ဘူးလက်လှဆွေ-နဲ့ ဟာကျူ လီ ကသာ

Thet Oo Swe(1 September 15)




-----------------------------------------------------------------------

ဟေ့ကောင် ဟာကျူ လီဆိုတဲ့ အကောင်
ငါ့အမေက လက်ရှိ အသက် ၉၀ ကျောက်ဆည်မှာရှိတယ်
ငါမင်းရှိတဲ့ ကသာ ကို ကားနဲ့မကြာခင် လာခဲ့မယ် မင်းထွက်မပြေးနဲ့ ။
ပြောပြီးမှ သတ္တိတော့ရှိရမှာပေါ့ကွာ ။
အဲ ့ကောင် ကသာမြို့ ဘယ်နားမှာနေတယ်ဆိုတာ သိတဲ့လူပြောစမ်းပါ ။
ထမင်းသာဝအောင်စားထားပေတော့ ။

ငါကဗမာစစ်စစ်ကွ မင်းလိုကုလားမဟုတ်ဘူး ။
မင်းစောင့်နေ ။
ကဲ ကြိုက်တဲ့နွား လာ ဆဲ ကြိုက်ရာနည်းနဲ့ရှင်းနိုင်တယ်
ဖုံးနံပါတ်က ဝ၉၈၆ ၁၆၆၀၈ တပ်က ကြည်းနံပါတ်အတိုင်း ကြည်း ၁၆၆၀၈ ကို ရအောင် ဖုံးနံပါတ်လုပ်ထားတာ ။
ဦးလှဆွေ ဂန့်ဂေါ အမျိုးသားလွှတ်တော်အမတ် ဟုတ်ပြီလား



-----------------------------------------------------------------------

ကျနော်၏မွေးသမိခင် ကျေးဇူးရှင် အမေခင်ဗျား
အမေ့ကိုဘာမဆိုင်ညာမဆိုင်စော်ကားသွားသော ဟာကျူ လီ ကသာ ဆိုသူအား ဝ ' အောင်ထိုးပြီးလွှတ်တော်ထဲကထွက်သွားပါမယ်

ဒါမှ အမေ့အပေါ်ကျေးဇူးဆပ်ရာကျပြီး တစ်ဦးတည်းသောသားတစ်ယောက်ရဲ့တာဝန် ကြေမယ်လို့ ကျနော်ထင်ပါတယ်
ခင်ဗျား ကျနော် ကသာ သွားမယ့်ရက်အမေ့ကိုမပြောပါ ပြန်လာရင်ဝင်ကန်တော့ပါမည် ။

---
Hla Swe





-----------------------------------------------------------------------

အောက်ပါပုံမှာ ကျနော် ဦးလှဆွေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) ရဲ့ မိခင် ဒေါ်သန်းကြည် အသက် ၉၀ ပါ ။
ဟာကျူ လီ ကသာ ဆိုတဲ့ ပုဂ္ဂို လ်က တက်ချ် တွဲပြီး ပေါ်တင် စော်ကားတာ ခံထားရတဲ့ မိခင်အိုကြီးပါ ။ ကျနော့်ကို နိုင်ငံရေးအရ တိုက်ခိုက်ပါ ။ ကျနော့်ကို နိုင်ငံရေးခံယူချက်အရ မကြိုက်ရင်မကြိုက်ကြောင်းပြောပါ ။ ဆဲပါ ။
ကိစ္စမရှိပါဘူး ။ ဒါက ကျနော့်ကို မွေးထုတ်ခဲ့တဲ့ ကျနော့်အမေ အရင်း ပါ ။ ဒီနိုင်ငံရေးထဲမှာ ကျနော့်အမေ မပါ ပါဘူး ။ ဒီကိစ္စ ဟာကျူ လီ ကသာ နဲ့ ကျနော်ရှင်းဘို့ ကျနော့်မှာတာဝန်ရှိပါတယ် ။

ဒါကြောင့် ကျနော်မနက်ဖန် စက်တင်ဘာ ၁ ရက်နေ့မန္တလေး မှ တဆင့် ကသာကိုကားနဲ့သွားမှာပါ ၇ မိုင်လမ်းခွဲ မြတောင် စသဖြင့် z ကူး သွားမှာပါ ။ ကျနော်ဘယ်နေ့သွားမှာလည်းဆိုတာလူတွေအတော်များများကသိခြင်ပေမဲ့ကျနော်မပြောလိုပါ ။
သို့သော် ခုတော့မပြောမဖြစ် ပြောရတော့မှာဖြစ်ပါတယ် ။ ဘာလို့လည်းဆိုတော့ ကျနော့်နဲ့အတူလိုက်မယ့် မွေးမိခင်ကိုစော်ကားသော ဟာကျူ လီ ကသာ ကို ဆော်မယ် ဆိုပြီး ဆိုင်ကယ်များ ကားများနဲ့ လိုက်ပါလိုသောသူများဟာ မန္တလေး အင်းတော် ရွှေဘို စသဖြင့် များပြားလာသည့်အတွက် လူစုလူဝေး ပုဒ်မ ၁၈ ဘာညာ ဖြစ်လာနိုင်ပါတယ် ။ ဒါပေမဲ့ ကျနော်ကားပေါ်၌ ဘယ်သူ့မှ မခေါ်ပါဘူးခင်ဗျား ဆိုင်ကယ် တွေ ကားတွေနဲ့ လိုက်ခဲ့ပါ လို့လဲ ဘယ်သူ့ကိုမှတခါမှမခေါ်ဘူးပါ ။ ဘယ်သူမှမလိုက်ကြပါနဲ့ပြောလည်း ဘာဖြစ်ဖြစ်လိုက်မယ်ဆိုသူတွေများနေပါတယ် ။ကျနော်ဘယ်သွားသွား ဘယ်သူ့မှလည်းတစ်ခါမှမခေါ်ဘူးပါ ။ သို့သော် ဟာကြူ လီ ကသာ မှ ဘာမဆိုင်ညာမဆိုင် ကျနော့်မိခင်အားကို စော်ကားသောကြောင့် မကြေနပ် ၍ ကျနော်နှင့်အတူလိုက်ပါလို သော မြို့/နယ် အသီးသီး မှ ၎င်း တို့အပြောအရ ဘယ်ပါတီမှဝင်မထားသော ရဟန်းသံဃာ လူပုဂ္ဂိုလ် များသည် မည်မျှဒေါသထွက်နေသူများဖြစ်နေမည်ကို ကျနော်မခန့်မှန်းနိုင်ပါ ။ ၎င်းတို့သည့် ကျနော်၏ ဖလော်ဝါ ကိုးသောင်း ခန့်အတွင်းမှ FB မိတ်ဆွေများသာဖြစ်ပါသည်။ ၎င်းတို့မည်သည့်ယာဉ်ဖြင့်လိုက်ပါလာမည် မည်မျှအရေအတွက်ရှိမည် မည်သည့်ဒုတ်ဒါးလက်နက်များကိုင်ဆောင်လာမည်ကို ကျနော်မသိပါ ။ သူတို့နှင့်လည်း FB ၌သာဆုံတွေ့ခဲ့ပြီးလူခြင်းတစ်ခါမှမဆုံဘူးပါ ။ ိုသို့သော် ယ္ခုကိစ္စသည် ဒေသအာဏာပိုင်တစ်ဦးအဖြစ်ဆောင်ရွက်ခဲ့ဘူးသူတစ်ဦးဖြစ်သောကြောင့် ရုန့်ရင်းဆံခတ် ပြဿ နာတစ်ရပ်ဖြစ်လာနိုင်သည်ဟု ယူဆရပါသည် ။ ထို့ကြောင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ သတိရှိစေလိုပါသည် ။

သို့သော် ကျနော်သည် ကသာ သို့ မိမိ၏ တစ်ဦးခြင်းပုဂ္ဂိုလ်ရေးဂုဏ်သိက္ခါအရ မဖြစ်မနေ သွားမည်သာဖြစ်ပါသည် ။
ကသာရောက်လျှင် ကျနော်ဆောင်ရွက်မည့်ကိစ္စမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။
ဦးစွာ ကသာ ရဲ စခန်းသို့သွား၍ May I Help You ဆိုသည့်အတိုင်း ကူညီစေလိုကြောင်း ။

ကြီးတဲ့အမှု့ငယ်စေ ငယ်သောအမှု့ ပပျောက်စေ ဆိုသည့်အတိုင်း ဆောင်ရွက်လိုသောကြောင့် တရားရုံးမှာအမှု့မစွဲဘဲ တောင်းပန်ခြင်းဖြင့် ပြေလည်ပြီးမြောက်စေလိုကြောင်း ။ ထို့ကြောင့် ဟာကြူလီ ကသာ ဆိုသူအား မိမိမှရဲစခန်းပရဝဏ် အတွင်း ခတ္တ တွေ့ဆုံစကားပြောလိုပါကြောင်း ။

ထို့အတွက် ကူညီပေးပါရန်မေတ္တာရပ် ခံလိုကြောင်း ။ ၎င်း ရောက်ရှိက မိမိဆောင်ရွက်မည်များမှာ -( မိခင်၏ဆန္ဒအတိုင်း) ၁။ ကျနော့်မိခင်၏အမှာစကားကို ၎င်း အားပြောပြပါမည် ။
(အမေ့အသံဖိုင်ကိုဖွင့်ပြပါမည် အမေက ကျန်းမာပါစေချမ်းသာပါစေ ဘာတဲ့ ဟာကြူလီ ဆိုတဲ့လူလေးရယ် ဟုပြောထား ပါသည်)
၂။ မိခင်အားဖုန်းဆက်တောင်းပန်စေမည် ။
၃ ။ ကျနာ့်မိခင်ဓါတ်ပုံအား ရှိခိုးဦးချစေပါမည် ။
၄။ ၎င်း၏မိခင်ကိုလည်း (ဗုဒ္ဓဘာသာဖြစ်ပါက) ကျနာ်ဦးလှဆွေ မှ ရှိခိုးဦးချပါမည်။
၅။ ငြိမ်းချမ်းစွာ ပြန်ပါမည် ။
ထို့အတွက် ကသာရဲစခန်းမှကူညီလိမ့်မည်ဟုမျှော်လင့်ပါကြောင်း ဆိုပြီး အထက်ပါအတိုင်း ပြောစရာရှိတာ လုပ်စရာရှိတာ လုပ်ပြီး ပြန်ပါ့မယ် ။ ဒါကိုမှ ဟာကြူ လီ ကသာ က လက်မခံရင်လည်း ပွဲကြီးပွဲကောင်းပေါ့ ။






-----------------------------------------------------------------------

ဘူးလက်လှဆွေကသာကိုရောက်နေပါပြီ။
ရောက်ရောက်ခြင်းဓာတ်ပုံရိုက်တဲ့သူကိုဆီးဟောက် လိုက်သေးတယ်။
ပြီးတော့ဘယ်ဘက်ကနေမှာလည်း မေးသေးတယ်။





-----------------------------------------------------------------------

ဟာကြူလီနဲ့ဘူးလက်တွေ့ကြလေပြီ(ကြိုးဝိုင်းထဲမှာမဟုတ်..ရဲစခန်းမှာပါ 😝 )





-----------------------------------------------------------------------

----ဟိုကဘာလုပ်ပြတယ်မသိဘူး။ဓာတ်ပုံထွက်လာတာတော့ သူက ကန်တော့နေလေရဲ့။ဟားဟား။ လုပ်တမျှ တလွဲတွေဖြစ်ကုန်ပြီ။
---ပရိတ်သတ်ကြီး ဒီလိုကြီးလား

+++ငါထင်ထားတာနဲ့ ပြောင်းပြန်ကြီးဟ
ထိုးမယ်တကဲကဲလူက
လက်အုပ်ချီ ရှိခ်ုးနေတာပါလား





-----------------------------------------------------------------------

+++ဦးလှဆွေက အဲလိုလူ။ မေတ္တာ တရားသိပ်ကြီးတာ။

သီးခံစိတ်လည်းသိပ်ရှိတာ၊ နောက်ကို ကိုဟာဂျူရီရယ် ကျွန်တော်ပြောမှားဆိုမှားရှိလည်းခွင့်လွှတ်ပါ။တောင်းပန်နေရှာတာ။

Thet Oo Swe





-----------------------------------------------------------------------

--ဦးလှဆွေတစ်ယောက် နှစ်ဖက်ပြသနာများကို အကြေအလည်ဖြေရှင်းပြီးနောက် ကားပေါ်အတက်တွင် ကသာမြို့ခံများရဲ့ ဝိုင်းရိုက်ခြင်းခံလိုက်ရပါတယ်။





-----------------------------------------------------------------------

မိုးပြောဂျိုးပြောနဲ့.... ဒိုင်ပွဲရပ်ပြီးဆုံးသွားပါကြောင်း – -----------------------------------------------





Lu Min



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org