ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်ကို ဘယ်လိုအဓိပ္ပာယ်ဖွင့်နိုင်သလဲ

အောင်သူငြိမ်း(16 June 15)


ဒေါ်အောင်ဆန်းစုကြည်ရဲ့တရုတ်ပြည် ခရီးစဉ် ဟာထူးခြားပါတယ်။ အကြောင်းကတော့ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ် အတော်များများမှာ စစ် အစိုးရဘက်က ရပ်တည်ပေးခဲ့ပါတယ်။ (ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီတိုသုံးကာကွယ် ပေးမှုတွေအပြင် အခြားစီးပွားရေး၊ ဖွံ့ ဖြိုးရေး၊ ချေးငွေ ထောက်ပံ့ပေးမှု တွေအများအပြား ရှိခဲ့ပါတယ်။ တစ်ချိန်တုန်းက မြန်မာနိုင်ငံကို စစ်လက်နက်အ ကြီးအကျယ်ရောင်းချပေးခဲ့ပါသေးတယ်။) မြန်မာဒီမိုက ရေစီအတိုက်အခံတွေနဲ့တော့ ခပ်ကင်းကင်းနေခဲ့ပါတယ်။ ဒါပေမဲ့ ဝါဒရေးရာအရ တစ်ချိန်တုန်းကတော့ ဗမာပြည် ကွန်မြူနစ်ပါတီကို အကြီးအကျယ်ထောက်ပံ့ပေးခဲ့တာ ရှိပါ တယ်။ သို့သော်လည်း ၁၉၇ဝနှောင်းပိုင်းတွေက စလို့ရပ်စဲခဲ့ပါတယ်။ ခုအခါမှာ ဒေါ်စုကို တရုတ်ပြည်ကို ဖိတ်တယ်။ ထူးခြားတာက ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ ကို နီးကပ်လာတဲ့ကာလမှာမှ ဖိတ်ကြားတာဖြစ်ပါတယ်။

သူ့ကို တရုတ်ပြည်သမ္မတရှီကျင့်ပင်နဲ့ဝန်ကြီးချုပ် လီကု ချန်းတို့ကိုယ်တိုင် တွေ့ဆုံမယ်ဆိုတာက ထူးခြားပါတယ်။ ဒါပေမဲ့ သူတို့ဘက်ကတော့ 'ပါတီချင်းဆက်ဆံရေး'လို့သာပြောဆိုပါတယ်။

တချို့သတင်းသုံးသပ်ချက်တွေကတော့ မြန် မာအစိုးရကိုစိတ်ပျက်လာတဲ့အတွက် ဒေါ်စုကိုပြောင်း ပြီး ဆက်ဆံတယ်ဆိုတာမျိုးအသားပေးဖော် ပြပါတယ်။

အထူးသဖြင့် ကိုးကန့်တိုက်ပွဲတွေက စလို့၊ တရုတ်နယ် စပ်မှာ ကျည်ဆန်ကျရောက်တာတွေ၊ တင်းမာမှုတွေက စလို့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးတင်းမာမှုရှိနေတယ် လို့သုံးသပ်ကြပါတယ်။ ဒီထက်တော့ အဓိပ္ပာယ်ပိုမိုဖွင့် ဆိုနိုင်တယ်ထင်ပါတယ်။ ဒီနေရာမှာ အခြားအခြေခံ အချက်တွေပါထည့်သွင်းစဉ်းစားသင့်ပါတယ်။ အခု ကျွန်တော်ဖော်ပြလိုတဲ့ အချက်တွေကတော့ တရုတ် အာဏာပိုင်တချို့၊ အစိုးရနဲ့သီးခြားလွတ်လပ်တဲ့ ပညာ ရှင်တချို့နဲ့ ဆွေးနွေးချက်တွေအပေါ်အခြေခံတာပါ။

တရုတ်ပြည်က ပြီးခဲ့တဲ့သုံးလေးနှစ်တာ မြန် မာပြည်ပြုပြင်ပြောင်းလဲရေးတွေအပေါ် 'ထိတ်လန့်မှင် တက်မိတယ် (Shock and awe )လို့ ပီကင်းတက္ကသိုလ် က ပါမောက္ခတစ်ဦးကပြောပါတယ်။ ဧရာဝတီမြစ်ဆုံ ဆည်တည်ဆောက်နေမှုကို ဆိုင်းငံ့လိုက်တဲ့ကိစ္စလည်း အပါအဝင် ဖြစ်ပါတယ်။ ဒါပေမဲ့သူက သုံးသပ်တာတ ချို့ပညာရှင်၊သုံးသပ်သူများကဆိုသလို မြန်မာနိုင်ငံဟာ တရုတ်ပြည်အတွက်ပထဝီအရအရေးပါ-မဟာဗျူဟာ ကျတဲ့ နယ်မြေ (geostrategical assets )တစ်ခု ဆုံးရှုံး သွားရတယ်လို့ သူမယူဆပါဘူးလို့ ဆိုပါတယ်။ တချို့က တော့ မြန်မာဟာ အရှေ့ကိုခွာ၊ အနောက်က ပိုးပန်း တာကို လက်ခံလိုက်တယ်ဆိုပြီး ပြောဆိုမှုတွေရှိပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတရုတ်ပြည်အတွက် လုံးဝဆုံးရှုံးသွား တာတော့မဟုတ်ပါဘူး။ တချို့ကိစ္စတွေက အောင်မြင် ပါတယ်။ (ကျောက်ဖြူရေနက်ဆိပ်ကမ်း)၊ တချို့ကိစ္စတွေ က ရလဒ်က ဝေဝေဝါးဝါး ရှိနေဆဲပါ။

(အသေအချာ ပြန်လည်စဉ်းစားပြီး၊ ပိုမိုကောင်းမွန်တဲ့ ညှိနှိုင်းအကြံ ပြုချက်တွေ လုပ်ရလိမ့်မယ့်ကိစ္စတွေရှိတယ်လို့လည်း)ဆိုပါတယ်။ တရုတ်နဲ့ မြန်မာအစိုးရဆက်ဆံရေးက လုံးဝ ပျက်ပြားသွားတာမဟုတ်ပါဘူး။





-------------------------------------------------------------------------


တရုတ်-မြန်မာဆက်ဆံ ရေးကိုကြည့်မယ်ဆိုရင်၊ တရုတ်ဘက်က အဆင့်ခြောက်ခု ခွဲခြားပြီးဆက်ဆံနေပါတယ်။ ဒါကို သိထားသင့်ပါတယ်။

- ပထမတစ်ခုက အဆင့်မြင့်အရာရှိများရဲ့ အလည် အပတ်ခရီး (ံငါ့ သ်ငခငေူ လငျငအျ)ပါ။ ၂ဝ၁၁ခုနှစ် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်စဉ်ကစလို့ မြန်မာဘက်က အဆင့်မြင့်အာဏာပိုင်တွေ တရုတ် ကိုလာရောက်လည်ပတ်မှုရှစ်ကြိမ်အထက်ရှိခဲ့ ပါတယ်။ တရုတ်ဘက်ကလည်း အပြန်အလှန်အ ဆင့်မြင့်ခေါင်းဆောင်တွေလာရောက်လည်ပတ် မှုတွေရှိနေပါတယ်။

- ဒုတိယတစ်ခုကတော့ အမျိုးမျိုးသော သင်တန်းအ စီအစဉ်တွေပါ။ ခုတိုင် မရပ်မနားဆက်လက်လုပ် ဆောင်မှုတွေရှိပါတယ်။ တရုတ်ပြည်ကွန်မြူနစ် ပါတီနဲ့ မြန်မာအစိုးရဝန်ကြီးဌာနတွေအကြား သဘောတူညီမှုနဲ့ လုပ်ဆောင်နေကြတာပါ။ အထူး သဖြင့် ဒီသင်တန်းတွေမှာ အစိုးရအရာရှိတွေများ ပါတယ်။ ရဲသင်တန်း၊ အဓိကရုဏ်းကိုင်တွယ်နှိမ် နင်းရေးကနေ စလို့ အား/ကာ သင်တန်းတွေအထိ ပါဝင်ပါတယ်။

- တတိယဆက်ဆံရေးကတော့ တရုတ်နဲ့ မြန်မာစစ် တပ်တွေအကြားဆက်ဆံရေးဖြစ်ပါတယ်။ ၁၉၈၉ ကနေစလို့ယခုတိုင် အဆင့်မြင့်အရာရှိများ အ လည်အပတ်ခရီးတွေကနေ သင်တန်း၊ လက်နက် ရောင်းဝယ်မှုတွေရှိခဲ့၊ ရှိနေပါတယ်။

- စတုတ္ထအမျိုးအစား ဆက်ဆံရေးကတော့ အရပ် ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ဆက်ဆံရေးပါ။ တရုတ်ပြည်က အရှိတရားကိုအရှိတရားအတိုင်း လက်ခံခဲ့တယ်လို့ဆိုပါတယ်။

တရုတ်ဘာသာစ ကားမှာ အင်န်ဂျီအိုကို ဘာသာပြန်ဆိုကြတာ နည်း နည်းပြဿနာရှိပါတယ်။ သူပုန်ဆန်ဆန်အဓိပ္ပာယ် ထွက်ပါတယ်။ ဒါပေမဲ့အခုနောက်ပိုင်းမှာ တရုတ် နိုင်ငံက မြန်မာပြည်က အရပ်ဘက်လူမှုအဖွဲ့များ စွာကို တရုတ်ပြည်ကို ဖိတ်ခေါ်တာတွေရှိပါတယ်။ အဲဒါအပြင် (High official visits) တရုတ်ပေါင်း ကူးတံတား'ခေါ်တဲ့ တရုတ်ဘာသာစကားကျွမ်း ကျင်မှုဆုပေးတာတွေရှိနေပါတယ်။

သိသာတာက တရုတ်သံရုံး(မြန်မာပြည်)က ၈၈-ပွင့်လင်း၊ အခြား တကြ်<ွကလှုပ်ရှားသူများ၊ ဒီမိုကရေစီအင်အားစု တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေစတင်လာခဲ့တာပါ။

- ပဉ္စမအမျိုးအစား ဆက်ဆံရေးကတော့ ပြည်နယ် အဆင့်ချင်း (ဒေသဆိုင်ရာ) ဆက်ဆံရေးလို့ခေါ်ပါ တယ်။ ယူနန်တက္ကသိုလ်က ပါမောက္ခလီချန်ယန်း (Chinese bridge) တည်းဖြတ်တဲ့ စာအုပ်တစ်အုပ်မှာ အခု'ဝ'ဒေသ၊ နယ်စပ်ဒေသက တိုင်းရင်းသား ခေါင်းဆောင်တွေကို တစ်စုံတစ်ရာတည်ငြိမ်လို့၊ ရွေးကောက်ပွဲတွေ မလုပ်နိုင်ခင်အထိ၊ ဒေသဆိုင် ရာခေါင်းဆောင်များအဖြစ် တရုတ်ဘက်ကသဘော ထားဆက်ဆံတယ်လို့ ဖော်ပြထားတာဖတ်ဖူးပါ တယ်။ တရုတ်ဘက်ကတော့ သူတို့ဆီကတဲ့ဟုန် တိုင်းတို့၊ ယူနန်ပြည်နယ်တို့၊ ဆစ်ဆောင်ပဏ္ဏား ပြည်နယ်တို့ကလို ကိုယ်ပိုင်အုပ်ချုပ်ရေးအဆင့် မျိုးပေးတာလို၊ မြန်မာပြည်က တိုင်းရင်းသားတွေ လည်း တစ်စုံတစ်ရာကိုယ်ပိုင် အုပ်ချုပ်ရေးပေး သင့်တယ်လို့မြင်ကြပါတယ်။ ဒီလို ဆက်ဆံရေး မှာတော့ ပညာရေး၊ သိပ္ပံဆိုင်ရာသုတေသန၊ အ လုပ်အကိုင်ရှာဖွေပေးရေး၊ ပူးပေါင်းဆောင်ရွက် ရေး ဖိုရမ်တွေပါဝင်ပါတယ်။ တရုတ်ဘက်ကတော့ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွေကို အတော်အ လေးထားပါတယ်။ (ကုန်စည်ပြပွဲတွေကစလို့… အခြားနယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ တွေဖြစ်ပါတယ်။

- ဆဋ္ဌမအမျိုးအစား ဆက်ဆံရေးကတော့ ယဉ်ကျေး မှု၊ဘာသာကိုးကွယ်ယုံကြည်မှုကိစ္စ ဆက်ဆံရေး ဖြစ်ပါတယ်။ တရုတ်ပြည်ဘက်က စာရေးဆရာ၊ သတင်းထောက်များ၊ ရုပ်ရှင်အသင်းတွေ မြန်မာ ပြည်ကိုလာလည်ကြသလို မြန်မာဘက်က စာရေး ဆရာတွေ၊ သတင်းထောက်တွေကိုလည်း ဖိတ် ပါတယ်။ မကြာသေးမီကပဲ ဆင်ဟွာသတင်းဌာန ကနေ စာဖတ်သူနည်းလှတဲ့ မြန်မာဘာသာနဲ့ တိုး ချဲ့တင်ဆက်မှုတွေရှိလာခဲ့ပါတယ်။ ဘာသာကိုး ကွယ်မှုကိစ္စကတော့ ဗုဒ္ဓမြတ်စွယ်တော်ကို မြန်မာ ပြည်ကိုပို့လို့ ချစ်ကြည်ရေးလုပ်တာမျိုးပါ။ ဒီလိုဆက်ဆံရေးကိစ္စတွေက ပုံမှန်ဆက်ရှိ နေပါတယ်။

ဒါပေမဲ့ တချို့အလွတ်သဘော ပြောဆိုမှု တွေမှာတော့ ၂ဝ၁၁ခုနှစ် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲ မှုတွေကစလို့ တရုတ်နိုင်ငံရဲ့ မြန်မာပြည်ထဲရင်းနှီးမြှုပ်နှံ မှုတွေက သိသိသာသာကျဆင်းသွားပါတယ်လို့ ဆိုပါ တယ်။ အကြောင်းကတော့ ဧရာမြစ်ဆုံစီမံ ကိန်းရပ်ဆိုင်း လိုက်တဲ့အပေါ် တရုတ်ရင်းနှီးမြှုပ်နှံသူတွေအကြား ဂ ယက်ထစေပါတယ်။ အဲဒါအပြင် အစိုးရအသစ်၊ အခင်း အကျင်းအသစ်ကို စောင့်ကြည့်လိုနေကြတာကြောင့် လည်းဖြစ်နိုင်ပါတယ်။ ကျန်အချက်တစ်ခုကတော့ နိုင်ငံ တကာရင်းနှီးမြှုပ်နှံမှုတွေ နှိုင်းယှဉ်ချက်အရတက်လာ တော့ ရာခိုင်နှုန်းအားဖြင့် တရုတ်ဘက်ကကျသွားတာ ဖြစ်နိုင်သလို တရုတ်ဘက်က မြန်မာပြည်ထဲ ဒေသခံတွေ ကတစ်ဆင့် (Locally) ရင်းနှီးမြှုပ်နှံကြတာလည်း ဖြစ် နိုင်ပါတယ်။



-------------------------------------------------------------------------


ယေဘုယျအားဖြင့် အခုအချိန်မှာတော့ တရုတ် ပြည်က သွေးလန့်မှင်တက်မှုမရှိတော့ပါဘူး။ ခသသူငညါ ဏနမငသိ လို့ပြောပါတယ်။ အေးအေးဆေးဆေးနဲ့အခြေ အနေကိုပြန်စဉ်းစားနိုင်ပြီလို့ဆိုချင်တာပါ။ ပိုပြီး'သိမ်မွေ့ နက်နဲရှုပ်ထွေးမှု'တွေကို လက်ခံလာပါတယ်။ မြန်မာ အစိုးရနဲ့ပိုင်ရင်ပြီးရောဆိုတာ မဟုတ်ဘူးလို့ မြင်လာပါ တယ်။ ရေရှည်အနာဂတ်ပူးပေါင်းဆောင်ရွက်မှုလုပ် မယ်ဆိုရင် သေချာပြင်ဆင်ရမယ်ဆိုတာ စဉ်းစားလာတဲ့ ကာလပါ။

တစ်ဖက်မှာလည်း တရုတ်ပညာရှင်တွေက မြန်မာအစိုးရကို အလွတ်သဘောဝေဖန်ပြောဆိုတာတွေ ရှိပါတယ်။ မြန်မာဟာကိစ္စများစွာမှာ'အိန္ဒိယ' နဲ့သိပ် တူပါသတဲ့။ ဘယ်လိုတူတယ်ဆိုတာတော့ သေချာရှင်း လင်းစွာမသိရပါဘူး။

ယူဆရတာကတော့ သံသယကြီး တာ၊ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတာမျိုးဖြစ်နိုင်ပါ တယ်။ မြန်မာနိုင်ငံက 'မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေး' (strategic partnership)ဆိုတာ သေချာ သဘောမပေါက်ကြဘူးတဲ့။ ဘက်စုံမဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို မြန်မာအ စိုးရသစ်တက်လာပြီး ၂ဝ၁၁ခုနှစ် မေလမှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။ (ဗီယက်နမ်နဲ့ ၂ဝဝ၈ ခုနှစ်၊ လာအို နဲ့ ၂ဝဝ၉ခုနှစ်၊ ကမ္ဘောဒီးယား နဲ့၂ဝ၁ဝမှာအလားတူ သဘောတူညီချက်တွေ တရုတ်က လက်မှတ်ရေးထိုး ထားပါတယ်)။ ဒီသဘောတူညီချက်အရ ဒေသဆိုင်ရာ ဆက်ဆံရေး၊ နယ်နိမိတ်ကိစ္စတွေမှာ မြန်မာဘက်က 'တည်ငြိမ်မှု'နဲ့ 'သဟဇာတဖြစ်မှု'ကို တရုတ်ကလိုချင် ပါတယ်။

ဒါဟာ တရုတ်ပြည်ကြီးဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ်တဲ့ အခြေအနေလို့ ယူဆထားပါတယ်။ ဒါဆိုရင် ခုလိုနယ်စပ်မတည်ငြိမ်မှုတွေက စိတ်အနှောင့် အယှက်ဖြစ်စေမှာ အသေအချာပါ။ ထူးခြားမှုကတော့ တရုတ်ကမြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦး ခန့်အပ်ပြီး တိုက်ရိုက်ကိုင်တွယ်စေသလို အရင်ကပတ် သက်မှုမရှိခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အပြု သဘောနဲ့ ပါဝင်ဆောင်ရွက်မယ်ဆိုပြီး ပြောဆိုတာတွေ ရှိလာခဲ့ပါတယ်။

မြန်မာ-တရုတ်ကွက်ကွက်လေးမကြည့်ဘဲ အခြေအနေတစ်ခုလုံးကိုလည်း ခြုံကြည့်ဖို့လိုအပ်လာ ပါတယ်။ မကြာသေးမီက တရုတ်-ရုရှားဘက်စုံပူးပေါင်း ဆက်ဆံရေးပိုလို့တိုးလုပ်လာပါတယ်။ ကာလအတော် ကြာအထိ တရုတ်ပြည်ဟာ ပင်လယ်ပြာထွက်နိုင်တဲ့ ရေတပ်အိပ်မက်(Blue Navy) မရှိခဲ့ပေမယ့် ခုကာ လမှာတော့ လေယာဉ်တင်သင်္ဘောတွေ စတင်တည် ထောင်လာခဲ့ပါတယ်။ နောက်အချက်တစ်ခုကတော့ ၂ဝ၁၄နှစ်ကုန်ပိုင်းလောက်မှာ တရုတ်ပြည်ရဲ့နိုင်ငံခြား ရေးမူဝါဒအလေးပေးကိစ္စတွေ ပြောင်းလဲလာခဲ့ပါတယ်။ ၂ဝ၁၄နှစ်ကုန်ပိုင်းလောက်မှာကျင်းပတဲ့ နိုင်ငံခြားဆက် ဆံရေးဆိုင်ရာ ဗဟိုချက်မလုပ်ငန်းများညီလာခံ(Central works Conference on Foreign Relations)က စတင်တာပါ။ ဒီညီလာခံဆုံးဖြတ်ချက်အရဆိုရင် နယ် စွန်ဖျားနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ဦးစားပေးမြှင့်တင်ဖို့ ပါ။



-------------------------------------------------------------------------


တရုတ်နိုင်ငံခြားရေးမူမှာ တိန့်ရှောင်ဖိန်လက် ထက်ကစလို့ အင်အားကြီးနိုင်ငံများ (great powers) (daguo) ၊ အစွန်အဖျားအိမ်နီးချင်းများ (zhoubian) ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ (fazhan zhong de guojia)လို့ ခွဲခြားခဲ့ပါတယ်။ အင်အားကြီးကတော့ အမေရိကန်နဲ့ အနောက်အုပ်စုပါ။ ကျွန်တော်တို့ မြန်မာကတော့အစွန် အဖျားအိမ်နီးချင်းမှာ ပါဝင်ပါလိမ့်မယ်။ ဒါပေမဲ့ ၂ဝဝ၂ ခုနှစ် (၁၆)ကြိမ်မြောက် ကွန်ဂရက်မှာ သမ္မတကျန်ဇီ မင်းလက်ထက်မှာတော့ နိုင်ငံစုံအဖွဲ့များ(multilateral organizations))ဆိုတဲ့ အမျိုးအစားကို ထပ်ဖြည့်ခဲ့ပါ တယ်။ ကုလသမဂ္ဂ၊ WTO တို့လိုအဖွဲ့အစည်းတွေပါ။

သမ္မတဟူကျင် တောင်းလက်ထက်မှာတော့(ူငညါပက)ဆိုတဲ့ 'ပြည်သူ့သံတမန်ရေး'ဆိုတာကို (၁၈)ကြိမ်မြောက် ကွန်ဂရက်မှာထပ်ဖြည့်ခဲ့ပါတယ်။ ၂ဝ၁၄နှောင်းပိုင်း ဆုံးဖြတ်ချက်အရတော့ အစွန်အဖျားအိမ်နီးချင်းတွေ နဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ပါ။ မြှင့်တင်ဖို့ဆိုတာကလည်း တရုတ်ပြည်နဲ့ အရှေ့အာရှ၊ အရှေ့တောင်အာရှကုန် သွယ်ရေးဟာ တစ်နှစ်ကို ၁ဒသမ ၄ထရီလီယံ ဒေါ်လာ ရှိပါတယ်။ ဒီပမာဏကအမေရိကန်နဲ့ အီးယူအပေါင်း ကုန်သွယ်မှုထက်ကိုများပါတယ်။ တရုတ်ပြည်ရဲ့ ထိပ် တန်းကုန်သွယ်မှု မိတ်ဖက်နိုင်ငံတစ်ဝက်ဟာ အာရှမှာ ရှိပါတယ်။ တရုတ်ပြည်ကထွက်သွားတဲ့ ပင်လယ်ရပ်ခြား ရင်းနှီးမြှုပ်နှံမှုတွေရဲ့ရာခိုင်နှုန်း ၇ဝကျော်ဟာ အာရှထဲ မှာပဲရှိပါတယ်။ ဒီတော့အစွန်အဖျားနားနိုင်ငံ (အိမ်နီး ချင်း)များနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့က သဘာဝကျပါ တယ်။ ဒီကိစ္စမှာတော့ ပိုးလမ်းမကြီး၊ ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး၊ အာရှတစ်လွှားအခြေခံအဆောက်အအုံ စီမံကိန်းတွေမှာ တရုတ်ကဦးဆောင်ပါလိမ့်မယ်။

သိပ် မကြာခင်နှစ်တွေမှာတောင် ထိုင်းနိုင်ငံမှာ ကျည်ဆန် ရထားကို တရုတ်အကူအညီနဲ့ မြင်ရဖို့ ရှိနိုင်ပါတယ်။

သည်ဒီပလိုမက်ဂျာနယ်က စာရေးသူတင်မို သီဟိသ်ကတော့ ဒီအခြေအနေဟာတရုတ်နိုင်ငံအကျိုး စီးပွားတွေမှာ အနောက်နိုင်ငံကစွက်ဖက်တာကို ပိုပြီး သည်းညည်းခံလိုစိတ်နည်းလာတယ်။ သူ့ရဲ့ထိန်းချုပ်မှု ကို ပိုမိုကျစ်လျစ်စေဖို့ ပိုပြီးယုံကြည်မှုပြည့်လာတယ်။ နိုင်ငံတကာ အခင်းအကျင်းတွေကို ပြန်ပြီးဖွဲ့စည်းဖို့ တောင်းဆိုမှုတွေ ရှိလာတယ်လို့ သုံးသပ်ထားပါတယ်။ ဒီအခြေအနေတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်ပြည်ကို ဖိတ်ကြားတာ၊ အဆင့်မြင့်ခေါင်းဆောင် တွေနဲ့ တွေ့ဆုံမယ်ဆိုတာက ပိုလို့စိတ်ဝင်စားဖွယ်ဖြစ် နေရပါကြောင်း။

1. "China’s Big Diplomacy Shift", Timothy Heath, The Diplomat, December 22, 2014.

2. LI, Chenyang (2012), China–Myanmar Comprehensive Strategic Cooperative Part- nership: A Regional Threat?, in: Journal of Current Southeast Asian Affairs, 31, 1, 53-72 http://www.burmalibrary.org/docs14/JCSAA31-01-Li.pdf 3. "New Russia-China alliance latest diplomatic, strategic blow to Obama", David R. Sands - The Washington Times - Thursday, April 30, 2015.


-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org