ဇေကမ္ဘာနဲ့မူးယစ်ဆေး

Ruby Yadanar(29 July 15)




----------------------------------------------------------------

ဇေကမ္ဘာနဲ့မူးယစ်ဆေး
----------
ပွဲကတော့ ကြည့်ကောင်းတော့မယ်...!!
ခင်ရွှေပိုင်နက်ထဲမှာ ဖမ်းဖိထားတဲ့ စိတ်ကြွဆေးပြား တွေ့ရှိတဲ့အမှုကို အစိုးရရဲတွေက ဖမ်းမိတာမဟုတ်ပဲ
မြန်မာနိုင်ငံက ရဲဝန်ထမ်းဟောင်းတွေနဲ့
အမေရိကန်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့
မူးယစ်တိုက်ဖျက်ရေး (D E A)က ဖမ်းဆီးထားတာပါတဲ့

ခုတော့ ခင်ရွှေကို ထိန်းသိမ်းထားတယ်လို့ ကြားသိရပါတယ်..

နိုင်ငံတကာ ကတော့ ဘယ်လိုဖြေရှင်းမလည်း....
စောင့်ကြည့်နေကြပါပြီ..အစိုးရမင်းများရေ...!!

Ruby Yadanar
------------------++++



.



----------------------------------------------------------------
.

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ ခမည်းခမက်ဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေပိုင် ဇေကမ္ဘာဝင်းအတွင်းမှ ကမ္ဘာတွင် ဒုတိယအများဆုံး စိတ်ကြွဆေးပြားများ ဖမ်းမိ

မူးယစ်ဆေးဝါးသမိုင်းတွင် စိတ်ကြွဆေးပြားဖမ်းဆီးရမိမှုများ၌ ကမ္ဘာတွင် ဒုတိယအများဆုံး၊ အရှေ့တောင် အာရှတွင် အများဆုံးအဖြစ် အမေရိကန်ဒေါ်လာ ၁၃၃ သန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၆ သန်းကျော်ကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၏ ခမည်းခမက်ဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေပိုင် မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းအတွင်းမှ ကွန်တိန်နာယာဉ်တစ်စီးပေါ်တွင် ဇူလိုင်လ ၂၆ ရက် နံနက်အစောပိုင်းက ဖမ်းဆီးရမိခဲ့ ကြောင်း သတင်းရရှိသည်။

“ဒီလောက်စိတ်ကြွဆေးပြားအများကြီးကို တစ်ခြားနေရာကနေ ရန်ကုန်မြို့ထဲ သယ်ယူလာတာလား၊ ရန်ကုန်မှာပဲ ထုတ်နေတာလား၊ အဓိက တရားခံက ဘယ်သူလဲဆိုတာ စုံစမ်းနေပါတယ်။ အခုဖမ်းမိတဲ့ ဆေးပြား ပမာဏဟာ ကမ္ဘာမှာ ဒုတိယ အများဆုံး ဖမ်းဆီးရမိခြင်းဖြစ်ပါတယ်” ဟု မူးယစ်အထူးတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

စိတ်ကြွဆေးပြားများတွေ့ရှိသော ကွန်တိန်နာယာဉ်ပေါ်မှ မော်တော်ယာဉ်မှတ်ပုံတင်တစ်ခုတွေ့ရှိသဖြင့် ဆက်လက်စုံစမ်းရာ အဆိုပါယာဉ်ကို ဇေကမ္ဘာဝင်းအတွင်းရှိ အမှတ်(၃)လမ်းဆုံ မီးပွိုင့်အကျော် ဇေကမ္ဘာဝင်း လုံခြုံရေးဂိတ်တွင် တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့က ဇေကမ္ဘာဝင်း ဝင်ထွက်ပေါက်များကို ပိတ်ဆို့ကာ သိုလှောင်ရုံများကို ထပ်မံရှာဖွေ စစ်ဆးနေကြောင်း သိရှိရသည်။

ပြည်သူ့အာဏာ

----------------------------------------------------------------
.



----------------------------------------------------------------
.

.. ဆေးပြားတွေ ဒေါ်လာ သန်းရာချီတန်တဲ့ ပမာဏ မိတယ်ဆိုတော့ .. စဉ်းစားကြည့်ဗျာ။ အဲဒီလို မမိတဲ့ အကြိမ်တွေ ဘယ်လောက် များခဲ့သလဲ။ မမိလို့ ရောင်းချလို့ရတဲ့ ငွေမဲတွေ ဘယ်ရောက်ကုန်သလဲ။

... မြန်မာပြည် အိမ်ဈေး၊ မြေဈေး၊ ခြံဈေး၊ ဒေါ်လာဈေးတွေ ကမောက်ကမ ဖြစ်တာ ... ဘာမှ မထူးဆန်းဘူး။

အဲဒီ ဒေါ်လာသန်းချီတန်တဲ့ ငွေမဲတွေကို လျှော်ဖွတ် ဆေးကြောဖို့ ... ဘယ်ဈေးကွက်မှာ သုံးသလဲ။ ရန်ကုန်မြို့သစ် စီမံကိန်း၊ ဒဂုံစီးတီး စီမံကိန်းတွေ နဲ့ အခြား အခြားသော စီမံကိန်းတွေဆိုတာ ဘယ်က ငွေတွေနဲ့ လည်ပတ် ဆောက်လုပ်မှာလဲ ..

... အိမ်ခြံမြေ တွေကို အဆမတန် ဈေးမြှင့်ပြီး ငွေကို ရေလို သဘောထားပြီး ငွေမဲတွေ ဈေးကွက်ထဲ ပစ်ထည့်ခွင့် ရနေအောင် ဘယ်သူတွေ လုပ်ပေးနေတာလဲ။

... သေချာ စပ်ဆက်ပြီး အသေးစိပ် လိုက်ကြည့်လိုက်။ .. တိုင်းပြည် စီးပွားရေး ဈေးကွက် ပျက်စီးနေတာဟာ .. တဘို့တည်းကြည့်ပြီး .. ဘနဖူး သိုက်တူးဖို့ ...အာဏာကို သေနတ်ပြပြီး လုယူထားတဲ့ အစိုးရနဲ့ စစ်တပ်က လူယုတ်မာတွေရဲ့ လက်ချက်ဆိုတာ အထင်အရှားပဲ ...။

တိုင်းပြည် စီးပွားရေး ကမောက်ကမ ဖြစ်တော့ ... သာမန်အခြေခံ ပြည်သူတွေဘဲ ခါးချိအောင် ခံရတော့တယ်။ လူယုတ်မာတွေကတော့ ချမ်းသာလို့။

ကိုထိုက်

---------------------------------



မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org