ဗိုလ်ခင်ညွန့် ကို ခွင့်လွှတ်မြန်ကြသူများအတွက် အပိုင်း(၁)

မောင်ညီ MMCP(8 December 15)




------------------------------------------------------- --------------

စစ်ထောက်လှမ်းရေးဟောင်းများနှင့် မြန်မာ့နိုင်ငံရေး
+++++++++++++++++++++++

ဦးခင်ညွန့်ကို လွှတ်လိုက် တာဟာ သူတို့ကို လူတွေက ဘယ်လောက် ခွင့်လွှတ်နိုင်လဲ ဆိုတာ စမ်းသပ် ကြည့်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။
ပြီးတော့ ဒီလောက် ဆိုးခဲ့တဲ့ လူဟာ ပြန်လည် ထင်ပေါ် လာနိုင်သေးလား ဆိုတာ စမ်းကြည့် တာလဲ ဖြစ်နိုင်တယ်။
သူလုပ်ခဲ့တာ ကောင်းခဲ့တာတွေ ရှိတယ် ဘာဘာ ညာညာ။

မြန်မာပြည် ဒီလောက် ဆိုးရွား သွားခဲ့တဲ့ အဓိက တရားခံ ထဲမှာ သူပါတယ်။
တရားခံ နံပါတ် ၁ ဟာ ဦးနေဝင်း ဆိုရင် တရားခံ နံပါတ် ၂ ဟာ ဦးခင်ညွန့်ပဲ။
၈၈ မှာ အတိုက်အခံ တွေဘက်က ကြားဖြတ် အစိုးရဖွဲ ့ဖို ့ နှောင့်နှေး ခဲ့ရတဲ့ အခြေအနေမှာ သပိတ် တန်ပြန်ရေး ဖော်ဆောင် သွားတာ သူနဲ့ ထောက်တွေပဲ။
၈၈ မှာ ခေါင်းဖြတ်ပြ၊ စက်ရုံတွေ ဖောက်ပြ မင်းမဲ့ စရိုက် ဆိုတဲ့ ဘက်ကို လုပ်ပြ သွားတာ သူပဲ။
အဲ့ဒါကြောင့် ဒီနေ့ တချို့ လူငယ်တွေ ၈၈ မှာ တပ်မတော်က ကယ်တင် လိုက်ရတယ် ဆိုတဲ့ ဗိုလ်ချုပ် ခင်ညွန့်ရဲ့ အလှည့်စား ခံလေးတွေ ဖြစ်သွားတာပဲ ဒီနောက်မှာ သပိတ် နှိမ်နှင်းရေး တွေကို လူ မဆန်အောင် ကြူပင်ခုတ် ကြူငုတ် မကျန် လုပ်ခဲ့တာ သူပါပဲ။

ရေကြည်အိုင်လိုမျိုး နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စစ်ကြောရေး စခန်းတွေက ငရဲခန်း နှိပ်စက်ခန်း တွေဟာ သူ့ စနက်တွေ ချည်းပါပဲ။
ဆိုင်ကယ် မောင်းခိုင်း တာက အစ သောက်တဲ့ ရေထဲ မာကျူရီ ထည့်ပြီး ဦးနှောက် ပျက်အောင် လုပ်တဲ့ အထိ ဆိုးရွား ခဲ့တာ သူပါပဲ။





------------------------------------------------------- --------------

ရေကြည်အိုင်ကို ဝင်သွားတဲ့ သူမှန်သမျှ အကောင်းအတိုင်း ပြန်ထွက် လာတယ် ဆိုတာ အလွန် ရှားပါတယ်။
လူမသိ သူမသိ လက်လွန် သွားတဲ့ သူတွေ ဘယ်လောက် ရှိသလဲ ဆိုတာ ရေတွက်လို့ မရပါဘူး။
တကယ်တော့ မြန်မာ တပြည်လုံးကို အကြောက် တရားနဲ့ အုပ်ချုပ်ခဲ့တာ မျိုးကို စစ်ဗိုလ်ချုပ်တွေ မလုပ်တတ်ခဲ့ပါဘူး။
ညအချိန် မတော် အိမ်တံခါး လာခေါက်ပြီး ညီလေး အစ်ကို တို့နဲ့ ခဏ လိုက်ခဲ့ပါလို့ ဘယ်တော့များ အခေါ် ခံရမလဲ ဆိုတဲ့ အကြောက် တရားမျိုးကို လူတွေ စိတ်ထဲ ရိုက်သွင်း ခဲ့တာ ဗိုလ်ချုပ် ခင်ညွန့်ပါ။
နိုင်ငံရေး ဆိုတာ လုပ်တာနဲ့ သင်္ချိုင်း ကုန်းပဲ ပြေး မြင်အောင် လုပ်ထားတာ သူပါ။

စစ်သားတွေဟာ မျက်ကန်း မျိုးချစ်နဲ့ ငါ တကောကော အမှားတွေလုပ် တိုင်းပြည်ကို စစ်တပ်လို အုပ်ချုပ်ဖို့ ကြိုးစားပါတယ်။
တကယ်တော့ စစ်ဗိုလ်ချုပ်တွေ ချည်းပဲဆို စစ်တပ်က ဒီလောက် ဖိနှိပ်ဖို့ မလွယ်ပါဘူး။
ဗိုလ်ချုပ် ခင်ညွန့်လို ပါးပါး နပ်နပ်နဲ့ ကောက်ကျစ်တဲ့ စစ်သား မဟုတ်တဲ့ သူကြောင့်သာ စစ်တပ် သက်ဆိုးရှည် ခဲ့တာပါ။
အာဏာရှင်တွေရဲ့ ကယ်တင်ရှင် ပါပဲ။ ဒါကြောင့် သူဟာ တပ်ထဲမှာ နေရာ ပေးခြင်း ခံခဲ့ရတာပါ။

ဦးနေဝင်း ဆင်းပြီး သူ့ သြဇာခံတွေလဲ ထည့်မရတဲ့ အဆုံးမှာ ဗိုလ်ခင်ညွန့်ကို နောက်ဆုံး လက်နက် အဖြစ် သုံးခဲ့တာပဲ။
အဲ့ဒီ အချိန်မှာ ဗိုလ်ချုပ် စောမောင်ဆိုတာ ရုပ်သေးပဲ။
နောက်က တကယ် လှုပ်ရှားခဲ့တာ တွင်း ၁ ၊ တွင်း ၂ နဲ့ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ် မျိုးညွန့်တို့ပဲ။
အဲ့ဒီ ၃ ယောက်မှာ စီမံခန့်ခွဲ သူက ဗိုလ်ချုပ် ခင်ညွန့်ပဲ။ ဗိုလ်ချုပ် သန်းရွှေ ကိုလဲ အစက ဟန်ပြ အဖြစ် တင်ခဲ့တာပဲ။
နောက်မှ သူတို့ အပေါ် ရောက်သွားလို့ ခံလိုက်ရတာ။





------------------------------------------------------- --------------

သေနတ် ရှိမှ နေရာ မြဲတဲ့ စစ်တပ် ထဲမှာ စစ် ကောင်းကောင်း မတိုက်တတ်၊ စစ်တပ် ကျောထောက် နောက်ခံ မရှိတဲ့ ဗိုလ်ခင်ညွန့်ဟာ သူ ့အခြေအနေ မကောင်းဘူး ဆိုတာ သိပါတယ်။
ဒါကြောင့် တိုင်းရင်းသား တော်လှန်ရေး အုပ်စုတွေနဲ့ စစ်ပြေငြိမ်းရေး လုပ်တာကို ဘန်းပြပြီး ဘိန်းမှောင်ခို အဖွဲ ့၊ လက်နက်ကိုင် သူပုန် အဖွဲ ့တချို့ကို ငြိမ်း အဖွဲ့တွေ အဖြစ် ဖန်တီးပြီး ကျောထောက် နောက်ခံ ရအောင် ကြိုးစား ခဲ့ပါတယ်။
ဒါကြောင့် ကိုးကန့် တို့ဟာ မြန်မာ လူမျိုးထဲတောင် ပါဝင်ခွင့် ရခဲ့ ပါတယ်။
သူ ့ကြောင့် ငြိမ်း အဖွဲ့တွေ သူတလူ ငါတမင်း လုပ်ချင်တိုင်း လုပ်တာကို ခံခဲ့ရပါတယ်။
စစ်တပ် ကျောထောက် နောက်ခံ မရှိတဲ့ သူအဖို့ ဒီလို ရည်ရှည် သွားတာဟာ နောက်ဆုံး သူ ဒုက္ခ ရောက်မယ် ဆိုတာကို သဘောပေါက် လာပါတယ်။

စစ်အစိုးရ အနေနဲ့ ရည်ရှည် သွားတာဟာ မကောင်းဘူးလို့ အစောဆုံး သဘောပေါက် တာလဲ ပါမယ် ထင်ပါတယ်။
ဒါကြောင့် အခု ပုဆိုးဝတ် စစ်သားကြီးတွေ ကပြနေတဲ့ ဇာတ်ကို သူက အရင် ရေးသွားခဲ့တာပါ။
အဲ့ဒီ အချိန်မှာသာ သူ့ကို ပေးက ခဲ့ရင် အခု ပုဆိုး ဝတ်ကြီးတွေကို ဗီလိန် နေရာထားပြီး သူက မင်းသား နေရာကနေ ကမှာကို မြင်ခဲ့လို့ စင်ပေါ်ကနေ ကန်ချ ခံခဲ့ရတာပါ။

တကယ်တော့ ဗိုလ်ချုပ် ခင်ညွန့်ဟာ စစ်သား စစ်စစ် မဟုတ် ပါဘူး။
ရှေ့တန်းတောင် ကောင်းကောင်း ရောက်ဖူးရဲ့လား မပြော တတ်ဘူး။ စစ် တက္ကသိုလ် ဆင်းလဲ မဟုတ် ပါဘူး။
စစ်သားတွေဟာ သေနတ်ကို သုံးပြီး ဉာဏ်နည်းနည်း နဲ့ပဲ လုပ်တတ် ပါတယ်။ သူကတော့ ဉာဏ်ရှိပြီး ကောက်ကျစ်တဲ့ သူပါ။
ကဲ ဘယ်သူဟာ ပို ကြောက်စရာ ကောင်းလဲ စဉ်းစားကြည့်ကြပါ။
သူလို လူမျိုးကို ကျနော်တို့ အာဃာဋ ထားစရာ မလိုဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီ အတွက် အချိန် မရှိလို့ပဲ။
တခြား တိုးတက်ရေး လုပ်စရာတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် နိုင်ငံ တိုးတက်ရေးမှာ ဝင် မနှောင့်ယှက် နိုင်အောင်တော့ သတိထား နေရမယ်။
သူ လုပ်ခဲ့တာတွေကို တော့ မေ့မပစ်ပဲ ထပ်မခံ ရအောင် သင်ခန်းစာတော့ ယူရမယ်။

မောင်ညီ MMCP



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org