ပြာ.....ပြာ.....ပြာ

San Maung (28 July 15)


ပြာ.....ပြာ.....ပြာ.....
+++++++++++++
ကောင်းကင်ပေါ်တက်မယ့် ပြာ....
ငရဲအောက် ဆင်းမယ့်ပြာ...
ရန်ကုန်မြစ်ထဲ မျှော လိုက်တဲ့ပြာ....
ရေဝေးမှာင်္သဂြိုလ် လိုက်ရတဲ့ပြာ....။

အဖိုးတန်တဲ့ပြာတွေရှိသလို....
အမျိုး မမှန်တဲ့ ပြာတွေလည်း ရှိတယ်....
အာဏာရူးခဲ့တဲ့ပြာတွေ ရှိသလို...
ပေးဆပ်လိုက်ရတဲ့ပြာတွေ ရှိတယ်...။

အဖိုးတန်တဲ့ ပြာတွေ ကြောင့်....
တိုင်းပြည်လွတ်လပ်ရေး ရခဲ့.....။

အမျိုး မမှန်တဲ့ပြာတွေ ကြောင့်...
တိုင်းပြည်ပြာကျခဲ့....။

အာဏာရူးခဲ့တဲ့ပြာတွေကြောင့်...
အခါခါလူး ခဲ့ရတဲ့ ပြည်သူ့ အသက်အိုးအိမ် စည်းစိမ်တွေ...
ပြာကျခဲ့ ရတာ... ဒီပဲယင်း....ရခိုင်...မိထ္ထီလာ...လာရှိုး...မန္တလေး...
ပြည်သူတွေ မှာလည်း ပြာယာကိုခပ်ခဲ့ရ....





-----------------------------------------------------------------------

ပြာတွေ ထဲက ပြာတွေ ထဲမှာတော့...
တိုင်းပြည် ဘဏ္ဍာကို အဖြုန်းဆုံးပြာကြီးမှာ...
ဒီပဲယင်းက စတေးခံ ဝိညာဉ်တွေ ပူးကပ်...။

ရခိုင် နဲ့မိထ္ထီလာ... လားရှိုး နဲ့မန္တလေး..
စတေးလိုက်ရတဲ့ ဝိညာဉ်တွေ ပူးကပ်....။

တိုင်းပြည်ဘဏ္ဍာ ဆုံးရှုံးမှုတွေ ....
ဝင်းသူဇာ ...စက်မှု ၁...၂....သာပေါင်း
စတဲ့...ပြုတ်ပြုတ်ပြုန်းတဲ့ ဘဏ္ဍာတွေ ပါဝင်...။

ပြာထွက်သွားတဲ့ တိုင်းပြည် စီးပွား...
ပြာယာခပ်သွားတဲ့... ပြည်သူတွေ ဘဝ.....
ရန်ပွဲတွေအတွက် ..ဘုမသိ...ဘမသိ....
ပေးဆပ်လိုက်ရတဲ့....ပြာတွေရောယှက်...။
အော်....နောက်ဆုံးတော့လည်း...
ပြာလုံးလုံး မဖြစ်ခင်လေးမှာတောင်...
ပြည်သူ့ ဘဏ္ဍာကို စင်္ကာပူက ဆေးရုံပေါ်က
ဖြုန်းသွားသေးတဲ့... အခု ပြာဖြစ်သွားတဲ့ ကောင်...

အဲ့ဒီ့ ပြာတွေကို မင်းမိသားစုက...
ဗန်းပေါ်တင်တင်...ရွှေပိန်းပဲ ချချ....
အာဇာနည် သူရဲကောင်းလို့ပဲ ဇန်းတင်တင်...

ငတို့ကတော့.... တိုင်းပြည်ချွတ်ခြုံကျအောင်
လုပ်ခဲ့ တဲ့ ပြာတွေ မို့....
အိုးတိုက်ဖွဲပြာလောက်တောင်...
တန်ဘိုး မရှိတဲ့....
သူခိုးပြာကို..
ပြာအဖြစ်နဲ့ တောင် မမြင်ချင်တော့ပါဘူးကွာ....။

San Maung





-----------------------------------------------------------------------



------- အံမယ် ... အောင်သောင်းမသာကိစ္စက မပြီးနိုင် မစီးနိုင်။
... အောင်သောင်းက တပ်ထဲမှာ တုန်းက ... ဘယ်လို တိုက်ပွဲမှာ ဘယ်လို တိုက်ပွဲဝင်ခဲ့တာ ဘာညာ၊ အခုမှ သူ့မြေးအရွယ်လောက်တွေက သမိုင်းသေချာ မသိဘဲ ဆဲဆိုနေကြတာဆိုတာမျိုး ... ဘုန်းတော်ဘွဲ့ ပို့စ် အရှည်ကြီး ရေးပြီး မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာနေကြသေးတယ်။

... သေချာတာ တစ်ခုက ... အောင်သောင်းဆိုတဲ့ လူယုတ်မာဟာ သေသွားတဲ့အခါမှာတောင် .. မြေးအရွယ် ကလေးတွေကတောင် သူတို့ ကိုယ်ကျိုးအတွက်ဆိုတဲ့ မျှော်လင့်ချက်မပါ၊ ငွေပေးခိုင်းဆို ခံရတာ မပါဘဲ ... ဆဲဆိုနေကြတာကို ခံနေရတယ် ဆိုတာဟာ ... သူ့ရဲ့ သမိုင်းကြောင်း ဘယ်လောက် ပုပ်ပွနေသလဲ ဆိုတာကို သက်သေပြတာပဲ မဟုတ်လား။

... လက်ရှိ မြန်မာပြည် သက်ရှိထင်ရှား သမိုင်းမှာ ဦးစော သေတော့ ပြည်သူတွေ ဘယ်လို တုန့်ပြန်ကြသလဲ မသိပေမယ့် ....... အောင်သောင်းလောက် သေပန်းပွင့်သူ .... လူသေတာကို ဝိုင်းပြီး ဝမ်းသာခံရသူ ကျွန်တော့် တစ်သက်မှာ တစ်ယောက်မှ မမြင်ဖူးသေးဘူး။ ဒါ သူ့သမိုင်းပဲလေ။ (လာလတ္တံသော သန်းရွှေ အလှည့်ဆိုရင်တော့ ပိုပျော်ကြမယ် ထင်တယ်။)

“ဟဲ့ လူတစ်ဖက်သား သေတာကို ဝမ်းမသာကောင်းဘူး“ ရယ်လို့ ဝိုင်းတားနေကြတာတောင် ပြည်သူအများစုက ပျော်ပျော်ကြီးကို ဝမ်းသာပြနေကြရုံမက ... တားသူတွေကလည်း ဟန်ဆောင် ပန်ဆောင်လောက် တားပြီး သူတို့ပါ ဝင်ပျော်နေကြတာ ... ဘယ်လောက် ကြည်နူးဖို့ ကောင်းတဲ့ မြင်ကွင်းလဲ။ လူယုတ်မာတို့ သွားရာလမ်းပေါ့။

.. နောက်တစ်ခုက သူ့ဘာသာ စစ်သား လုပ်ချင်လို့ လုပ်တာ။ ဝမ်းစာအတွက် အသက်မွေးဝမ်းကြောင်း အလုပ် အဖြစ် စစ်သား လုပ်ဖို့ ရွေးတာ။ စစ်သားတာဝန်ဖြစ်တဲ့ စစ်တိုက်တာ .. သူ့အလုပ် သူလုပ်တာ။ အဲဒီလို လုပ်ဖို့ လစာ၊ ရိက္ခာကို ပြည်သူက ပေးထားပြီးသား။

ဒါကို ကျေးဇူးရှင်ကြီးရယ်ဆိုပြီး ... အဝှာမနေရမှာလား။ မပြောကောင်း မဆိုကောင်း ကျေးဇူးရှိတယ် ထားဦး ... တိုင်းပြည်က မွဲပြီး သူတို့ မိသားစု မီလျံနာဖြစ်အောင် ခိုးတာတွေကို ခွင့်ပြုစရာလား။ သူခိုးက သူခိုးပဲ။ ဒါ့အပြင် .. သူရဲ့ ဝန်ကြီးဘဝ ရိုင်းစိုင်း ယုတ်မာမှုတွေကို ခွင့်ပြုရမှာလား။

... ဘယ်လိုပဲ ဖာဖာ ... အောင်သောင်းမသာ ဟာ .. ကျွန်တော့် ကိုယ်တွေ့မှာတော့ ... မြန်မာပြည်ရဲ့ .. လူအများ ပျော်ရွှင်မှု အပေးဆုံး မသာ ဖြစ်တယ်ဆိုတာပါပဲ။ ကိုထိုက်
-------------------------




-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org