​တာ​ဝန်

​မျိုး​ဇေ​ယျာ ​ဦး(29 March 16)


​ရန်​ကုန်​မြို့​လည်​မှာ ​ဖြစ်​သွား​တဲ့ ​စွမ်း​အား​ရှင်​တွေ​ရဲ့ ​လက်​စွမ်း​ပြ​မှု​ကို ​ကြည့်​ပြီး ​စွမ်း​အား​ရှင်​တွေ​ရဲ့ ​ဘ​ဝ​ကို ​အ​မှန်​ အ​တိုင်း ​ရိုက်​ထား​တဲ့ Documentary ​ကား​ကောင်း​ကောင်း​လေး ​ကြည့်​ချင်​လာ​တယ်။
VICE ​က​လွင့်​တတ်​တဲ့ Documentary ​ပုံ​စံ​မျိုး​ပေါ့။ ​ဖြစ်​နိုင်​ရင် Documentary ​နာ​မည်​ကို ​အင်္ဂ​လိပ်​လို DUTY၊ ​မြန်​မာ​လို ​တာ​ဝန်​လို့ ​တို​တို​တုတ်​တုတ်​ပေး ​စေ​ချင်​တယ်။ ​
စွမ်း​အား​ရှင်​တွေ ​အ​ရက်​ဆိုင်​မှာ​ထိုင်​ပြီး ​ပြော​မဲ့ ​စ​ကား​ဝိုင်း​က ​အ​ကြောင်း​တွေ ​နား​ထောင်​ကြည့်​ချင်​တယ်။

​သူ​တို့​တွေ​ရဲ့ ​အ​လုပ်​ကို ​သိ​တဲ့ ​သူ​ငယ်​ချင်း၊ ​ဆွေ​မျိုး၊ ​လင်​မ​ယား၊ ​သား​သ​မီး၊ ​မိ​ဘ​တွေ​က ​မေး​ရင် ​သူ​တို့​ဘယ်​လို​ဖြေ​ လည်း ​သိ​ချင်​တယ်။
​တ​ခြား​ကောင်း​ရောင်း​ကောင်း​ဝယ် ​အ​လုပ် ​ဘာ​မှ ​မ​လုပ်​စား​ပဲ ​ဘာ​လို့ ​ဒီ​အ​လုပ်​ကို​မှ ​ရွေး​ချယ်​ခဲ့​သ​လဲ၊
​ဒါ​မှ ​မ​ဟုတ် ​ဒီ​အ​လုပ်​ပဲ​လုပ်​နိုင်​အောင် ​တွန်း​ပို့​ထား​တဲ့ ​အ​ခြား​အ​ကြောင်း​အ​ရာ​တွေ ​ကြောင့်​လား၊
​ဒါ​မှ​မ​ဟုတ် ​တိုင်း​ပြည် ​တာ​ဝန်​ကို ​တ​ကယ်​ထမ်း​ဆောင်​နေ​တဲ့ ​စိတ်​ဓာတ်​နဲ့ ​လုပ်​နေ​တာ​လား ​ဆို​တာ​မျိုး​တွေ ​သိ​ချင်​တယ်။ ​
သူ​တို့ ​ဒီ​အ​လုပ် ​လုပ်​မှန်း​သိ​တဲ့ ​ပါတ်​ဝန်း​ကျင်​က ​သူ​တို့​ကို ​ဘယ်​လို​ဆက်​ဆံ​လဲ ​သိ​ချင်​တယ်။





----------------------------------------------------------------------

စွမ်း​အား​ရှင်​တွေ​ကို ​ဖွဲ့​စည်း​ဖို့ ​ဘယ်​သူ​တွေ​က ​စ​ပြီး ​အ​ကြံ​ပြု​ခဲ့​တယ်​ဆို​တဲ့ ​သ​မိုင်း​မျိုး၊ ​အ​စိုး​ရ ​ဘယ်​အ​ဆင့်​က ​ဘယ် ​လောက်​ထိ​သိ​တယ်​ဆို​တဲ့ ​အ​ကြောင်း၊ ​သူ​တို့​ကို ​အ​ဓိ​က ​ထိန်း​ချုပ်​ကိုင်​တွယ်​နေ​တဲ့ ​လူ​တွေ​နဲ့ ​အ​ရေး​ကြီး​တဲ့​လူ​တွေ ​အ​ကြောင်း​နဲ့ ​ကိုယ်​ရေး​ရာ​ဇ​ဝင်၊ ​စွမ်း​အား​ရှင်​တွေ​နဲ့ ​ဆက်​နွယ်​နေ​တဲ့ ​စီး​ပွါး​ရေး​လုပ်​ငန်း​တွေ၊ ​တ​ခြား​အ​ဖွဲ့​အ​စည်း​တွေ​နဲ့ ​စွမ်း​အား​ရှင်​တွေ​ရဲ့ ​ဆက်​ဆံ​ရေး​တွေ၊ (​ဥ​ပ​မာ - ​သူ​တို့​ကို ​တပ်​က ​လေ့​ကျင့်​ပေး​တာ​လား၊ ​ရဲ​က ​လေ့​ကျင့်​ပေး​တား​လား၊ ​မ​ဘ​သ​လို ​အ​ဖွဲ့​အ​စည်း​နဲ့ ​အ​ဆက်​အ​သွယ်​ရှိ​လား)၊ ​သူ​တို့ ​အ​ဖွဲ့​အ​သုံး​ပြု​နေ​တဲ့ ​ကား​တွေ ​ဘယ်​က​ရ​လဲ​ဆို​တဲ့ ​အ​ကြောင်း​တွေ၊ ​အ​စိုး​ရ​က ​သူ​တို့​ကို ​ဘယ်​လို​ပေး ​ထား​သ​လဲ၊ ​စာ​ရွက်​စာ​တန်း​ပေး​ပြီး ​လုပ်​ပိုင်​ခွင့်​တွေ ​ပေး​ထား​လား ​စ​တာ​တွေ​ကို ​ရိုက်​ပြ​ထား​တာ​မျိုး​လည်း ​ပါ​စေ​ချင်​တယ်။

​ပြီး​ရင် ​သူ​တို့ ​အ​ဖွဲ့​ထဲ​မှာ ​ပါ​တဲ့ ​လူ​တွေ​ရဲ့ ​အ​တွေ့​အ​ကြုံ​တွေ​ကို ​အင်​တာ​ဗျူး​စေ​ချင်​တယ်။
​ဘယ်​နေ​ရာ​မှာ​ဆို ​ဘယ်​သူ​က ​ဘယ်​လို ​အ​မိန့်​ပေး​လို့၊ ​ဘယ်​လို​လုပ်​ရ​တာ​ဆို​တာ​တွေ ​အ​ပြင် ​သူ​တို့​ဘက်​က ​ပြော​လာ​မဲ့ ​ခံ​စား​ချက်​တွေ​ကို​လည်း ​ကြား​ချင်​သေး​တယ်။
​ဒီ​စွမ်း​အား​ရှင်​တွေ​ရဲ့ ​အ​ဖမ်း​အ​ဆီး၊ ​အ​နှိပ်​အ​ဆက်​ကို ​ခံ​ရ​တဲ့ ​လူ​တွေ​ရဲ့ ​အင်​တာ​ဗျူး​က​လည်း ​မ​ပါ​မ​ဖြစ် ​ဖြစ်​စေ​ချင်​တယ်။
​ဒေါ်​အောင်​ဆန်း​စု​ကြည်​လို ​လူ​ထု​ခေါင်း​ဆောင်​တွေ၊ ၈၈ ​အ​ဖွဲ့​နဲ့ ​တ​ခြား​ကျောင်း​သား​ခေါင်း​ဆောင်​တွေ၊ ​အ​နု​ပ​ညာ​နဲ့ ​တ​ခြား​နယ်​အ​သီး​သီး​က​လူ​တွေ၊ ​ဦး​သိန်း​စိန်​တို့ ​ဦး​ရဲ​ထွဋ်​တို့ ​ဦး​ကာ​ချုပ်​မင်း​အောင်​လိှုင်​တို့​လို ​အ​စိုး​ရ​တာ​ဝန်​ရှိ​သူ​နဲ့ ​တပ်​က​လူ​တွေ၊ ​သီ​တ​ဂူ​ဆ​ရာ​တော်​လို ​နိုင်​ငံ​အ​ရေး​တွေ​မှာ ​ပါ​တတ်​တဲ့ ​ဘာ​သာ​ရေး​ခေါင်း​ဆောင်​တွေ​နဲ့ ​ပုံ​မှန်​ပြည်​သူ​တွေ​ရဲ့ ​စွမ်း​အား​ရှင်​တွေ​အ​ပေါ် ​အ​မြင်​တွေ​ကို​လည်း ​ပါ​စေ​ချင်​တယ်။
​နောက်​ပြီး ​သူ​တို့​ကို ​အား​ပေး​ထောက်​ခံ​တဲ့ ​လူ​တွေ​ရဲ့ ​အ​မြင်​ကို​လည်း ​မေး​စေ​ချင်​တယ်။

​ဖြစ်​နိုင်​ရင် ​ဒီ​အ​ဖွဲ့​အ​စည်း​နဲ့ ​ပါတ်​သတ်​တဲ့ ​အ​ချက်​အ​လက်​တွေ​ကို ​ကိန်း​က​ဏန်း​နဲ့ ​ပြ​စေ​ချင်​တယ်။ ​တ​နှစ်​ကို ​အ​စိုး​ရ​က ​ဘယ်​ဝန်​ကြီး​ဌာ​န​က ​ဘတ်​ဂျက်​ဘယ်​လောက်​ကို ​စွမ်း​အား​ရှင်​အ​တွက် ​သုံး​ခဲ့​တာ​တွေ၊ ​ဘယ် ​အော်​ပ​ရေး​ရှင်း​မှာ ​လူ​ဘယ်​နှ​ယောက်၊ ​ငွေ​ဘယ်​လောက် ​သုံး​ခဲ့​တယ်​ဆို​တဲ့ ​မှတ်​တမ်း​မျိုး​တွေ​ကို ​လိုက်​စေ​ချင်​တယ်။
​ဘယ်​လို ​စီ​မံ​ကိန်း​တွေ​ချ​ပြီး ​လူ​တွေ​ကို ​ခန့်​ခဲ့​လဲ၊ ​ဘယ်​အ​ရည်​အ​ချင်း​မျိုး​တွေ​ကို ​စံ​ထား​ခဲ့​လဲ၊ ​ဘယ်​ဒေ​သ၊ ​ဘယ်​မြို့​နယ်​က ​ဘယ်​နှ​ယောက်​ဆို​တဲ့ ​ဇ​ယား​တွေ​ပါ​ရင်​လည်း ​ကောင်း​တာ​ပေါ့။
​စွမ်း​အား​ရှင်​တွေ​တ​ကယ်​လုပ်​ခဲ့​တဲ့ ​ဓာတ်​ပုံ​တွေ၊ ​ဗီ​ဒီ​ယို​တွေ​ကို ​ထည့်​စေ​ချင်​တယ်။





----------------------------------------------------------------------

​အ​လွန်​တ​ရာ​မှ ​ယဉ်​ကျေး​သိမ်​မွေ့​ပြီး ​ဘာ​သာ​တ​ရား​ကိုင်း​ရိှုင်း​တဲ့ ​ဗု​ဒ္ဓ​ဘာ​သာ ​မြန်​မာ​လူ​မျိုး​တွေ ​အ​များ​စု​ရှိ​တဲ့ ​တိုင်း​ပြည်​မှာ ​ဒီ​လို ​စွမ်း​အား​ရှင်​လို ​လူ​တန်း​စား​မျိုး ​ဘယ်​လို​ကြောင့် ​ပေါက်​ဖွား​ခဲ့​ရ​တာ​လဲ ​ဆို​တာ​သိ​ချင်​တယ်။
​ဒီ​ထက်​ပို​စိုး​တာ​က ​အ​ချုပ်​အ​ခြာ ​အာ​ဏာ​ကို ​တည်​တန့်​ခိုင်​မြဲ​အောင် ​လုပ်​နေ​တဲ့ ​အ​စိုး​ရ​နဲ့၊ ​ကိုယ့်​တိုင်း​ပြည် ​ကိုယ့်​လူ​မျိုး​ကို ​စော်​ကား​ရင် ​အ​ရိုး​ကို ​စည်း​ရိုး​ထိုး​ကာ​ကွယ်​မယ်​ဆို​တဲ့​လူ​တွေ​ပေါ​တဲ့ ​တိုင်း​ပြည်​မှာ ​ခု​လို ​နေ့​လည်​ခင်း ​ကြောင်​တောင် ​စွမ်း​အား​ရှင်​တွေ​က ​လူ​တွေ​ကို ​လူ​မိုက်​ဂိုင်း​ဆန်​ဆန် ​ကြက်​က​လေး​ငှက်​က​လေး​လို ​ဘာ​ကြောင့်​ဖမ်း ​ရဲ​ရ​တာ​လဲ။ ​ကင်​မ​ရာ​တွေ​နဲ့ ​ဒီ​လောက်​ရိုက်​နေ​တဲ့​ကြား​ထဲ​က ​သူ​တို့​တွေ ​ဒီ​လောက် ​လက်​ရဲ၊ ​ဇာတ်​ရဲ ​လုပ်​ရဲ​ကြ​တာ​လဲ။ ​ဘယ်​အ​ဆင့်​ထိ​က ​ခွင့်​ပြု​ထား​လို့ ​မီ​ဒီ​ယာ​ရှေ့​မှာ​ပါ ​ကြမ်း​ရဲ​တာ​လဲ။
​ဘာ​လို့ ​ဒီ​ကိ​စ္စ​တွေ ​လွတ်​တော်​မှာ​မ​ဆွေး​နွေး​လဲ။ ​ဒါ​မျိုး​တွေ​လည်း ​ပါ​စေ​ချင်​တယ်။ ​အ​များ​ကြီး​မ​ဟုတ်​ပါ​ဘူး။ ​ဒီ​လောက်​ပါ​ပဲ။
​နောင်​လူ​ဖြစ်​လာ​မဲ့ ​က​လေး​တွေ​ကို ​ပြ​ဖို့​လည်း​မ​ဟုတ်​ဘူး။ ​ကျွန်​တော် ​ကြည့်​ချင်​ယုံ ​သက်​သက်​ပါ​ပဲ။

​မောင်​ရင်​င​ဇေ

(( ​ပြည်​သူ​တွေ​ပါ​ဝင်​မယ်​ဆို ​ဒါ​တွေ​က ​ဖြစ်​ဖို့​လွယ်​ပါ​တယ်။ ​ဖေ့​ဘွတ်​လို ​နေ​ရာ​မျိုး​မှာ Closed Group ​တွေ​ဖွဲ့​ပြီး ​သ​တင်း​တွေ ​ဖ​လှယ်၊ ​စီ​စစ်။ Citizen journalist ​တွေ​က​လည်း source ​ရ​ရင် ​သေ​ချာ​အောင် ​လိုက်၊ ​ဖုန်း​တွေ​နဲ့ ​ဗီ​ဒီ​ယို​တွေ​ရိုက်၊ ​သူ​တို့ ​သောက်​တဲ့ ​အ​ရက်​ဆိုင်​တွေ​မှာ ​ခိုး​ရိုက်။ ​တ​ဖက် ​အ​ဖွဲ့​အ​စည်း​တွေ​နဲ့၊ ​မီ​ဒီ​ယာ​တွေ​က​လည်း ​စွမ်း​အား​ရှင်​နဲ့ ​ပါတ်​သတ်​တာ​တွေ​ကို ​အ​စိုး​ရ​ကို ​မ​ရ​မ​က​မေး၊ ​ပြီး​ရင် ​ပြည်​သူ​ကို ​ချ​ပြ။ ​နောက်​တွေး​လို့ ​ရ​သ​မျှ​နည်း ​တွေ​နဲ့ data ​တွေ​စု​နိုင်​ရင်၊ ​ဒါ​တွေ​ကို ​အ​နု​ပ​ညာ​ရှင်​တွေ​က ​လွယ်​လွယ်​ကူ​ကူ​ရ​လိုက်​ရင် underground Documentary ​ကား​ကောင်း​ကောင်း ​ရ​နိုင်​မယ်​လို့ ​ထင်​တယ်။ )



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org