ကာ​ချုပ်​ရဲ့​မူ (၆) ​ချက် ​တည်​ရှိ​နေ​သ​မျှ ​ပြည်​တွင်း​စစ်​ရပ်​စဲ​နိုင်​မည်​မ​ဟုတ်​ပါ

ကို​ထွေး(7 March 16)




--------------------------------------------------------------------


​ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​နှင့် ​ကာ​ကွယ်​ရေး​ဦး​စီး​ချုပ် ​ဗိုလ်​ချုပ်​မှုး​ကြီး​မင်း​အောင်​လှိုင်​တို့ ​တ​တိ​ယ​အ​ကြိမ် ​ တွေ့​ဆုံ​ခဲ့​ကြ​သည့်​သ​တင်း​နှင့် ​ဒီ​သ​တင်း​ရဲ့ ​နောက်​ဆက်​တွဲ​အ​ဖြစ် ​ဖွဲ့​စည်း​အုပ်​ချုပ်​ပုံ ​ပြင်​ရေး​အ​လား​အ​လာ၊ ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​သ​မ္မ​တ​ဖြစ်​နိုင်​ချေ​ရှိ​မ​ရှိ​တို့​နှင့် ​ပတ်​သက်​သည့် ​ခန့်​မှန်း​ခြေ​သ​တင်း​များ ​ ပြည်​တွင်း​ရော ​ပြည်​ပ​မှ​ပါ ​ဆက်​တိုက်​ထွက်​လာ​ခဲ့​ပါ​သည်။

​မ​ကြာ​ခင် ​ဖွဲ့​စည်း​တော့​မည့် ​အ​စိုး​ရ​သစ်​ကိ​စ္စ​နှင့် ​ဒီ​အ​စိုး​ရ​သစ်​ခေတ်​မှာ ​လုပ်​ဖို့​လို​မည့်​အ​ရေး​ကြီး​ကိ​စ္စ ​များ​အ​တွက် ​အ​ပြန်​အ​လှန်​ထိန်း​ညှိ ​စေ့​စပ်​ဆွေး​နွေး​ကြ​ခြင်း ​ဖြစ်​နိုင်​ပါ​သည်။

​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​က ​ပြောင်း​လဲ​ချိန်​တန်​ပြီ​ဟု ​ကြွေး​ကြော်​ပြီး​တက်​လာ​တာ​ကြောင့် ​ပြည်​သူ​လူ​ထု ​များ​ရဲ့​ဘ၀​ကို ​တိုး​တက်​ပြောင်း​လဲ​ပေး​လို​တဲ့ ​ဆ​န္ဒ​နှင့် ​ပြင်း​ပြ​စွာ​ပြင်​ဆင်​မှု​လုပ်​နေ​တာ ​ဖြစ်​နိုင်​ပါ​သည်။
​ဒါ​ကြောင့် ​ဒီ​ချုပ်​ပါ​တီ​က​ဖွဲ့​မည့် ​အ​စိုး​ရ​သစ် ​အ​ဆင်​ပြေ​စွာ​ဖွဲ့​နိုင်​ပြီး ​ချော​မော​စွာ ​အာ​ဏာ​လွှဲ​ပြောင်း​ပေး​နိုင်​ရေး​ အ​တွက် ​စစ်​အုပ်​စု​ဘက်​က ​အ​ရေး​ပါ​တဲ့ ​တပ်​မ​တော်​ကာ​ကွယ်​ရေး​ဦး​စီး​ချုပ်​နှင့် ​အ​ကြိမ်​ကြိမ် ​ တွေ့​ဆုံ​ညှိ​နှိုင်း​နေ​ရ​ခြင်း​ဖြစ်​ကြောင်း ​သိ​သာ​ထင်​ရှား​ပါ​သည်။

​သို့​သော် ​ဤ​တ​တိ​ယ​အ​ကြိမ်​တွေ့​ဆုံ​ပွဲ ​မ​တိုင်​မီ​မှာ​ပင် ​ကာ​ကွယ်​ရေး​ဦး​စီး​ချုပ်​နှင့် ​ဒု​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ်​တို့​ ရဲ့ ​သက်​တမ်း​ကို (၆၅) ​နှစ်​ထိ ​တိုး​ပေး​လိုက်​ကြောင်း ​သ​တင်း​ထွက်​လာ​ပါ​သည်။
​ဤ​သ​တင်း​ဆိုး​မှာ ​ဖြစ်​နိုင်​ချေ​များ​ကြောင်း ​နောက်​ထပ် ​အ​ခိုင်​အ​မာ​သ​တင်း​များ ​ထွက်​မ​လာ​မီ​က​တည်း​က ​ ကြို​တင်​တွက်​ဆ​၍ ​ရ​ပါ​သည်။




--------------------------------------------------------------------


​ ​အ​ကြောင်း​ရင်း​မှာ ​ကာ​ချုပ်​မူ (၆) ​ချက် ​ထုတ်​ပြန်​ပြီး ​စစ်​အုပ်​စု​တစ်​ခု​လုံး​ရဲ့ ​အ​ကျိုး​စီး​ပွား​ကို ​ပြတ်​ပြတ်​သား​သား ​ရပ်​ခံ​ကာ​ကွယ်​ပေး​သော ​ဗိုလ်​ချုပ်​မှုး​ကြီး​မင်း​အောင်​လှိုင်​ကို ​စစ်​အုပ်​စု​က ​ယုံ​ကြည်​စိတ်​ချ​မှု ​ အ​ပြည့်​အ​ဝ​ရှိ​ကြောင်း ​အ​စော​ပိုင်း​က​ပင် ​သိ​သာ​ထင်​ရှား​ခဲ့​ပြီး ​ဖြစ်​သော​ကြောင့် ​ဖြစ်​ပါ​သည်။
​စစ်​အုပ်​စု​က ​ယုံ​ကြည်​ရ​သူ​မှာ ​ပြည်​သူ​လူ​ထု​နဲ့​အ​တိုက်​အ​ခံ ​အင်​အား​စု​များ​ရဲ့ ​အ​ကျိုး​စီး​ပွား​ကို ​ဆောင်​ကြဉ်း​ပေး​ သူ ​ဖြစ်​လာ​နိုင်​လိမ့်​မည် ​မ​ဟုတ်​ပါ။

ကာ​ချုပ်​မူ (၆) ​ချက်​ကို ​ကိုင်​ဆွဲ​ထား​ပြီး ၂၀၀၈ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ကာ​ကွယ်​စောင့်​ရှောက်​မည့်​သူ​မှာ ​ဒီ​မို​ က​ရေ​စီ​အင်​အား​စု​များ ​လို​လား​သော​အ​ချက်​များ​ကို ​ပြင်​ပေး​ဖို့ ​လိုက်​လျော​မည့်​သူ ​ဖြစ်​နိုင်​ချေ ​မ​ရှိ​လောက်​ အောင် ​နည်း​ပါး​မှာ ​သေ​ချာ​ပါ​သည်။
​ကာ​ချုပ်​မူ (၆) ​ချက်​မှာ ​လက်​နက်​ကိုင် ​တိုင်း​ရင်း​သား ​အ​ဖွဲ့​အ​စည်း​များ​ကို​သာ​မ​က ​ဥ​ပ​ဒေ​တွင်း​နဲ့ ​ဥ​ပ​ဒေ​ပ​က ၂၀၀၈ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ပြင်​ဆင်​လို​သူ​နဲ့ ​ဖျက်​သိမ်း​ပြီး ​အ​သစ်​ရေး​ဆွဲ​လို​သူ​များ​ကို​ပါ ​ထိပ်​တိုက်​ရင်​ဆိုင်​ပြီး ​စိန်​ခေါ်​ထား​တဲ့​သ​ဘော ​သက်​ရောက်​တယ်​ဆို​တာ ​အား​လုံး​က ​သိ​ရှိ​နား​လည်​ကြ​ပြီး ​ဖြစ်​ပါ​သည်။


​စစ်​အုပ်​စု​ရဲ့ ​ကြံ့​ဖွံ​ပါ​တီ ​ရွေး​ကောက်​ပွဲ​မှာ ​ရှုံး​နိမ့်​ခဲ့​ပြီး ​ပေါ်​ပေါ်​လွင်​လွင် ​ပွဲ​တက်​နည်း​သွား​တဲ့ ​သ​မ္မ​တ ​ဦး​သိန်း​စိန် ​နေ​ရာ​မှာ ​စစ်​တပ်​ကိုင်​ထား​တဲ့ ​ဗိုလ်​ချုပ်​မှုး​ကြီး​မင်း​အောင်​လှိုင် ​ပေါ်​ပေါ်​လွင်​လွင် ​ပွဲ​ထွက်​ပြီး ​ မိန်​ခွန်း​တွေ​ပြော​ခဲ့​တာ ၂၀၁၆ ​နှစ်​စ (၆၈) ​ကြိမ်​မြောက် ​လွတ်​လပ်​ရေး​နေ့​က​တည်း​က ​ဖြစ်​ပါ​သည်။
​ဒီ​နောက် ​ဆက်​တိုက်​ဆို​သ​လို ​က​လော​စစ်​ဦး​စီး​တ​က္က​သိုလ်​မှာ၊ ​ဗ​ထူး​ဗိုလ်​သင်​တန်း​ကျောင်း​မှာ၊ ​ဟိုင်း​ကြီး​ ကျွန်း ​ရေ​တပ်​စ​ခန်း​မှာ ​စစ်​အုပ်​စု​ရဲ့ ​အ​ခြေ​ခံ​နိုင်​ငံ​ရေး​သ​ဘော​ထား​တွေ​ကို ​ဆက်​တိုက်​မိန့်​ခွန်း​တွေ ​ပြော​ခဲ့​ ပါ​သည်။ ​
အ​သစ်​အ​ဆန်း ​လုံး၀​မ​ပါ​ပါ။ ​
စစ်​အာ​ဏာ​ရှင်​ဗိုလ်​နေ​ဝင်း၊ ​ဗိုလ်​သန်း​ရွှေ​တို့ ​ဆုပ်​ကိုင်​ခဲ့၊ ​ပြော​ဆို​ခဲ့​ တဲ့ ​အ​ချက်​တွေ​သာ ​ပြန်​ပြော​နေ​ခြင်း ​ဖြစ်​နေ​ပါ​သည်။




--------------------------------------------------------------------


​ဗိုလ်​နေ​ဝင်း​ဟာ ​သူ​အာ​ဏာ​သိမ်း​ချိန်​မှာ ​တိုင်း​ပြည်​ပြို​ကွဲ​တော့​မယ့် ​အ​န္တ​ရာယ်​ကို ​ကာ​ကွယ်​ခဲ့​ရ​တာ​ပါ​လို့ ​ပြော​ခဲ့​ပြီး ​စစ်​အင်​အား ​တိုး​ချဲ့​တည်​ဆောက်​ကာ ​သူ ​အာ​ဏာ​မြဲ​ရေး​ကို ​တစ်​သက်​လုံး​လုပ်​ပြီး ​သူ​နဲ့​သူ့​အ​သိုင်း​ အ​ဝိုင်း ​ကောင်း​စား​ဖို့ ​တိုင်း​ပြည်​ရဲ့ ​သ​ယံ​ဇာ​တ​အ​ရင်း​အ​မြစ်​များ​ကို ​ကိုယ်​ပိုင်​လို​သ​ဘော​ထား​ပြီး ​သုံး​ဖြုန်း​ခဲ့​ရာ ​နောက်​ဆုံး​မှာ ​တိုင်း​ပြည် ​က​မ္ဘာ့​အ​ဆင်း​ရဲ​အ​မွဲ​တေ​ဆုံး​အ​ဆင့်​ထိ ​ရောက်​သွား​ခဲ့​တယ် ​မ​ဟုတ်​ပါ​လား။

​အ​မှန်​က ​တိုင်း​ပြည်​မ​ပြို​ကွဲ​ဖို့၊ ​စည်း​လုံး​ညီ​ညွတ်​ဖို့​ဆို​တာ ​ပြည်​တွင်း​စစ် (၆၈) ​နှစ် ​ကြာ ​ကာ​လ​အ​တွင်း ​ သ​ဘော​ထား​ကွဲ​နေ​တဲ့ ​နိုင်​ငံ​ရေး​အင်​အား​စု​များ၊ ​အ​ခွင့်​အ​ရေး​တန်း​တူ​ညီ​မျှ​မှု​မ​ရှိ​ဘဲ ​ဗိုလ်​ကျ​လွှမ်း​မိုး​ခံ​ရ​လို့ ​ ခု​ခံ​တိုက်​ခိုက်​နေ​ကြ​ရ​တဲ့ ​တိုင်း​ရင်း​သား​လက်​နက်​ကိုင် ​အ​ဖွဲ့​အ​စည်း​များ​အား​လုံး ​လွတ်​လွတ်​လပ်​လပ် ​ ပွင့်​ပွင့်​လင်း​လင်း ​ဆွေး​နွေး​ဝေ​ဖန်​တာ၊ ​တောင်း​ဆို​တာ၊ ​ကန့်​ကွက်၊ ​ငြင်း​ခုန်​တာ​တွေ​လုပ်​ပြီး ​တ​ရား​ အ​မျှ​တ​ဆုံး၊ ​အ​များ​စု ​အ​ကျေ​နပ်​ဆုံး ​ရ​လဒ်​တ​ခု ​ပေါ်​ထွက်​လာ​သည်​အ​ထိ ​ညှိ​နှိုင်း​ရ​ယူ​ဖို့ ​လို​ပါ​သည်။

​ဒီ​ဆွေး​နွေး​ပွဲ​မှာ ​စစ်​တပ်​က ​ဘာ​မှ ​ဝင်​အာ​ဏာ​ပြ​စ​ရာ၊ ​ဩ​ဇာ​ပေး​စ​ရာ၊ ​နိုင်​ငံ​ရေး​အ​ရ ​ဝင်​ရောက် ​ဦး​ ဆောင်​မှု​ပေး​စ​ရာ ​မ​လို​အပ်​ပါ။
​စစ်​တပ်​ဟာ ​စစ်​တန်း​လျား​မှာ​နေ​ပြီး ​နိုင်​ငံ​ဝန်​ထမ်း​အ​ဖြစ် ​ကျင့်​ကြံ​နေ​ထိုင်​ဖို့​သာ ​လို​ပါ​သည်။ ​
စစ်​တပ်​ဟာ ​နိုင်​ငံ​ကို ​ပြည်​ပ​ရန်​က ​ကာ​ကွယ်​ဖို့ ​ပြည်​သူ​လူ​ထု​မှာ ​သ​ဘာ၀​ဘေး​အ​န္တ ​ရာယ်​တွေ ​ ကျ​ရောက်​ရင် ​ကူ​ညီ​ကယ်​ဆယ်​ပေး​သည့် ​တာ​ဝန်​များ​ယူ​ဖို့​သာ ​လို​ပါ​သည်။ ​
ဒီ​လို ​ပုံ​မှန်​စစ်​တပ်​တ​ခု ​လုပ်​ဆောင်​ရ​မယ့်​လုပ်​ငန်း​တာ​ဝန်​ထက် ​ပို​ပြီး ​တိုင်း​ပြည်​မှာ ​နိုင်​ငံ​ရေး​အ​ရ ​ ဦး​ဆောင်​မှု​အ​ခန်း​က​ပါ​ဝင်​ဖို့ ​လို​တယ်​လို့ ​ယူ​ဆ​မှု​ကို ​အာ​ဏာ​မက်​တဲ့ ​ဗိုလ်​နေ​ဝင်း​က ​စ​ခဲ့​ပြီး ​သူ့​အ​ကွက်​ အ​တိုင်း ​လိုက်​က​ခဲ့​တဲ့ ​ဗိုလ်​သန်း​ရွှေ​က ​ဆက်​တီ​ထွင်​ခဲ့​တာ ​ဖြစ်​ပါ​သည်။ ​အာ​ဏာ​ကို ​ထာ၀​ရ​ဆုပ်​ကိုင်​ထား​နိုင်​ဖို့ ​မ​ကျေ​နပ်​လို့ ​ဆန့်​ကျင်​တိုက်​ခိုက်​တဲ့ ​ပြည်​သူ​လူ​ထု​ကို ​သတ်​ဖြတ်​ချေ​မှုန်း​ပြီး ​အ​ကြိမ်​ကြိမ် ​အာ​ဏာ​သိမ်း​နေ​ရ​တဲ့ ​ဘ၀​က ​လွတ်​မြောက်​ဖို့၊ ​သူ့​ခေတ်​မှာ ၂၀၀၈ ​ဖွဲ့​စည်း​အုပ်​ချုပ်​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဆို​ပြီး ​ရေး​ဆွဲ​ပြ​ဌာန်း​ခဲ့​ရာ​က ​ပေါ်​လာ​ခြင်း ​ဖြစ်​သည်။
​ဗိုလ်​နေ​ဝင်း​က ​ထုတ်​မ​ပြော​ခဲ့​ဘဲ ​တစ်​သက်​လုံး​လုပ်​ခဲ့​တဲ့ ​တပ်​မ​တော်​က ​အ​မျိုး​သား​နိုင်​ငံ​ရေး​တွင် ​ဦး​ဆောင်​မှု​အ​ခန်း​က ​ပါ​ဝင်​ခြင်း​ကို ​ဗိုလ်​သန်း​ရွှေ​က ​ဗြောင်​ထုတ်​ပြော​လာ​တာ​သာ ​ပို​လာ​ခြင်း ​ဖြစ်​ပါ​သည်။
​ခု​တော့ ​ဗ​မာ​ပြည်​မှာ ​စစ်​အုပ်​စု ​ကာ​လ​ရှည်​ကြာ​စွာ ​လွှမ်း​မိုး​အုပ်​ချုပ်​ခံ​နေ​ရ​မှု​နှင့်​အ​တူ ​စစ်​တပ်​ရဲ့ ​နိုင်​ငံ​ရေး​ အ​ရ ​ဗိုလ်​ကျ​လွှမ်း​မိုး​ခံ​ရ​မှု​မှာ ​ပုံ​မှန်​ဖြစ်​မှန်း​မ​သိ ​ဖြစ်​လာ​နေ​ပါ​သည်။

​က​မ္ဘာ​ကြီး​က ​ဖြစ်​ပေါ်​တိုး​တက်​နေ​ပါ​သည်။
​တ​ရား​မျှ​တ​မှု​အ​တွက် ​တောင်း​ဆို​တိုက်​ပွဲ​ဝင်​ကြ​တဲ့ ​တိုက်​ပွဲ​ အ​ရှိန်​က​လည်း ​ခေတ်​ကြီး​တိုး​တက်​ပြောင်း​လဲ​လာ​မှု​နဲ့​အ​တူ ​ဖြစ်​ပေါ်​တိုး​တက် ​လာ​နေ​ပါ​သည်။
​ဖောက်​ပြန်​တဲ့ ​အုပ်​စိုး​သူ​များ ​လိမ်​ညာ​မှိုင်း​တိုက်​တိုင်း ​ယုံ​နေ​ကြ​တဲ့​ခေတ် ​မ​ဟုတ်​တော့​ပါ။
​ဒါ​ကြောင့်​လည်း ​ကာ​ချုပ်​မင်း​အောင်​လှိုင်​ဟာ (၆၈) ​နှစ်​မြောက်​လွတ်​လပ်​ရေး​နေ့​က ​သူ​တာ​ဝန်​ပေး​လို့ ​ တိုက်​ပွဲ​ဝင်​ရင်း ​သေ​ဆုံး​ဒဏ်​ရာ​ရ​ခဲ့​ကြ​တဲ့ ​တပ်​မှုး​တပ်​သား​တွေ​ကို ​ချွေး​သိပ်​ဆု​ပေး​တဲ့​ပွဲ​မှာ ​သူ​အ​ပါ​အ​ဝင် ​တပ်​မှုး​တပ်​သား​တွေ​က ​တိုင်း​ပြည်​ကို ​ကာ​ကွယ်​ဖို့ ​ဂ​တိ​သ​စ္စာ​ပြု​နေ​ကြ​ပါ​တယ်​လို့ ​ဝင်​ပြီ ​မာန်​တင်း​ပေး​န ေ​ရ​တာ ​ဖြစ်​ပါ​တယ်။ ​

အ​ထူး​သ​ဖြင့် ​သ​မ္မ​တ​ဦး​သိန်း​စိန် ​လက်​ထက်​မှာ ​စစ်​အုပ်​စု​ထိပ်​သီး​တွေ​နဲ့ ​ခ​ရို​နီ​တွေ ​တစ်​ပြည်​လုံး​က ​မြေ​တွေ ​လိုက်​သိမ်း​ပြီး ​စီး​ပွား​ရေး​လုပ်​ငန်း​ကြီး​တွေ​လုပ်၊ ​သ​ယံ​ဇာ​တ​တွေ ​ထုတ်​ရောင်း၊ ​နိုင်​ငံ​ခြား​တိုင်း​ပြည်​များ​နဲ့ ​ ပူး​ပေါင်း​ပြီး ​ရင်း​နှီး​မြှုပ်​နှံ​မှု​တွေ​လုပ်​ကာ ​ကျိ​ကျိ​တက်​ချမ်း​သာ​ကြွယ်၀​နေ​ကြ​ချိန်​မှာ ​အောက်​ခြေ​တပ်​မှုး​ တပ်​သား​တွေ​ဟာ ​တိုင်း​ရင်း​သား​လက်​နက်​ကိုင်​အ​ဖွဲ့​အ​စည်း​တွေ​နဲ့ ​မ​လို​အပ်​ဘဲ ​တိုက်​ခိုက်​ဖို့ ​တာ​ဝန်​ပေး​ စေ​လွှတ်​ခံ​ကြ​ရ​ရင်း ​အ​သက်​ခ​န္ဓာ​ပေး​ဆပ်​နေ​ကြ​ရ​တာ​ရဲ့ ​အ​ဓိ​ပၸာယ်​မဲ့​မှု​ကို ​ပို​မို​သ​ဘော​ပေါက်​နေ​ကြ​ပြီ ​ ဖြစ်​ပါ​တယ်။ ​



--------------------------------------------------------------------


ကာ​ချုပ်​မင်း​အောင်​လှိုင် ​အ​ပါ​အ​ဝင် ​စစ်​အုပ်​စု ​ထိပ်​သီး​တွေ ​ချမ်း​သာ​သ​ထက်​ချမ်း​သာ​ဖို့၊​သူ​တို့​ရဲ့​စည်း​ စိမ်​ဥ​စ္စာ​များ ​လုံ​ခြုံ​အောင်​ကာ​ကွယ်​ဖို့ ​ရေး​ဆွဲ​ထား​တဲ့ ၂၀၀၈ ​ဖွဲ့​စည်း​အုပ်​ချုပ်​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​ကာ​ကွယ်​ရေး ​အ​တွက် ​ရှေ့​ဆက်​ပြီး ​စစ်​တိုက်​ခိုင်း​တာ​ခံ​ရ​ဦး​မယ့် ​အ​လား​အ​လာ​က​လည်း ​ကာ​ချုပ်​မင်း​အောင်​လှိုင် ​ဆက်​တိုက်​ပြော​နေ​တဲ့ ​မိန့်​ခွန်း​တွေ​အ​ရ ​မြင်​သာ​နေ​ပြီ ​ဖြစ်​ပါ​တယ်။
​ဒီ​လို ​မ​လို​အပ်​ဘဲ ​စစ်​တိုက်​နေ​ကြ​ရ​တဲ့ ​ဘ၀​က ​လွတ်​မြောက်​နိုင်​တဲ့ ​နည်း​လမ်း​က​တော့ ​စစ်​တပ်​က ​ စစ်​တန်း​လျား​ပြန်​ပြီး ​ပုံ​မှန်​တပ်​မ​တော်​တ​ခု​ရဲ့ ​တာ​ဝန်​ကို ​ထမ်း​ဆောင်​ပြီး ​နိုင်​ငံ​ရေး​အင်​အား​စု ​အ​သီး​သီး​နဲ့ ​ တိုင်း​ရင်း​သား​လက်​နက်​ကိုင် ​အင်​အား​စု​အ​သီး​သီး​က ​အား​လုံး​လက်​ခံ​နိုင်​တဲ့ ​အ​ဖြေ​တစ်​ခု ​ထွက်​လာ​အောင် ​ ဝိုင်း​ဝန်း​ညှိ​နှိုင်း​ဆွေး​နွေး​အ​ဖြေ​ရှာ​တဲ့ ​နည်း​လမ်း​သာ ​ရှိ​ပါ​လိမ့်​မည်။
​ကာ​ချုပ်​မင်း​အောင်​လှိုင်​က ​ဗိုလ်​နေ​ဝင်း၊ ​ဗိုလ်​သန်း​ရွှေ​တို့​ရဲ့ ​ခြေ​ရာ​အ​တိုင်း ​လိုက်​နင်း​ရင်း ​စစ်​အုပ်​စု ​ အ​ကျိုး​အ​တွက်​သာ ​ဆက်​လက်​ပြီး ​ခေါင်း​မာ​စွာ ​ရပ်​တည်​နေ​မည်​ဆို​ပါ​က ​ပြည်​တွင်း​စစ်​မီး ​ပြန်​လည်​ကြီး​မား​ ကျယ်​ပြန့်​စွာ ​တောက်​လောင်​လာ​မည်​သာ ​ဖြစ်​ပါ​သည်။

​ကို​ထွေး





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org