ဝန်ကြီးက ဝန်ကြီးအလုပ် မလုပ်ပါလား

U Tin Nyunt(3 January 16)


သာလွန်မင်းလက်ထက်က မွန်ဝန်ကြီးတစ်ပါးရှိတယ်။ ဗညားကြမ်းတောလို့ခေါ်တယ်။ အလွန်ဖြောင့်မတ်ပြီး သတ္တိရှိသူလို့ နာမည်ကြီးတယ်။ ဝန်ကြီးဖြစ်မှ တရားစီရင်တာတွေ၊ ဆုံးဖြတ်ချက်ပေးရာတွေမှာ အရမ်း နာမည် ကျော်တယ်။ လူရိုသေ ရှင်ကြောက်ရလောက်အောင် သြဇာကြီးမားသူဖြစ်တယ်။

တစ်နေ့တော့ အမတ်ကြီး ဗညားကြမ်းတောဟာ စစ်ကိုင်းဘက်ကို ဘုရားတည်ဖို့သွားတယ်။ မြစ်ကူးတော့ မြစ်ကမ်းဘေးမှာ ကြီးမားတဲ့ မန်ကျည်းပင်ကြီးတစ်ပင်ကိုတွေ့တယ်။ မန်ကျည်းပင်ပေါ်မှာ လူငယ်တွေ ဆော့ ကစားရင်းနဲ့ မန်ကျည်းရွက်ခူးနေကြတာကိုတွေ့လိုက်တော့

"ဒီလူငယ်တွေ အများကြီးထဲမှာ သူရဲကောင်း နှစ်ယောက် ထွက်ရင်ကောင်းမယ်" လို့ပြောပြီး မန်ကျည်းပင် ပေါ်က လူငယ်တွေကို






--------------------------------------------------------------------




"ဟဲ့ သဘောက်မသားတွေ ဝန်ကြီးတစ်ယောက်လုံးလာတာကို မန်ကျည်းပင်ပေါ်က မဆင်း၊ ကမြင်းနေကြတယ်။ မိုက်လှတဲ့ကောင်တွေ။ နင်တို့ကို ငါအခု လာရိုက်မယ်။ သေပေတော့" လို့ ကြုံးဝါး ပြီး တုတ်ဆွဲလာတော့ ကလေးတွေလည်း ကြောက်လန့်ပြီး မန်ကျည်းပင်ပေါ်က ဆင်းပြေးကြတယ်။

ဒါပေမဲ့ သစ်ပင်ပေါ်မှာ လူငယ်အချို့ကျန်နေသေးတယ်။ ဘာလဲကွ ဆိုပြီး ပေကပ်ကပ်ကြည့်နေတာ။ အဲဒီ အချိန်မှာ ဗညားကြမ်းတောက

"ဟဲ့ ငယ်ကျွန်တွေ သစ်ပင်ပေါ်က ကောင်တွေကို ခဲနဲ့ပစ်၊ တုတ်နဲ့ လိုက်ရိုက်စမ်း" လို့အမိန့်ပေးတော့ မင်းချင်းတွေလည်း အော်ငေါက်ခြိမ်းခြောက်တယ်။

အားလုံးလိုလို ဆင်းပြေး ပေမယ့် လူငယ်တစ်ယောက်ပဲ ကျန်နေတယ်။ သူက သစ်ကိုင်းမှာထိုင်ရင်းက






--------------------------------------------------------------------


"ငါတို့ ဆင်းရဲသားတွေ မရှိလို့ မန်ကျည်းရွက်ခူးစားရပါတယ်။ သင်က ဘာမို့လို့ ငါတို့ကို ခြိမ်းခြောက် မောင်းထုတ်ရသလဲ" လို့ ရဲဝံ့စွာ ပြန်မေးတယ်။ အမတ်ကြီးကလည်း

"ငါ ဝန်ကြီးဖြစ်တယ်" လို့ ပြန်ပြောလိုက်တယ်။ လူငယ်က

"ဝန်ကြီးက ဝန်ကြီးအလုပ် မလုပ်ပါလား။ သင့်ကို ဝန်ကြီးခန့်ထားတာ တိုင်းပြည်အတွင်း ဆူပူသောင်းကျန်း နေတဲ့ သူခိုး သူပုန်တွေရန်က ကာကွယ်ပေးဖို့ဖြစ်တယ်။ မန်ကျည်းရွက်ခူးနေတဲ့ သူတွေကို အော်ငေါက်ပြီး ခြိမ်းခြောက်ဖို့ဆိုတာ သင့်အလုပ်မှ မဟုတ်တာ။ ကိုယ့်အလုပ် ကိုယ်မလုပ်တဲ့ ဝန်ကြီးမျိုး နင် .. လက်နက် အားကိုးပြီး ငါ့ကို သတ်လိုကသတ်။ ငါသင့်ကို လုံးဝမကြောက်" လို့ ပြောလိုက်တယ်။

ဗညားကြမ်းတောလည်း လူငယ်ကို အလွန်သဘောကျသွားပြီး
"သင့်ကို အာဂယောကျာ်း ဟုတ်မဟုတ် ငါ စမ်းသပ်ခြင်းဖြစ်တယ်။ သင့်ကို ငါမွေးမယ် ဆင်းခဲ့လော့" ဆိုပြီး အဝတ်ပုဆိုးတွေပေးပြီး ခေါ်သွားပါသတဲ့။

ဒီခေတ်မှာ အဲဒီလို လူငယ်မျိုးတွေ များများ ရှိစေချင်ပါတယ်။

သာလွန်လက်ထက်က ဝန်ကြီးရဲ့ သဘောထား ကြီးပုံမျိုး ဒီခေတ်ဘယ်ဝန်ကြီးမှ ရှိနိုင်မယ်မထင်ဘူး။

ဘာကြောင့်လဲဆိုတော့ လူငယ်ကို ပျိုးထောင်ချင်တဲ့ ဝန်ကြီးတွေမှမဟုတ်တာ။
အချုပ်ထဲထည့်ပြီး ထုထောင်းချင်နေတဲ့ ဝန်ကြီးမျိုးတွေရှိနေတဲ့တိုင်းပြည်မှာ တို့လူငယ်တွေရဲ့ဘဝ ဘယ်တော့များမှ အညွန့်တက်ကြမယ်မသိ။

လေးစားရတဲ့ ဆရာ- Sayar U Tin Nyunt





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org