ဦးသိန်းစိန်မျက်နှာမကလို့ ဦးသန်းရွှေမျက်နှာ ကြည့်ပြီး မဲထည့်လဲ

Thet Paing Tun (7 November 15)


မပြောဘူးလို့ နေနေတာ မနေနိုင်တော့ ရေးမိပြန်ပြီ
(ဒီစာလေးရေးပြီးရင် အားမနာပ ပြောပါပြီ)
ဦးသိန်းစိန်မျက်နှာမကလို့ ဦးသန်းရွှေမျက်နှာ ကြည့်ပြီး မဲထည့်လဲ ကိုယ့်သဘောနဲ့ကိုယ်ထည့်တာ လေညှာက အနေသာကြီးပါ။

ဒါပေတိ ကိုယ်တွေ ဘက်ကို ပခုံးချင်းယှဉ်ယှဉ်လာပြီး ကိုယ်တွေခေါင်းဆောင်ကို အသာလွတ် လာလာမာန်ဖီ နေရင် ပြန်မချေပပဲ နေကိုမနေနိုင်ဘူး ။

ပြောင်းလဲချိန်တန်ပြီ အားကိုးပါရစေ အမေဆိုတာ
အမှန်ပဲ အားကိုးသင့် အားကိုထိုက်တဲ့ ခေါင်းဆောင်မို့လို့ အားကိုး ကြတာပဲ ။
အားကိုးထိုက်တဲ့ ခေါင်းဆောင်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ပြောပြမယ်လေ ယှဉ်ထိုးကြည့်ပေါ့ ။

""ပညာရေးလား ကိုယ့်ဟာကိုကြိုးစားမှရမှာ..""

ဆိုတော့ ပညာရေးမှမဟုတ်ဘူးဗျ
စီးပွားရေး ကျန်းမာရေး၊ နောက်ဆုံး အယုတ်စွဆုံး လင်ယူသားမွေးက အစကိုယ့်ဟာကို ကြိုးစားရမှာဗျ ဒါက လူသားမှန်ရင် မွေးရာပါသိရမဲ့ အသိ တွေပါ။

ဒီခေတ်မှာ ကြိုးစားပြီး စကော်လာ ဝင်သွားတဲ့ သူတွေ အများကြီး ဆိုတာ မှန်ပါတယ်။
ပညာတတ်ဆိုတာ စကော်လာဝင်တိုင်း ပညာတတ်ဖြစ်တာမှမဟုတ်တာပဲ ကွယ်

ကောင်းဆိုး အကြောင်းအကျိုး ဝေဖန်ပိုင်းခြားတွေးခေါ် နိုင်ပြီး မှန်ကန်တဲ့ ဆုံဖြတ်ချက်တွေ ချနိုင်တာမှ ပညာလို့ ခေါ်တယ်။

စကော်လာပါပြီး စင်ပေါ်တတ် ဖင်ဖြဲပြတာတွေ မနေ့တနေ့ကမှ မြင်ဘူးလိုက်မှာပါ ။
(သူ့ပြောပြောနေရတာ အားတောင်နာလာပြီ)

အားကိုးမယ် မေမေဆိုတိုင်း ပညာတတ်ကြီးမဖြစ်ပေမဲ့
ပညာမတတ်တဲ့ ဖေဖေကြောင့်
စာပွဲထိုးနေရတဲ့ ကလေးတွေ ၊ အမှိုက်ကောက်နေရတဲ့ ကလေးတွေ ၊ တောင်းစားနေရတဲ့ ကလေးတွေ၊
အများကြီး ဖြစ်နေသလို
လူရှေ့ထွက် ဗရမ်းဗဒါ ပြောတဲ့ ပါစပ်တွေလဲ တွေ့နေရတာမျက်မြင်ပဲ ။





------------------------------------------------------------------------------------



ရှင်းရှင်းလေးစဉ်းစားကြည့် ပညာရှိနောက်လိုက်ရင် ပညာရှိမဖြစ်တောင် ပညာတတ်ဖြစ်မှာပဲ ။
သူခိုးနောက်လိုက်လို့ ကတော့ ကိုယ်တိုင်ကြိုးစားလဲ သူခိုးပညာပဲတတ်လာမှာ ။

"စီးပွားရေး ကံ ဉာဏ် ဝရီယ အားကိုတယ်" ဆိုတဲ့
စကားလေးကို ကြိုက်တယ် ။

နိုင်ငံခြားမှာ အလုပ်လုပ်ဘူးတော့ နိုင်ငံခြားက အတွေ့အကျုံလေးပြောပြမယ်။

နိုင်ငံခြားမှာ လဲ ဒီအလုပ်
မြန်မာနိုင်ငံမှာလဲ ဒီအလုပ်
အလုပ်လုပ်ရတာ၊ အားထုတ်ရတာ ချင်းလဲ အတူတူ။

အချိန်ပေးရတာချင်းလဲအတူတူ
လူချင်းလဲအတူတူပါပဲ ။

မတူတာ အခွင့်အရေးဖြစ်သွားတယ်။
ကံ(အလုပ်)ဉာဏ် ဝိရိယ ဆို အကုန်ထပ်တူညီ အားထုတ်တာချင်းတူပါလျက်နဲ့

ဟိုမှာလုပ်တော့ တစ်လ ၇သိန်းလောက် ရတဲ့ အလုပ်ကို ဒီမှာ ၁သိန်းကျော်ကျော်လေးလောက်ရတာ ဘာအားနည်းလို့ လဲဟမ်။

ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်ပါလိမ့်မလဲ ။
သူ့နိုင်ငံ လေဘာlaw အရ ။

ကျန်းမာရေးစောင့်ရှောက်စရိတ်တွေကို ကုမ္ပဏီက ရာခိုင်းနှုန်း၈၀ လောက်ကျခံပေးရပြီး အလုပ်သမားက ၂၀% လောက်ပဲပေးရတယ် ။
ဒါကရော ဘာကွာသွားတာလဲ ။ မြန်မာနိုင်ငံသားတွေ ဘာအပြစ်ရှိလို့လဲ။

မြန်မာနိုင်ငံက မွဲလို့ ဆိုပြီးမပြောနဲ့နော် ဘာမှမထွက်တဲ့ နိုင်ငံတွေ ကိုယ့်ခေါင်းကို ဖင်ခုထိုင်နေပြီ။

ကိုယ်တွေလိုချင်တာ လူတန်းစေ့မှု့။

သူများတွေကြိုးစားသလောက်ကိုတွေ ကြိုးစားပြမယ် ။
သူများတွေလိုပဲ ရချင်တယ်။

ဒါကို ခင်ဗျားကြည့်နေတဲ့ အဲ့အခွက်ကြီးက ငါးနှစ်လုံး မလုပ်ပေးနိုင်တဲ့ အပြင်
မကြာသေးခင်ကမှသတ်မှတ်ပေးတဲ့ အခြေခံလစာကိုပဲ ကြည့်လိုက် တစ်ရက် ၃၆၀ဝ တဲ့ ။
၁၀ရက် ၃သောင်းခြောက်ထောင် ။ ရက်သုံးဆယ်ဆို တစ်သိန်း၈ထောင် ပဲ ရှိပါတယ်။

ကျွန်တော်လုပ်ခဲ့တဲ့ နိုင်ငံက ခြေခံ အလုပ်သမား
သန်ရှင်းရေး လစာ မြန်မာငွေနဲ့ ၄သိန်းခွဲ ရှိတယ်။
ကျန်မာရေးဘာညာလှည့်ကြည့်စရာမလိုဘူး။

ဘတ်စ်ကား တစ်လလုံးစီး ၂၄၀ဝ၀ ပဲ ကျတယ်။

ဆန် 5kl တစ်အိတ် ၆၀ဝ၀ ပဲ ရှိတယ်။

ကြက်ဥအလုံး ၃၀ တစ်ကဒ် ၃၀ဝ၀ ကျော်ပဲ ကျတယ် ။

ကဲ !! ကံလဲ တူတယ် ဉာဏ်လဲတူတယ် ဝီရိယလဲတူတယ်။

ငါတို့ ဘဝတွေမှာ သန်ရှင်းရေးတစ်ယောက် ဘယ်လိုနေနေရလဲ ??။
သူ့သားသမီး ဘယ်လိုနေနေရလဲ ။
ငါတို့ ဘာမှားလို့လဲ ။
ငါးနှစ် နေပေးပြီးပြီလေ ။
လစာတွေတိုးပေးတယ် လာမပြောနဲ့ ကုန်ဈေးနှုန်းတွေလိုက်တိုး တာလဲ ထည့်ပြော။

"သူ့အောက်က တစ်ချို့ ချစားနေတာ ကိုမထိန်းနိုင်သေးတာကလွဲရင်တဲ့။"

တစ်ချို့တဲ့ လား ပြောစမ်းပါဦး ။
ကမ္ဘာမှာ ချစားမှု့ အများဆုံး အဆင့် က Top 10 ဝင်နေပြီ ။
အဲ့ဒါကိုတစ်ချို့လို့ပြောတုန်းပဲလား။

လောဘ်ပေး လောဘ်ယူ ပြသနာက
အုပ်ချုပ်ရေး တရားစီရင်ရေး ဥပဒေပြုရေး အားလုံးကို ဖျက်စီးပြစ်နိုင်လောက်အောင် အဓိကကျတာကိုတောင် ငါးနှစ်လုံးလုံးအတွင်း မဖြေရှင်းနိုင်ပဲ ကျန်တာကို ဘယ်လိုဖြေရှင်းမှာလဲ ။

ကုလား ကိစ္စကို ထည့်ပြောလေ့မရှိတဲ့အတွက် ဒီနေရာမှာထည့်မဝေဖန် ချင်ဘူး ။
(အောက်တန်းကျတယ်လို့ပဲ မှတ်ထားတယ်)

တရားဥပဒေစိုးမိုးပြီး စောစောက ချစားတာတွေမရှိရင် ဘာကုလားပြသနာ၊ တရုတ်ပြသနာမှလဲ မတတ်ဘူး ။

မြန်မာနိုင်ငံထဲရောက်နေတာ ကုလားတစ်မျိုးထဲမဟုတ်တာတော့ သိစေချင်တယ်။

ခေါင်းပေါ်က မီးကို အရင်မငြိမ်းပဲ
အိမ်မီးလောင်တာကို ငြိမ်းနေသလိုပဲ

အခြေခံကျတဲ့ အချက်တွေကိုအရင် မရှင်းပဲ
နောက်မှလုပ်ရမဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး
မယောင်ရာဆီလူးနေတာ ကို မကြိုက်တာပဲ။

ကမ္ဘာပတ် ပိုက်ဆံချီးတာတောင် ကုလားနိုင်ငံမပါဘူး ။
စစ်သုံးလက်နက်တွေ တန်ဖိုး အလုံးအရင်းတာ့ ကုလားနိုင်ငံက ဝယ်လိုက်တယ်မှတ်လား။





------------------------------------------------------------------------------------

ဘာတဲ့ အရင်အာဏာရှင်စစ်အစိုးရလက်ထက်မှာ ရောင်းစားသွားတဲ့ မြစ်ဆုံကို ဖျက်သိမ်းပေးတာတဲ့ ။

မဖျက်သိမ်းဘူးနော် ငါ့လက်ကလွတ် သီတင်းကျွတ် လုပ်ထားတာ။ သူ့သက်တမ်းလေးမှာ ရပ်ဆိုင်းထားတာ။
အရင်ကအစိုးရ သူ့အစိုးရလက်ထက်မှာမပါဘူးဆို တာကတော့ အတော်ရီရတယ်နော်။

ရိုင်းရိုင်းပြောရရင်
"ငါယိုး တုန်းက မမွေးသေးတဲ့ ကလေး ငါ့ကလေးမဟုတ်ဘူး""

ဆိုပြီး တာဝန်မယူတဲ့ ပုံနဲ့ သွားတူနေတယ် ။

မနေ့ကဘောင်းဘီဝတ်ပြီး မုဒိန်းကျင့်ခဲ့တာပါ
ဒီနေ့ပုဆိုးဝတ်ထားလို့ ကျွန်တော့်မှာ အပြစ်မရှိပါဘူးဆိုတဲ့ အချိုးတွေးလား ။

ဒါဆို သူ့အစိုးရလက်ထက်မှာလုပ်တဲ့ သံလွင်မြစ်ကို တူးမြောင်းဖောက်ပြီး ထိုင်းကိုရေရောင်းစား ပြီး ကြားမှာ ရေအားလျှပ်စစ်ထုတ်ပြီး အဲ့ဓာတ်အားတွေပါရောင်းစားတာကော ဘယ်သူတာဝန်ယူမလဲ ။

မျိုးစောင့်ဥပဒေကြောင့် ထောက်ခံတယ် ဆို
ရယ်ပြီးသာနေလိုက်တော့ မယ်
အဲ့ဥပဒေကြောင့် ကောင်းကျိုးဆိုးကျိုး ဘယ်ဟာပိုများမယ်ဆိုတာ စောင့်ကြည့်ပေါ့ကွယ်
အဲ့ဥပဒေအကြောင်း ငြင်းချင်ရင်တော့
သက်သက် post တင်ပြီးသာ metion ခေါ်လိုက်ပါ။

အဲ့တော့ မှန်ပါတယ် တစ်ယောက်နဲ့တစ်ယောက်တန်ဖိုးထားတာ မတူဘူး။

ခွေးရှေ့မှာ ရတနာပုံကြီးနဲ့ ချီးပုံကြီး ယှဉ်ပေးထားလဲ
ခွေးဆိုတာ သူ့အကြိုက်နဲ့ သူမို့ ချီးပုံကြီးပဲ ပြေးဟက်မှာလေ ။

ကိုယ့်အကြိုက်နဲ့ ကိုယ်ပေါ့ဗျာ။
ကိုယ်ချီးပုံကြီးကြိုက်တိုင်း ရတနာပုံကြီးက မကောင်းပါဘူးပြောရင်တော့ ။

ကျုပ်ကတော့ ခေါင်းလေးပဲ သပ်သပ်ပေးနေမယ်။
ကုန်အောင်သာစားသွား ရေဆေးစရာမလိုတော့ဘူးပေါ့။

ကျုပ်ကတော့
ကိုယ့်မျက်နှာ ကိုယ်မှန်ထဲကြည့်ပြီးပဲ မဲထည့်တယ်။
ကိုယ်ကြိုက်တာကိုယ်ပဲ သိတာကို ။

မှန်လေးဘာလေး ပြန်ကြည့်ပေါ့ဗျာ နားရွက်ရှည်နေရင်ရှည်နေမှာ။ Thet Paing Tun



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org