မဲ စာရင်း မှားတယ် ဆိုတာ ကြိုပြီး ပြင်ဆင်ထားတဲ့ ထောင်ချောက်

ကိုထိုက်(6 July 15)




-------------------------------------------------------------------------


မဲ စာရင်း မှားတယ် ဆိုတာ ကြိုပြီး ပြင်ဆင်ထားတဲ့ ထောင်ချောက်ဗျ။

ဒီလိုဗျာ ... ရွေးကောက်ပွဲ နေ့မှာ မဲပေးဖို့ မဲရုံသွားကြမယ်။
ရပ်ကွက်ထဲ ဘယ်သူက ကြံ့ဖွတ်ကို ထောက်ခံသူ၊ ဘယ်သူက ကြံ့ဖွတ်ကို ဆန့်ကျင်သူဆိုတာ အသိသာကြီးမဟုတ်လား။ ဒါက အချက်အလက် တစ်ခု။

... ရွေးကောက်ပွဲနေ့မှာ .. လာရောက် စောင့်ကြည့်သူတွေ ဘာတွေ ခေါ်ထားပစေ။
မျှမျှတတ လုပ်ပေးမယ်ဆိုပြီး လုပ်ပြလိုက်ရုံပဲ။ ရွေးကောက်ပွဲ မဲရုံစောင့်တွေကို .. မှာထားလိုက်ရုံပဲ။
မဲပေးသူတွေကို တိတိကျကျနဲ့ သေချာ စစ်။ အမှားအယွင်း မရှိစေနဲ့။
စာရင်းကို မှန်အောင်သာ စစ်ပေးလိုက်ပေါ့။ ဒါက ဒုတိယ အချက်အလက် တစ်ခု။

ဒီနှစ်ခု ပေါင်းကြည့်လိုက်။ ဥပမာ ခင်ဗျားက မဲသွားပေးမယ်။
ခင်ဗျားက NLD ကို ထောက်ခံသူ။ ခင်ဗျား နာမည်ကို မဲစာရင်းမှာ ... မပါတာ၊ လွဲချော်တာတွေ လုပ်ထားတယ်။
ခင်ဗျား မဲသွားပေးဖို့ စာရင်းမှာ တိုက်ကြည့်တော့ လွဲနေတယ်။
အဖေနာမည် လွဲတာ၊ မွေးသက္ကရာဇ်လွဲတာ စတာတွေပေါ့။
ဒီအခါ .. လွဲနေလို့ မဲပေးခွင့် မပြုနိုင်ဘူး (သို့) မဲစာရွက် ထုတ်မပေးဘူး လုပ်လိုက်ရုံပဲ။
တိတိကျကျ လုပ်တာလေ။

NLD မဲတစ်ရွက် မဲပုံးထဲ ရောက်မလာတော့ဘူး။

ဖွတ်တွေကို ထောက်ခံသူတွေကို မဲစာရင်း မှန်မှန်ကန်ကန် လုပ်ပေးလိုက်။
အမှန်အတိုင်း မဲထည့်ပလေ့စေပေါ့။

ဖွတ်မဲ တစ်စောင် မဲပုံးထဲ ရောက်သွားရော။

.. လေ့လာသူတွေ စောင့်ကြည့်သူတွေက မေးရင်၊ စောင့်ကြည်ရင် ... အမှန်အတိုင်း မှန်မှန် ကန်ကန် လုပ်နေတာပဲလို့ မြင်ရတယ်လေ။ မဲပေးဖို့ လာသူတွေကပဲ ... မမှန်မကန် လုပ်နေသလိုမျိုး ဖြစ်ရော။

... တင်အေး .. (ယုတ်မာ ကလိမ်ကျတဲ့ နေရာမှာတော့) မင်းပိုင်သကွာ ...

ကိုထိုက်
---



-------------------------------------------------------------------------


ကမ္ဘာပေါ်မှာ ဘယ်မှာမှ မရှိတဲ့ " ကိုယ့်မဲပေးပိုင်ခွင့်ကို ကိုယ်ပြန်စစ်ဆေးရခြင်း"
********************************

" မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်းမှာရော ကမ္ဘာပေါ်မှာရှိတဲ့ ရွေးကောက်ပွဲ သမိုင်းမှာရော ပြည်သူတွေဟာ ကိုယ့်မဲပေးပိုင်ခွင့်ကို ကိုယ်ပြန်စစ်ဆေးပြီး ရယူရမယ်ဆိုတာ ဘယ်မှာမှ မရှိခဲ့ဘူး

မဲစာရင်းမှန်ကန်အောင်လုပ်ဖို့ ပြည်သူတွေမှာတာဝန်ရှိတယ်ဆိုတာ ဘယ်မှာမှမကြားဖူးဘူး

အခုမြန်မာနိုင်ငံမှာမှလာပြီးတော့ ကိုယ့်ဟာကို ပါတီတွေက မဲစာရင်း ကြည့်ပေးရမယ်
ပြည်သူတွေက ကိုယ့်မဲစာရင်းကို ကြည့်ပေးရမယ်ဆိုတာ တော်တော်ကြီးကိုအံ့ဩစရာကောင်းတဲ့ ပုံစံဖြစ်နေတယ်
အဲဒီတော့ အဓိကတာဝန်ရှိတာက ရွေးကော်ပွဲကော်မရှင်ပဲ ရွေးကောက်ပွဲကော်မရှင်က စေတနာ့ဝန်ထမ်းလုပ်တဲ့ကော်မရှင်မဟုတ်ဖူး
ပြည်သူ့ဘဏ္ဍာစားနေတဲ့သူတွေပဲ တာဝန်ကျေအောင်လုပ်ကိုလုပ်ရမယ်
ရွေးကောက်ပွဲကော်မရှင်ဥက္ကဌဖြစ်တဲ့ ဦးတင်အေးဟာလည်း ဒီတာဝန်ထမ်းဆောင်နေတာ သက်တမ်းသုံးနှစ်ရှိပြီ

ဒီသုံးနှစ်အတွင်းမှာ အခြေခံမဲဆန္ဒရှင် စာရင်းလောက်မှ မှန်အောင် မလုပ်နိုင်ဘူးဆိုရင် ကျွန်တော်တို့ ဘယ်လိုလုပ်သွားပြီး ဒီရွေးကောက်ပွဲကော်မရှင်ကို ယုံကြည်စရာရှိမလဲ ။

ဒေါက်တာ သန်းထွဋ်အောင်
( CEO " Eleven Media Group )



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org