လွှတ်တော်အမတ်များအားနိုင်ငံရေးပင်စင်လစာပေးအပ်မည့်အပေါ် ဖွဲ့ချုပ်လက်မခံ

Khant Naing(16 December 15)


ဒီချုပ်အမတ်များဟာ လစာ ၃သိန်းမှ ၁၀သိန်းတိုးသည့် အချိန်တုန်းကလဲ ပြင်းထန်စွာကန့်ကွက်ခဲ့သည်။
သို့တော် အနည်းငယ်သော အမတ်များ ဖြစ်နေသည့်အတွက် ကန့်ကွက်ခြင်းမှာ မအောင်မြင်ခဲ့ပေ။





--------------------------------------------------------------------


========================================



--------------------------------------------------------------------


လက်ရှိရရှိနေတဲ့ လစာချီးမြင့်ငွေကို တာဝန်ထမ်းဆောင်ခဲ့တဲ့ လုပ်သက်နှစ်နဲ့ မြှောက်ပြီး ရရှိလာတဲ့ ပမာဏကို နိုင်ငံရေး ပင်စင်လစာအဖြစ် တလုံးထဲ တခဲတည်း ပေးအပ်မှာ ဖြစ်ပါတယ်။
အဲ့ဒီချီးမြင့်ငွေကို နိုင်ငံတော်အစိုးရ ဘတ်ဂျတ်ထဲက ပေးအပ်မှာဖြစ်ပါတယ်။

အဲ့လို ချီးမြင့်ငွေပေးအပ်မယ့် အစီအစဉ်ကို လွှတ်တော်အမတ် အတော်များများက သဘောတူပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်များကတော့ သဘောမတူကြပါဘူး။

ကျနော်က လုံးဝမမျှော်လင့်ဘူး....။နိုင်ငံရေးလုပ်တယ်ဆိုတာ ဟိုဟာရချင်လို့ ဒါရချင်လို့ လုပ်တာမှ မဟုတ်ပဲ။
လခ ၃သိန်းကနေ ၁၀သိန်းလုပ်တုန်းကတောင် ကျနော်တို့က သဘောမတူဘူး။

မတူဘူးဆိုတာ မရချင်လို့ မဟုတ်ဖူး။
တိုင်းပြည်အခြေအနေ မတိုးတက်သေးတာရယ်..ဝန်ထမ်းတွေနဲ့ အောက်ခြေလူထုက ရုန်းကန်နေသေးတာရယ်ကြောင့် ဒီ လစာ ၁၀သိန်းကို ယူဖို့ ဆနမရှိခဲ့ဘူး။
ခု…ဒီ လေးနှစ်လေး ငါးနှစ်လေး လုပ်ပြီးတော့....မှန်တော့ မှန်ပါတယ်..
ဒီဥပဒေပြု တာဝန်ဆိုတာ အရေးတော့ ကြီးပါတယ်..
အဲ့လောက်ကြီးတော့ ယူရမှာ ကျနော်တို့ စိတ်လုံမှာ မဟုတ်ဖူး....
အဲ့တော့ လှူပလိုက်တော့မယ်။

ဦးဝင်းထိန်
( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိ်ုယ်စားလှယ်.)
============================

ဆက်လက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(ကျားဖြူပါတီ)မှ ဦးစိုင်းသီဟကျော် က အခုလို ချီးမြင့်ငွေပေးအပ်မယ့် အစီအစဉ်ဟာဖြစ်သင့်ကြောင်း အခုလို ပြောပါတယ်။

ကျနော့်အနေနဲ့ ပြောတာကတော့ ပေးသင့်ပါတယ်..ခုနကလဲ ပြောပြီးပါပြီ၊ ဥပဒေ အရပေးဖို့လဲ ပြောထားပြီးသားဖြစ်ပါတယ်။ ဘယ်လောက်ပေးသင့်လဲဆို ကျနော့် ဆွေးနွေးချက်မှာ သိန်း ၁၀ဝ ပေးသင့်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။

ဦးစိုင်းသီဟကျော်
(ရှမ်းတိုင်းရင်းသားများ ဒိီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

============================

ထို့နောက် ရခိုင်အမျိုးသားပါတီမှ ဒေါ်ခင်စောဝေက ဥပဒေအရပေးအပ်လျင် လက်ခံမယ်လို့ ခုလို ပြောပါတယ်။

အန်တီတို့ကတော့ ဥပဒေရေးဆွဲတဲ့ အထဲမှာပါရင်တော့ပေါ့ ဘာပဲဖြစ်ဖြစ်ပေါ့လေ ဟို…သူတို့က မပေးဘူးဆုံးဖြတ်ရင်လဲ မယူပါဘူးပေါ့နော်.ဆိုတော့ပေါ့ သူတို့က ဥပဒေအတိုင်းပဲ ငါးနှစ်သက်တမ်းအတွက် အရင်တုန်းက မဆလ ခေတ်တုန်းကလဲ ပေးခဲ့ကြတယ်ပေါ့နော်..ဥပဒေအရပေးမယ်ဆိုရင်တော့ အန်တီတို့လဲ လက်ခံပါမယ်။

ဒေါ်ခင်စောဝေ
(ရခိုင်အမျိုးသားပါတီ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

==================================

ကြံခိုင်ဖွံဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်အမတ် ဦးတင်မောင်ဦးကတော့ အခုပေးမယ့်ငွေပမာဏဟာ ကုန်ဈေးနှုန်းတွေတက်နေတာကြောင့် နည်းတောင်နည်းတယ်လို့ ပြောပါတယ်။

နှုနး်ထားနဲ့ ပါတ်သတ်လို့တော့သိန်း ၅၀ သိန်း ၃၀ဆိုတာက အမှန်ပြောရင် ယနေ့ ကုန်ဈေးနှုန်းတွေနဲ့ တွက်ရင် ဘယ်လောက်မှ မရှိပါဘူး။ အဲ့တော့ နည်းသလား များသလားမေးရင်တော့ ဦးတို့က ကိုယ်စားလှယ်လဲဖြစ်တယ် နိုုင်ငံတော်ဘက်လည်း ကြည့်ရမယ်ဆိုတော့ အနည်းငယ်တော့ နည်းတယ်လို့ပြောလိုတယ်။ အဲ့တော့ ဘယ်လောက်ဖြစ်သင့်လဲ မေးရင် လစာ ၁၀သိန်းကို ၂ နဲ့မြှောက် …..ပြီးရင် ၅ နှစ်ဆိုတော့ ၅နဲ့ မြောက်ရင် သိန်းတရာပေါ့...ဒါကလဲ ုနိုင်ငံတော်ရဲ့ စီးပွားရေးအခြေအနေပေါ်မုူတည်ပါတယ်...ဒီလိုဖြစ်သင့်တယ် ဆိုတာ ပြောတာပါ။

ဦးတင်မောင်ဦး
(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)






--------------------------------------------------------------------


နိုင်ငံရေးပင်စင် ခံစားခွင့်အပေါ် သူတို့သဘောထား .. “လွှတ်တော် ကိုယ်စားလှယ်တွေက ဘာလုပ်ခဲ့လို့ နိုင်ငံရေး ပင်စင်ပေးမှာလဲ။ ဘယ်က ပိုက်ဆံနဲ့ ပေးမှာလဲ။ ပြည်သူတွေက ဆင်းရဲ နေတဲ့အချိန်မှာ သူတို့ ဒီလို မလုပ်သင့်ဘူး။ ပေးရင်ပေး ထောင်တွေတန်းတွေကျပြီး ဘဝပျက်၊ ကျန်းမာရေးတွေ ဆုံးရှုံးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း တွေကို ပေးသင့်တယ်။ တိုင်းပြည်ကို တကယ်ချစ်တဲ့သူကတော့ ဒီနိုင်ငံရေးပင်စင်ကို ယူမှာ မဟုတ်ဘူးလို့ ကျနော် နားလည်တယ်” ‪#‎ဦးရောဘတ်စန်းအောင်‬




------ ------- ------- -------



--------------------------------------------------------------------


“ဒီကိစ္စက လွှတ်တော်မှာ တိုင်းရင်းသားတွေ၊ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်တဲ့ ကိုယ်စားလှယ်တွေ အတွက်တော့ မပြောချင်ဘူး။ ပြောချင် တာက တိုင်းပြည်ဒီလောက် ဆင်းရဲနေတဲ့အချိန်မှာ ဒီခံစားခွင့်တွေကို မူအားဖြင့် အဖွဲ့ချုပ်(NLD)ကလည်း လက်ခံမှာ မဟုတ်ဘူး။ ဒီခံစားခွင့်တွေနဲ့ ပတ်သက်ပြီး ဥပဒေတရပ်ရပ်ကို သေသေချာချာ ပြဋ္ဌာန်းသင့်တယ်လို့ မြင်တယ်။ အခုလည်း ကျနော်တို့ရတဲ့ ပိုက်ဆံတွေက ပြည်သူတွေဆီက ရတာဖြစ်တဲ့အတွက် လှူနေရတာပဲ” ‪#‎ဦးမင်းသူ‬ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)






-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org