ဝန်​ထမ်း​ငယ်​တွေ​ရဲ့ ​နေ​စ​ရာ​အိမ်​ရာ​ကို ​လု​ဖို့​ကြိုး​စား​နေ​ကြ​တဲ့ ​ဝန်​ကြီး​များ

​ဒီ​မို​ပ​လူ​တို(1 March 16)




--------------------------------------------------------------------


​ ​ဝန်​ထမ်း​ငယ်​များ​အ​တွက် ​ဝိုင်း​ကူ​ကြ​ပါ

===========================
​စိ​တ္တ​ရ​မ​ဟီ ​အိမ်​ရာ​စီ​မံ​ကိန်း​ဟာ ​အ​မှန်​တ​ကယ် ​နေ​စ​ရာ​လုံး​ဝ​မ​ရှိ​တဲ့ ​ဝန်​ထမ်း​များ​စွာ​အ​တွက် ​ရည်​ရွယ် ​ဆောက်​လုပ် ​နေ​တာ​ဖြစ်​တယ်​လို့ ​ဆို​ပါ​တယ်။

​လက်​ရှိ ​အ​ခြေ​အ​နေ​အ​ရ ​မြန်​မာ​နိုင်​ငံ​ရဲ့ ​အ​ချမ်း​သာ​ဆုံး​စာ​ရင်း​ဝင် ​ဝန်​ကြီး​တစ်​ဦး​အ​ပါ​အ​ဝင် ​အ​ခြား​ဝန်​ကြီး​များ၊ ​ဝန်​ထမ်း ​များ​နဲ့ ​မ​ဆိုင်​တဲ့ ​ပု​ဂိ္ဂိုလ်​များ​ပါ ​လျှောက်​ထား​နေ​ကြောင်း ​ခိုင်​လုံ​တဲ့ ​သ​တင်း​အ​ရင်း​အ​မြစ်​တစ်​ခု​က​နေ ​သ​တင်း​ရ​ရှိ​ထား​ပါ​တယ်။

​အ​ဆို​ပါ ​ပု​ဂ္ဂိုလ်​များ​ဟာ ​နေ​စ​ရာ​မ​ရှိ​တဲ့ ​ဝန်​ထမ်း​များ ​ဆီ​က ​နေ​စ​ရာ​လု​ယူ​ခြင်း​အ​ပေါ် ​ဝန်​ထမ်း​အ​သိုင်း​အ​ဝိုင်း​က ​ရှုတ်​ချ ​ပြော​ဆို​နေ​ကြောင်း ​သိ​ရ​ပါ​တယ်။

​ယ​ခု​အ​ခါ ​ဝန်​ကြီး​များ​လျှောက်​ထား​မှု ​များ​ပြား​လာ​သ​ဖြင့် ​ဆောက်​လုပ်​ရေး​ဝန်​ကြီး​နှင့် ​တာ​ဝန်​ရှိ​သူ​များ​က ​ခွင့်​ပြု​ရ​မည့် ​အ​နေ​အ​ထား​ဖြစ်​ကြောင်း ​ဝန်​ထမ်း​အ​သိုင်း​အ​ဝိုင်း​က ​ဆို​ပါ​တယ်။

​ဝန်​ထမ်း​ငယ်​တွေ​အ​တွက် ​ဆောက်​ထား​တဲ့​တိုက်​ခန်း​တွေ​ကို ​ဒီ​လို ​မျက်​နှာ​ကြီး​ရာ​ပေး​နေ​တဲ့ ​အ​ရင်​ခေတ်​စ​နစ်​ရဲ့ ​လုပ်​ရပ်​တွေ​ကို ​တား​မြစ်​ပေး​ဖို့ ​လို​အပ်​တယ်​လို့ ​ဝန်​ထမ်း​တစ်​ဦး​က ​ပြော​ပါ​တယ်။ "​အား​လုံး​က ​ဝိုင်း​တား​ပေး​မှ ​ဒီ​လုပ်​ရပ်​တွေ ​ရပ်​တန့်​မယ်​လို့ ​ထင်​ပါ​တယ်၊ ​ဝန်​ထမ်း​တွေ​ရော၊ ​ဝန်​ထမ်း​မ​ဟုတ်​တဲ့ ​ပြည်​သူ​တွေ​ရော၊ ​မီ​ဒီ​ယာ​တွေ​ရော ​ဝိုင်း​တား​ပေး​မှ ​အ​ဆင်​ပြေ​မယ်​ထင်​တယ်"​လို့ ​အ​ဆို​ပါ ​ဝန်​ထမ်း​က ​ပြော​ပါ​တယ်။

​နေ​စ​ရာ​မ​ရှိ​တဲ့ ​ဝန်​ထမ်း​များ ​နေ​စ​ရာ​ရ​ကြ​ပါ​စေ.....................။

​ဒီ​မို​ပ​လူ​တို

​အ​ရင်​တစ်​ခါ ​ရေး​ခဲ့​တဲ့ ​ဦး​စိုး​သိန်း​ရဲ့ -- ​ရာ​ထူး​မှ ​ဆင်း​ပေး​ဖို့ ၅ ​ပတ်​သာ​လို​ချိန် ​အ​လုပ်​အ​များ​ကြီး ​လုပ်​ဖို့​အ​ကြောင်း​ပြ​ပြီး ​စိ​တ္တ​ရ​မ​ဟီ ​ပ​ထ​မ​ထပ်​မှာ ​နေ​ထိုင်​ခွင့်​တောင်း​တဲ့ ​မီ​လီ​လျံ​နာ​ဝန်​ကြီး---​ပါ





--------------------------------------------------------------------


​ ​သ​မ္မ​တ ​ဦး​သိန်း​စိန်​၏ ​လက်​ရုံး​ဝန်​ကြီး​များ ​အ​ပြိုင်​အ​ဆိုင် ​တန်​ဖိုး​မျှ​တိုက်​ခန်း​များ ​တောင်း​ခံ​လျက်​ရှိ



​တန်​ဖိုး​မျှ​တိုက်​ခန်း​ဌား​ရမ်း​ဖို့ ​ဒါ​မှ​မ​ဟုတ်​ရောင်း​ချ​ပေး​ဖို့ ​တောင်း​ဆို​ကြ​တဲ့​ထဲ​မှာ ​ဗိုလ်​မှူး​ချုပ်​ဟောင်း၊ ​စီး​ပွား​ကူး​သန်း​ဝန်​ကြီး​ငြိမ်း၊ ​သ​မ္မ​တ​ရုံး​ဝန်​ကြီး​တွေ​လည်း ​ပါ​ဝင်​နေ​ပါ​တယ်။ ​ဦး​စိုး​သိန်း ၊ ​ဒေါက်​တာ​ကံ​ဇော် ၊ ​ဦး​တင်​နိုင်​သိန်း ​စ​သ​ဖြင့် ​သ​မ္မ​တ ​ဦး​သိန်း​စိန် ​လက်​ရုံး​တွေ​လည်း ​ပါ​ဝင်​ကြောင်း ​သိ​ရှိ​ရ​ပါ​တယ်။

​လျောက်​ထား​လွှာ​တွင် ​ဒေါက်​တာ​ကံ​ဇော်​က ​မ​န္တ​လေး​မြို့​တွင် ​မိ​သား​စု​နှင့် ​အ​တူ​နေ​ထိုင်​ရန်​ဟု ​ဖော်​ပြ​ထား​သည်။ ​ဦး​တင်​နိုင်​သိန်း​က​မူ ​အ​သက်​ကြီး​လာ​လျှင် ​အ​ထပ်​မြင့်​များ ​မ​တက်​နိုင်​သ​ဖြင့် ​မြေ​ညီ​ထပ် ​သို့​မ​ဟုတ် ​ပ​ထ​မ​ထပ်​ကို ​တောင်း​ခံ​ထား​ကြောင်း ​တွေ့​ရှိ​ရ​ပါ​တယ်။

Credit - ​ဝင်း​မော်
The Ladies News






--------------------------------------------------------------------




--------------------------------------------------------------------




--------------------------------------------------------------------



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org