်.။

သမ္မတကိုယ်တိုင်လာမှာဖြစ်တဲ့အတွက် . အလှူကို စစ်ကိုင်းတိုင်းတိုင်းမှူး ဗိုလ်ချူပ်သာအေးကိုယ်တိုင် စီမံကွပ်ကဲခဲ့ပါတယ်။

လက်ရှိအစိုးရ အာဏာတည်မြဲဖို့ ကိုးနဝင်းကြေ ..
ယတြာ အစီအရင် ပေါင်းများစွာနဲ့ ကျင်းပဖို့ ကြိုးစားခဲ့တာဖြစ်တဲ့အတွက်...
အခုလို ရုတ်တရက် လေကြီးမိုးကြီးကျ ပျက်စီးသွားတာဟာ ၄င်းတို့အတွက် လုံးဝ.. ထိပ်လန့်တုန်လှုပ်ဖွယ်ရာပါပဲ။

အကြောင်းကြောင့် ..
အကျိုးတရားဆိုတာ ဖြစ်လာတာပါ..။

ဆင် ၉ စီး၊ မြင်း ၁၀၈ စီး၊ လှည်း ၁၀၁၈ စီး၊ ပင့်သံဃာ ၂၅၅၉ ပါး နဲ့ ကိုးနဝင်း ယတြာပေါင်းများစွာနဲ့.. စီရင်ထားတဲ့ .အဲဒီအလှူပွဲကြီးကို မိုးက ဘာ့ကြောင့်ရွာစေသလဲဆိုတာကို .. အောက်ပါအတိုင်းသုံးသပ်ထားပါတယ်..။

------------------------------------------
(၂)
"မဟာအသဒိသ ဆိုသော အသုံးအနှုန်း"
----------------------------------------
မဟာအသဒိသ ဆိုတဲ့ အသုံးအနှုန်းဟာ ဗုဒ္ဓသာသနာ သမိုင်းမှာ တစ်ကြိမ်တစ်ခါသာ ကျင်းပတဲ့အလှူ...
တနည်းအားဖြင့် ဘုရားတစ်ဆူမှာ တစ်ကြိမ်သာ ကြုံတွေ့ရမယ့်အလှူလို့ စာပေတွေထဲမှာဖတ်ဖူးပါတယ်..။

ဘုရားရှင်လက်ထက် မဟာအသဒိသ အလှူကို ကောသလ္လမင်းကြီးနဲ့ မိဘုရားကြီး မလ္လိကာ တို့ကသာ လှူဒါန်းခဲ့ဖူးပါတယ်.။

ရွှေသံလွင်အလှူထက် ကြီးကျယ်မြင့်မြတ်တဲ့ ဘုရားရှင်လက်ထက် အနာထပိဏ် သူဌေးကြီး၊ ဇောတိက သူကြွယ်ကြီးနဲ့ အဇာတသတ်မင်းတရားကြီး တို့ လှူခဲ့တဲ့ လှူဒါန်းမှုတွေကိုတောင်မှ မဟာအသဒိသ အလှူ တနည်းအားဖြင့် .. အတုမရှိအလှူ လို့ သတ်မှတ်လှူဒါန်းခြင်း တင်စားခြင်း မရှိပါဘူး။

အဲဒီအလှူကို လှူဒါန်းသူတွေဟာ မိမိတို့ကိုယ်တိုင်လည်း သီလစင်ကြယ်ရသလို စေတနာသုံးတန် အပြည့်အဝရှိရပါတယ်..။

ချီးမြှင့်တဲ့ မင်းကလည်း သီလစင်ကြယ်ပြီး တိုင်းပြည်အပေါ်မှာ မင်းကျင့်တရားဆယ်ပါးနဲ့အညီ အုပ်ချုပ်ရပါတယ်...။

သူဌေးသူကြွယ်မဆိုထားနဲ့ ပြည့်ရှင်မင်းတောင်မှ သီလစင်ကြယ်ပြည့်စုံရပါတယ်.။ အလှူခံ့ပုဂ္ဂိုလ်ကလည်း ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ ဖြစ်ရပါမယ်..။

အဲဒီတော့ ရွှေသံလွင်ရဲ့အလှူမှာ.. မဟာအသဒိသ.. ဆိုတဲ့ အသုံးအနှုန်းကို သုံးနှုန်းခြင်းဟာ မတန်မရာ သုံးနှုန်းခဲ့ခြင်း မနှိုင်းကောင်း မနှိုင်းအပ်ရာသုံးနှုန်းခဲ့ခြင်းလို့ယူဆပါတယ်..။

အဲဒါက အဓိကအကျဆုံး အကြောင်းတစ်ရားတစ်ခုပါ..။

အလှူကို .. ဘယ်လိုပဲ ပြန်လုပ်ပါစေ ..... ၄င်း အသုံးအနှုန်းနဲ့ ထိုက်တန်တဲ့ ရလာဒ်ကို .. ခံစားရမှာပါပဲ..။

-----------------------------------
(၃)
"သမ္မတ ဦးသိန်းစိန်၏ ဘုန်းကံ"
------------------------------
သမ္မတ ဦးသိန်းစိန်ဟာ..
အာဏာစတင်ရယူကတည်းက ပြည်သူတွေအပေါ် ကတိတွေ အမျိုးမျိုးပေးခဲ့ပါတယ်..။

ဘာတစ်ခုမှ ရည်ရွယ်ချက်ရှိရှိ စွမ်းဆောင်ခဲ့တာမတွေ့ရသလို..
၄င်းရဲ့ လေသင့်ရာယိမ်းနေတဲ့ ခံယူချက်နဲ့ ဆုံးဖြတ်ချက်တွေကြောင့်... ပြည်သူအများရဲ့ အဆဲခံ အဆိုခံ ကျိန်ဆဲခံ အလှောင်ခံ ဖြစ်ခဲ့တာ ကြာပါပြီ..။

လက်ပံတောင်းတောင် အစီရင်ခံစာအရ..
စီမံကိန်းဧရိယာအတွင်းက လယ်တီသိမ်ကို မမူလအတိုင်း မပျက်ပြယ်စေပဲ ရွှေ့ပြောင်းရမယ်ဆိုတဲ့တိုက်တွန်းချက်ကို အကောင်အထည်ဖော်ဖို့မျက်ကွယ်ပြုပြီး.. တယ်တီသိမ်ကို ဘူဒိုဇာနဲ့ ထိုးဖဲ့ဖျက်ဆီးခဲ့တာကို လက်ခံခဲ့သူပါ..။

ထို့အတူ နေပြည်တော်ဒေသအတွင်း သရက်ခြံတည်ဆောက်ဖို့အတွက်. နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းပေါင်းများစွာကို..

အထောက်အထားမခိုင်မာဘူးဆိုတဲ့အကြောင်းပြချက်နဲ့.
ထိုးကော်ဖျက်ဆီးပြီး ..ကျောင်းထိုင်ခြောက်ဦးကို ..
ဖမ်းဆီးလူဝတ်လဲ ထောင်ချခဲ့တဲ့ထဲကိစ္စမှာလည်း.
မသိချင်ယောင်ဆောင်ခဲ့ပါတယ်..။

အခိုင်မာဆုံးအကြောင်းတရားကတော့..
၂၀ဝ၇ ရွှေဝါရောင် သံဃာ့အရေးအခင်းကို ကိုင်တွယ်ခဲ့တဲ့ ..
နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ခဲ့တာပါပဲ.။

အဲဒါကြောင့် ၄င်းဟာ ..
အခုလို ကြီးမားတဲ့အလှူမှာ..အစီအစဉ်အရ ရေစက်ချ ..သာဓုခေါ်ခွင့်မရခဲ့တဲ့ .. သမိုင်းဝင် ဘုရင်တစ်ဦးအဖြစ် ရာဇဝင်တွင်သွားပါပြီ..။

------------------------------
(၄)
" စစ်တိုင်းတိုင်းဝန်ကြီးချုပ်၏ အကုသိုလ်"
----------------------------------
အဲဒီအလှူကို ကျင်းပတဲ့နေရာဟာ စစ်ကိုင်းတိုင်းဒေသကြီးအပိုင်ဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းဝန်ကြီးချူပ် ဥိးသာအေးရဲ့ အာဏာစက်ဖြစ်ပါတယ်..။

အဲဒီအလှူကိုလည်း ၄င်းကိုယ်တိုင် စီမံကွပ်ကဲနေပါတယ်..။

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်သာအေးဆိုတာ ၂၀၁၂ စစ်ကိုင်းတိုင်း၊ ဆာလင်းကြီး၊
လက်ပံတောင်းတောင်မှာ ဆန္ဒပြသံဃာ (၉၉) ပါး မီးသင့်လောင်စေတဲ့ ညွှန်ကြားချက်ကို အကောင်အထည်ဖော်တဲ့ အဓိက တာဝန်အရှိဆုံးပုဂ္ဂိုလ်ပါ။

၄င်း ဖြစ်ရပ်ကို ..တာဝန်မခံခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်..။

သံဃာ (၉၉) ပါး ဆိုတာလည်း ..
(၉) နဝင်းကြေပါပဲ..။

အဲဒီ အကုသိုလ်က အခု (၉) နဝင်းကြေအလှူနဲ့ တိုက်ဆိုင်စွာ..တစ်ပတ်ပြန်လည်လာတယ်လို့ .. ယူဆပါတယ်..။

ထို့အတူ အခုအလှူအတွက် ၄င်း အုပ်ချုပ်တဲ့ ဒေသအတွင်းကဝန်ထမ်း အရာထမ်းများကို ဒေသတစ်ခုချင်းစီကိုရှင်လောင်း ခွဲတမ်းနဲ (၅၀ဝ၀) ပြည့်အောင် အာဏာစက်နဲ့ ရှာဖွေခိုင်းစေခြင်း၊
ရွာသူရွာသားများကို အာဏာပိုင်များရဲ့ အစီအမံနဲ့ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ.. အမိန့်နဲ့ လုပ်အားပေးစေခြင်း အစရှိတဲ့ ..
အလှူတစ်ခုရဲ့ စေတနာသုံးတန်နဲ့ ဆန့်ကျင်စွာ ခိုင်းစေခဲ့တဲ့ အချက်တွေကလည်း .. အကြောင်းတရားတစ်ခုအဖြစ် .. ပါဝင်ခဲ့ပြန်ပါတယ်..။

-------------





-------------------------------------------------------------------------


(၅)
" ရွှေသံလွင်ကုမ္ပဏီရဲ့ အရှိန်အဝါ"
-------------------------------------
ရွှေသံလွင်ကုမဏီဟာ အစိုးရနဲ့ပေါင်းပြီး..
တစတစကြိးပွားလာတဲ့ခရိုနီ ကုမဏီတစ်ခုဖြစ်သလို...

အများပြည်သူရဲ့ ကျိန်ဆဲခံရဆုံး ကုမဏီတစ်ခုပါ..။

ပြွတ်သိပ်ကျပ်တည်းစွာ တင်ဆောင်သွားလာနေတဲ့ ..
ရွှေဧည့်သည် လိုင်းကားတွေပေါ်က ခရီးသည် သိန်းပေါင်းများစွာရဲ့ မူးမောသံတွေ ...
နိစ္စဓူဝ ကျိန်ဆဲမှုတွေနဲ့.. Sky Net ကြည့် ပရိသတ်များစွာရဲ့ ကျိန်ဆဲမှုတွေကို.. အရင်ဆိုင်ရဆုံးပါ..။

တစ်နေ့တစ်နေ့ ..၄င်းတို့ကို ကျိန်ဆဲသူတွေက.. မရေတွက်နိုင်ပါဘူး..။

အဲဒါကြောင့် ပြည်သူပေါင်းများစွာရဲ့ ကျိန်ဆဲမှုတွေကို.. အလှူဒါနနဲ့ ဖုံးလွှမ်းဖို့ကြိုးစားခဲ့တာပါ..။

အဲဒီလို ချမ်းသာကြွယ်ဝခဲ့တဲ့အတွက် .. ၄င်းက ငွေကြေးသန်းပေါင်းများစွာစိုက်ထုတ်ပြီး .. သမ္မတအပါအဝင် အစိုးရအဖွဲ့တွေအတွက် လုပ်ပေးခဲ့တာပါပံ..။

အဲဒီအတွက် ..တကယ့် ဒိတ်ဒိတ်ကျဲ အလှူကြီးကျင်းပတဲ့အချိန်ကျမှ.. အကြောင်းတရားတွေက ... တိုက်ဆိုင်လာတယ်လို့ယူဆပါတယ်.။

---------------------------------
(၆)
"အခါတော်ပေး ကိုးဆယ်ဆ အနန္တမေတ္တာရှင်ဆရာတော"်
------------------------------





-------------------------------------------------------------------------


ဆရာတော် ဦးဣဒ္ဓိဗလ ဆိုတာ ရန်ကုန်တိုင်း သံဃာ့နာယက ဥက္ကဌဆရာတော်ဖြစ်ပြီး.. ဒေါ်ကြိုင်ကြိုင်က ကိုးကွယ်သူလို့ နာမည်ကြီးပါတယ်.။

မဟာသန္တိသုခကျောင်းတိုက်ကို ဝင်စီးပြီး ပီနန်ဆရာတော်ကြီးရဲ့တပည့် .. တကယ့် ကမ္ဘာ့ သာသနာပြူ လန်ဒန်ဆရာတော်တို့ကို ဗကပ များ အဖြစ် သံဃာများအတွင်း ဝါဒဖြန့်ကာ ဖမ်းဆီးလူဝတ်လဲအောင် ဖန်တီးခဲ့တဲ့. ဆရာတော်တပါးဖြစ်ပါတယ်..။

သန္တိသုခကျောင်းတိုက်ကို ဝင်စီးစဉ်က.. ကမ္ဘာ့သာသနာပြူဆရာတော်တွေကို.. ဗကပတွေ ကျောင်းထဲမှာရှိတယ်.. အင်အားသုံးသင့်ရင်သုံးရမယ်လို့.. အငြိုးကြိးစွာ ခိုင်းစေခဲ့သူပါ..။

တနည်းအားဖြင့် မဟာသန္တိသုခကျောင်းတိုက်ကြီးကို .. ပီနန်ဆရာတော်ကြီးရဲ့ စီမံမှုအောက်ကို ပြန်မရောက်အောင်.. အာဏာပိုင်များနဲ့ပေါင်းပြီး ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့. အတ္တလောဘရှိသူတစ်ဦးပါ..။

ပီနန်ဆရာတော်ကြီးလက်ထက်က ဓမ္မတက္ကသိုလ်ဖွင့်လှစ်ခဲ့တဲ့ ကျောင်းကြိးကို.. သာသနာရေးလက်ထက်မှာ.. နှစ်ပေါင်းများစွာ မင်္ဂလာအခမ်းအနားငှားစားခြင်း.။

အဆိုသင်တန်းဖွင့်ခြင်း အစရှိသည်တို့ကို မမြင်လိုတဲ့ ပီနန်ဆရာတော်ကြိးက သန္တိသုခကျောင်းတိုက်ကို ုဓမ္မတက္ကသိုလ်အဖြစ် ပြန်ဖွင့်ဖို့ကြိုးစားတာကို.. ကျောင်းတိုက်အားသိမ်းယူခြင်းဖြင့် ပြန်လည်တုန့်ပြန်ခဲ့သူလည်းဖြစ်ပါတယ်.။

တနည်းအားဖြင့် ..ဘုန်းကြီးလက်ကိုင်တုတ်ပါ..။

----------------------------
(၇)
အားလုံးကို ခြုံငုံ သုံးသပ်ကြည့်ရင်.. အဲဒီလို လောဘ ဒေါသ အတ္တ ဖုံးလွှမ်းနေတဲ့ ..
မနှိုင်းရာ မနှိုင်းအပ် မနှိုင်းကောင်း ....
အက္ကသိုလ်များစွာ စုဆုံသွားတဲ့..
အကြောင်းတရားတွေနဲ့ ..
ထေရဝါဒကို သွေဖည်တဲ့..
ယတြာ အစီအရင် တွေ ..
ပါဝင်ပတ်သက်သူတွေရဲ့ ..
ဘုန်းကံတွေကြောင့် ..

အဲဒီ အတုမရှိ အမည်ခံအလှူကြီး..





-------------------------------------------------------------------------


လေကြီးမိုးကြိး ကျပြီး ...

အများသိတဲ့အတိုင်း ဖြစ်သွားတယ်လို့ ..ယူဆမိကြောင်းပါ..။


တရားကို ..နတ် စောင့် ..ပါတယ်..။
မည်သူမဆို Share နိုင်ပါတယ်..။

( Credit- ငရဲသား)



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org