ခောတ်သစ်...ထရိုဂျန်မြင်းရုပ်

USM(5 June 15)


ထရိုဂျန် မြင်းအကြောင်း အားလုံးနီးပါး ကြားဖူးကြပါလိမ့်မည်။
သို့သော် အနည်းငယ်ပြန်ပြောရမည်ဆိုလျှင် ဂရိတွေကနေ Troy ‘ထရွိုင်’ မြို့ထဲကို ကြီးမားတဲ့ ထရိုဂျန်မြင်းကိုလုပ်၊ အထဲမှာ စစ်သားတွေထည့်ပြီး ၁ဝ နှစ် တိုက်နေခဲ့တဲ့စစ်ပွဲကို အောင်နိုင်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းနဲ့ ဒဏ္ဍာရီပုံပြင်ဖြစ်ပါတယ်။
မူရင်းဇာတ်လမ်းဟာ ‘လက်တင် အီပစ်’ ကဗျာရှည်ကြီးကနေလာတယ်။
‘သြဂတ်စ်တပ်’ လက်ထက်ကဖြစ်တယ်။ Homer's Odyssey ‘ဟိုးမား’ ရဲ့ ‘အိုဒက်ဆေး’ ကဗျာရှည်ကြီး ကနေ ယူတာဖြစ်မယ်။
ဂရိတွေကအစဉ်အလာ Wooden Horse သစ်သားမြင်းရုပ်ကြီး လို့ခေါ်ပါတယ်။
ဝေါဟာရသုံးအရ Trojan Horse ကို လှည့်စားမှုလို့သုံးပါတယ်။

‘ထရိုဂျန်စစ်ပွဲ’ ဖြစ်ခဲ့တာကတော့ ‘ပီလိယပ်စ်’ နဲ့ ‘သည်းတစ်’ ခေါ်တဲ့ ပင်လယ်နတ်သမီးနှစ်ပါးကနေစ တယ်။
သူတို့ကနေ မင်္ဂလာပွဲကို Eris ‘အဲရစ်’ ခေါ်တဲ့ ‘ဝိရောဓိမင်းသမီး’ ကို မဖိတ်ခဲ့တော့ မင်္ဂလာ ပွဲကိုဖျက်ဆီးတယ်။
စားပွဲပေါ်မှာ ရွှေပန်းသီးတလုံး တင်လိုက်တယ်။
‘ဟာရာ’၊ ‘အက်သီနာ’ နဲ့ ‘အဖရိုဒိုက်’ တို့က ပန်းသီးကိုရချင်ကြတယ်။
' ‘ဇီးယပ်စ်’ မင်းကြီးကနေ ‘ထရွိုင်’ မင်းသား ‘ပဲရစ်’ ကို တရားသူကြီးလုပ်ဘို့ ဆုံးဖြတ်တယ်။
‘ဟားမီးစ်’ တွေက ‘ပဲရစ်’ ဆီသွားကြတယ်။
‘ဟာရာ’ က သူ့ပါဝါ၊ ‘အက်သီနာ’ က သူ့စည်းစိမ် နဲ့ ‘အဖရိုဒိုက်’ က လောကကြီးမှာ အချောဆုံးမိန်းမ တာဝန်ယူလိုက်ကြတယ်။
‘ပဲရစ်’ က ‘အဖရိုဒိုက်စ်’ ကိုရွေးလိုက်တယ်။
အဲတာနဲ့ ‘ဟယ်လင်’ မင်းသမီးကို ‘ပဲရစ်’ ရတယ်။
ပြဿနာက ‘ဟယ်လင်’ ဟာ အပျိုမဟုတ်ဘဲ၊ ‘မနဲလော့စ်’ ရဲ့ဇနီးဖြစ်နေတယ်။



-------------------------------------------------------------------------


‘ပဲရစ်’ က ‘ဟယ်လင်’ ကိုဖမ်းခေါ်ဆောင်ဘို့ရာ စီစဉ်တယ်။ ပရောဟိတ် ‘ကက်ဆန်ဒရာ’ နဲ့ ‘ဟယ်လင်း နပ်စ်’ တို့အပြင် သူ့အမေ ‘ဟီကျူဘား’ တို့က အဲလိုမလုပ်ဘို့ပြောသေးတယ်။
နားမထောင်ပါ။
‘စပါတာ’ ကိုရောက်တော့ ‘ပဲရစ်’ ကို ‘ဟယ်လင်’ ယောကျာ်း ‘မနဲလော့စ်’ က တော်ဝင်ဧည့်သည်လို ဆက်ဆံတယ်။
ဒါပေမဲ့ ‘ဟယ်လင်’ ကိုရအောင်ခိုးသွားတယ်။

‘ဟယ်လင်’ က ကလဲ နောက်လင်နောက် လိုက်တာမှာ သူ့ယောကျာ်းရဲ့ ရတနာတွေကိုပါ ယူသွားတယ်။
‘ထရွိုင်’ ရောက်တော့ ‘ဟယ်လင်’ နဲ့ လက်ထပ်ပွဲကျင်းပတယ်။ ဒီဇာတ်လမ်းကို ဘီစီ ၁၂ဝဝ ကဖြစ်တယ်။
‘မနဲလော့စ်’ ဟာ သူ့မိန်းမကိုပြန်ရရေးအတွက် စီမံချက်ချတော့တယ်။
‘ဟယ်လင်’ ရဲ့ အထိန်းတော်တွေကို စည်းရုံးတယ်။
အထိန်းတော် မဟုတ်ပေမဲ့ Achilles ‘အာချီးလိစစ်’ ပါမှသာ ‘ထရွိုင်’ ကိုနိုင်မယ်လို့ နိမိတ်ဖတ်တာမို့ စည်းရုံးတော့တယ်။

စစ်ပွဲ ၉ နှစ်ကြာပါပြီ၊ ‘ထရွိုင်’ ကို မနိုင်သေးပါ။ မြို့ထဲကိုမဝင်နိုင်ပါ။
Odysseus ‘အိုဒက်ဆီးယပ်စ်’ ဆိုသူရဲ့ အကြံဉာဏ်ကနေ စစ်ပွဲရဲ့ ရလဒ်ကိုအဆုံးအဖြတ်ပေးပါတော့မယ်။
သူက ‘အက်သီနာ’ ရဲ့လူဖြစ်တယ်။
သူကနေ တချိန်မှာ ‘ထရိုဂျန်မြင်းရုပ်’ လို့ နာမည်တွင်လာမဲ့ အလွန်ကြီးမားတဲ့ သစ်သားမြင်းရုပ်ကြီး တည်ဆောက်စေတယ်။
မြင်းရုပ်ဗိုက်ခေါင်းထဲမှာ စစ်သားတွေ ခိုအောင်းနေနိုင်အောင်စီမံတယ်။
‘ထရွိုင်’ ကိုဝိုင်းရံထားတဲ့ ရေတပ်ကို ဆုတ်ခွါဟန်ပြုလိုက်တယ်။

‘ဆီနွမ်’ ဆိုသူကိုချန်ထားခဲ့တယ်။ ဂရိတွေလာမေးတော့ သူ့ကိုချန်ထားရကောင်းလားဆိုပြီး စိတ်ဆိုးဟန် ဆောင်တယ်။
‘ထရိုဂျန်မြင်းရုပ်’ ဟာ အန္တ္တရာယ်မရှိဘူးလို့ အယုံသွင်းတယ်။
ဂရိတွေကယုံပြီး ‘ထရိုဂျန်မြင်းရုပ်ကြီး’ကို မြို့ထဲဆွဲသွင်းယူကြတယ်။ မြင်းရုပ်ကြီးမြို့ထဲရောက်တဲ့ညမှာ ဂရိတွေ အရက်သေစာသောက်စားမူးနေကြချိန် ‘ဆီနွမ်’ က မြင်းရုပ်ထဲက စစ်သားတွေကို ထွက်လာနိုင်အောင် လုပ်ပေးတယ်။
ဂရိတွေကိုသတ်ဖြတ်ကြတော့တယ်။



-------------------------------------------------------------------------


လက်ရှိမြန်မာနိုင်ငံအခြေအနေနဲ့ ထရိုဂျန်မြင်းအခြေအနေဟာ ထပ်တူမကျလှသော်လည်း အကြောင်းအရာ များဆင်တူနေသည်ကိုတွေ့ရမည်။နှစ် ၃၀ ကျော်လောက် တစိမ့်စိမ့် ခိုးဝင်လာယုံတင် မကပဲ ခေတ်သစ် ထရိုဂျန်မြင်းအဖြစ် Boat People ဆိုသည်ကို သုံးကာဝင်လာရန် ကြံစည်နေကြသည်။
ထို ခေတ်သစ်ထရိုဂျန်မြင်းကိုပင်အန္တရာယ်မရှိကြောင်း ၊ လူသားခြင်းစာနာသင့်ကြောင်း အတွင်တွင် ပြောကြသည် ၊ လူအခွင့်အရေးအရ လက်ခံဖို့ အတိုက်အခံများက ဆိုသည်။
သို့သော် လက်ခံမိလျှင် တစ်ချိန်ကြ ခေတ်သစ်ထရိုဂျန်မြင်းထဲမှ လည်ဂုတ်ဖြတ်မည့်သူများ ထွက်လာမည်ကိုလည်း ပြည်သူ များက ကြိုသိနေသည်။
သိနေအောင်လည်း ယခင်က သမိုင်းထဲမှ ရက်စွဲများက အသိပေးနေသည်။

မသီတာထွေး အုတ်ဂူကား ထုံးဖြူနေဆဲ။ဆရာတော် ဦးသောဘိတကို သတိရနေကြဆဲ။
ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အဖြစ်ကို အမှတ်ရနေကြဆဲ။မည်မျှပင်အတိုက်အခံမှ ဒီချုပ်နဲ့ အပေါင်းအပါများကလူ့အခွင့်အရေး သေလောက်အောင်ပြောပါစေ မည်သည့်နိုင်ငံတွင် မဆို အမျိုးသား လုံခြုံရေး (National Security)သည်သာ အဓိကဖြစ်သည်ကို ပြည်သူများ သိကြသည်။မြန်မာနိုင်ငံက ‘ဟယ်လင်’ မင်းသမီးကတော့ လင်ငယ်နောက်လိုက်ယုံတင်မကတစ်ခုခု ကို ယူဖို့ကြံစည်နေသည်။ဆီနွမ်နဲ့တူသည့် ဦးအေးလွင် ၊ ဒေါက်တာဇာနည် တို့က တော့ ခေတ်သစ်ထရိုဂျန်မြင်းကို မြန်မာထဲ ဆွဲသွင်းဖို့ဆိုကြသည်။ အမေရိကန် သမ္မတအိုဘားမားအပါအဝင် နိုင်ငံတော်တော်များများက ခေတ်သစ်ထရိုဂျန်မြင်းကို မြန်မာထဲ ဆွဲသွင်းဖို့ဖိအားပေးနေကြသည်။ကျွန်တော်တို့ ပြည်သူများအနေနဲ့တော့ အမျိုးသားလုံခြုံရေး ၊ အမျိုးသား အကျိုးစီးပွားအတွက် ခေတ်သစ်ထရိုဂျန်မြင်း ကို ဆွဲမသွင်းမိဖို့ စည်းလုံးကြပါလို့သတိပေးလိုပါသည်။သို့မဟုတ်ပါပဲ အာဏာမူးယစ်နေကြမယ် ၊ အချင်းချင်းတိုက်ခိုက်နေကြမယ်ဆိုရင်တော့ ဂရိတွေလို အဖြစ်မျိုးတည့်တည့် တိုးမည်ဖြစ်ပါကြောင်း။

USM


-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org