​သို့/​ဦး​ရဲ​ထွဋ်…

Zhar Naka(22 February 16)


-----------------------------------------



-----------------------------------------------------------------------

​သို့/​ဦး​ရဲ​ထွဋ်… ​ဒီ​အ​တိုင်း​တောင် ​ကျုပ် ​တို့ ​က ​ဒေါ်​အောင်​ဆန်း​စု ​ကြည် ​ရဲ့ ​သား​နှစ်​ယောက် ​ကို ​အား​နာ ​လွန်း​လှ​ပါ​ပြီ။
​လူ​မ​မယ် ​အ​ရွယ် ​က​တည်း ​က ​ဘု​မ​သိ ​ဘ​မ​သိ ​နဲ့ ​သူ​တို့ ​မိ​ခင် ​ကို ​စွန့်​လွှတ်​ခဲ့​ရ​တယ် ။

​ဖ​ခင် ​သေ​ဆုံး​ချိန် ​မှာ ​မိ​ခင် ​ရဲ့ ​ထွေး​ပွေ့ ​မှု ​နှစ်​သိမ့်​မှု ​တွေ ​စွန့်​လွှတ်​ခဲ့​ရ​တယ် ။
​သူ​တို့​လေး​တွေ ​ငယ်​စဉ်​ဘ​ဝ ​အ​ချိန် ​တွေ ​ကို ​ခ​ဏ ​ခ​ဏ ​ဝင်​ခံ​စား​ကြည့်​ဖူး​တယ် ။
​လူ​ငယ်​တ​ယောက် ​ရဲ့ ​နာ​ကျင် ​ခံ​စား​မှု​မျိုး ​တွေ ​နဲ့ ​အ​မြဲ ​အ​ထိတ် ​တ​လန့် ​ဖြစ်​ဖူး​တယ် ။
​ကျုပ် ​တို့​တ​တွေ ​သူ​တို့​ရဲ့ ​မိ​ခင် ​ကို ​အ​တ္တ​များ​စွာ​နဲ့ ​သိမ်း​ပိုက်​ခဲ့ ​ပြီး​ပြီ။

​ခု​ချိန် ​ကိုယ်​စီ ​ရပ်​တည် ​မှု ​တွေ​နဲ့ ​ရှင်​သန် ​နေ​ကြ ​တဲ့ ​သူ​တို့ ​ရဲ့ ​လွတ်​လပ်​မှု ​တွေ​ကို ​မျက်​စောင်း​နဲ့​တောင် ​မ​ထိုး​သင့်​တော့​ဘူး။

​ငါ​တို့​ခေါင်း​ဆောင် ​သ​မ္မ​တ ​ဖြစ်​ဖို့ ​မင်း​တို့ ​ဒီ​နိုင်​ငံ ​သား ​ခံ​ယူ​ပေး​ပါ ​ဆို​တဲ့ ​စ​ကား​ကို ​ပြော​မယ့်​အ​စား ​ကျုပ် ​အ​နေ ​နဲ့ ​မ​သေ​မ​ချင်း ​အာ​ဏာ ​ရှင် ​လက်​အောက်​မှာ ​ပဲ ​ဆက်​နေ​ဖို့ ​ရွေး​ချယ်​မယ် ။

​ကျုပ် ​မှာ ​နှ​လုံး​သား ​ပါ​တယ် ​ဦး​ရဲ​ထွဋ် ။
​ကျုပ် ​ပြော ​မ​ထွက်​ဘူး ​မ​ပြော​ရက်​ဖူး ။
​ကျုပ်​လည်း ​ဖ​ခင် ​တ​ယောက် ​ပါ ။
​မိ​ဘ ​ရဲ့ ​မေ​တ္တာ ​တ​ရား ​ဆို​တာ ​မိ​မိ​သား​သ​မီး ​တွေ ​ကို ​လွတ်​လပ်​စွာ ​ပျံ​သန်း ​နိုင်​ဖို့ ​ထောက်​ကူ​ပေး​ခြင်း ​ပါ။

​ချုပ် ​နှောင် ​ဖို့​မ​ဟုတ်​ဘူး။ ​ကန့်​သတ်​ဖို့​မ​ဟုတ်​ဘူး။
​ငါ​မိ​ဘ ​ငါ​ပြော​သ​လို​လုပ် ​ပြန်​မ​ပြော ​နဲ့ ​ဆို​တာ ​မျိုး ​က ​ကျန်​ခဲ့​ပြီ ​ဦး​ရဲ​ထွဋ် ။

​နောက်​တ​ခု ​ခင်​ဗျား ​ပြော​တယ်
​ကိုယ့်​မိ​ခင် ​သ​မ္မ​တ ​ဖြစ်​တာ ​မြင်​ချင် ​ရင် ​ဒီ​နိုင်​ငံ ​သား ​ခံ​ယူ ​လိုက် ​ပေါ့ ​ဆို​တဲ့​စ​ကား
​ကျုပ် ​သာ ​သူ့​သား​တွေ ​ဆို ​ဟင့်​အင်း ​ကျ​နော် ​တို့ ​အ​မေ ​ဘာ​မှ ​မ​ဖြစ်​ချင် ​နေ ​ကျ​နော် ​တို့ ​အ​မေ ​ကို ​ပဲ ​ပြန်​လို ​ချင်​ပါ​တယ် ​လို့ ​ပြော​မှာ​ပါ ။

​တ​ကယ်​တမ်း ​ဒေါ်​အောင်​ဆန်း​စု ​ကြည် ​ကို ​သ​မ္မ​တ ​ဖြစ်​စေ​ချင်​တာ ​သူ့​သား​တွေ​မ​ဟုတ်​ဘူး ။
​ဒီ​က​ပြည်​သူ ​လူ​ထု ​ကြီး​ပါ​ဗျား ။ ​ဒါ​ကို ​ခင်​ဗျား​တို့ ​မ​သိ​ချင်​ယောင် ​ဆောင် ​တုန်း​ပဲ ​နော် ။

​ဉာဏ် ​နဲ ​တာ​လား ​အ​ရှက် ​နဲ​တာ​လား​လို့ ​ပဲ ​ဒဲ့​မေး​ပါ​ရ​စေ​တော့
​ပြည်​သူ့​ဆ​န္ဒ ​ကို ​ဥ​ပ​က္ခာ​ပြု ​ပြီး ​ဘာ​မှ ​မ​ဆိုင် ​တဲ့ ​သူ​တို့​ဘာ​သာ ​သူ​တို့​နေ ​နေ ​တဲ့ ​ခ​လေး​နှစ်​ယောက် ​ကို ​ခင်​ဗျား ​မို့ ​ဆွဲ​ထည့်​ရက်​တယ် ။

​မိ​ဘ ​ရာ​ထူး​ကြီး​ကြီး ​ရ​လို့ ​အ​ပျော်​လွန်​ပြီး ​ဘ​ဝင်​လေ ​ဟပ် ​တာ ​ခင်​ဗျား​တို့ ​စစ်​တပ် ​အ​သိုင်း​အ​ဝိုင်း ​က ​အ​မူ​အ​ကျင့်​တွေ​ပါ​ဗျား ။ ​တော် ​ပြီ ​ဗျား
​ကျုပ်​စာ​တွေ​လည်း ​က​စဥ့်​က​လျား ​ဖြစ်​နေ​ပြီး
​ကျုပ် ​တို့​ကို ​အ​စဉ်​အ​ဆက် ​အုပ်​ချုပ်​ခဲ့​သူ ​တွေ​ဟာ ​နှ​လုံး​သား​မဲ့​သူ ​တွေ ​ဆို​တာ ​ခု​မှ ​သိ​တာ ​တော့​မ​ဟုတ်​ပါ​ဘူး

​ဒါ​ပေ​မယ့် ​ခု​ချိန်​ထိ ​မ​စာ​နာ​တတ် ​လွန်း ​မ​လို​တ​မာ ​ဖြစ်​တတ် ​လွန်း​တာ ​မြင်​ရ​တော့ ​ဒေါ​သ​ဖြစ်​ရ ​စိတ်​မ​ကောင်း​ဖြစ်​ရ ​နဲ့ ​ဒီ ​စာ ​ရေး​မိ​တာ​ပါ။

credit : Zhar Naka

ကို​ရဲ​ထွဋ်​ရေ.......​
မိန်း​မ​က ​အာ​မ​ခံ​ကု​မၸ​ဏီ​ကြီး​ဖွင့်​ထား​ပြီး ​မြ​ဝ​တီ​ဘဏ်​နဲ့​ပတ်​သက်​သ​မျှ ​အိမ်​ပေါင်၊​မြေ​ပေါင်၊​ အ​ပေါင်​ကိ​စ္စ​တွေ​အ​ကုန်​လုံး​မှာ ​မ​ဖြစ်​မ​နေ​လုပ်​ရ​တဲ့​အာ​မ​ခံ​မှန်​သ​မျှ​ကို ​ဖ​လာ(​အ​လ​ကား​နေ​ရင်း)​ရ​နေ​တာ​ပဲ​ကွယ်။
​စီး​ပွား​ရေး​လည်း ​ကောင်း​နေ​ပြီ​ပဲ။​ကိုယ့်​ဟာ​ကိုယ် ​စီး​ပွား​ရေး​လေး​ပဲ ​ဇောက်​ချ​လုပ်​ရင် ​ကြီး​ပွား​မှာ​ပါ​ကွာ။
​ပေါက်​က​ရ​တွေ ​လျောက်​လျောက်​မ​ပြော​တော့​ပါ​နဲ့။...​ဖွီ...........

************************





-----------------------------------------------------------------------

​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကိုယ်​တိုင် ​ရှင်း​ပြ​လိုက်​ပြီ

​ခင် ​နှင်း ​ဖြိုး‎
​ကျွန်​မ​က ၅၉(​စ)​နဲ့​ပတ်​သက်​ပြီး ​နဲ​နဲ​ရှင်း​ပြ​ချင်​ပါ​တယ်။ ၅၉(​စ)​ဟာ ​သ​မ္မ​တ ​ဖြစ်​ရ​မယ့်​သူ​ရဲ့ ​အ​ရည်​အ​ချင်း ​ကန့်​သတ်​ချက်​ပေါ့​နော်။ ​ဘာ​လဲ​ဆို​တော့ ​သ​မ္မ​တ​ဖြစ်​ရ​မဲ့​သူ​ရဲ့ ​သား​သ​မီး ​ချွေး​မ​စ​သည်​ဖြင့် ​နိုင်​ငံ​ခြား​သား ​မ​ဖြစ်​ရ​ဘူး ​ဆို​တာ​ပါ။

​တစ်​ချို့​က ​ပြော​ကျ​တယ်။ ​ကျွန်​မ​သား​နှစ်​ယောက် ​မြန်​မာ​နိုင်​ငံ​သား ​ခံ​ယူ​လိုက်​ရင် ​ကျွန်​မ​သ​မ္မ​တ ​ဖြစ်​လို့ ​ရ​ပြီ​ပေါ့။

​ကျွန်​မ​ပြော​မယ်။ ​ကျွန်​မ ​သ​မ္မ​တ ​ဖြစ်​တာ ​မ​ဖြစ်​တာ​ဟာ ​အ​ဓိ​က ​မ​ဟုတ်​ဘူး။ ​အ​ဓိ​က ​က ​ဥ​ပ​ဒေ​ကြောင်း​ရ ​မ​မျှ​တ​လို့​ပြင်​တာ။

​ဘယ်​လို​မ​ကြိုက်​တာ​လဲ​ဆို​ရင် ​ကျွန်​မ​သား​တွေ​ဟာ ​န​ဂို​က ​မြန်​မာ​နိုင်​ငံ​သား ​လက်​မှတ်​ရ​နေ​ပြီး​သား။ ၁၉၉၈​နောက်​ပိုင်း ​ကျွန်​မ​အ​ကျယ်​ချုပ်​ကျ​တော့ ​ကျွန်​မ​သား​တွေ​ကို ​အ​ရင်​အ​စိုး​ရ​က ​နိုင်​ငံ​သား​လက်​မှတ်​တွေ ​ရုတ်​သိမ်း​လိုက်​တယ်။

​အဲ့​နောက်​ပိုင်း ​ကျွန်​မ​သား​တွေ ​ဗြိ​တိ​သျှ​နိုင်​ငံ​သား ​ဖြစ်​သွား​တယ်။
​ဒါ​တွေ​ထား​ပါ။ ​ကျွန်​မ​ဘာ​မှ ​မ​ပြော​လို​ဘူး။

​ကျွန်​မ​ပြော​ချင်​တာ ​လူ​တစ်​ယောက်​ဟာ ​အ​သက် ၁၈​နှစ်​ပြည့်​ရင် ​ကိုယ်​ပိုင်​ဆုံး​ဖြတ်​ချက်​နဲ့ ​လွတ်​လပ်​ခွင့်​ရိှ​ရ​ပါ​တယ်။

​ဥ​ပ​မာ ​အ​သက်၁၈​နှစ် ​ပြည့်​ပီး​သား​တစ်​ယောက် ​ပြစ်​မှု​ကျူး​လွန်​ရင် ​သူ့​ဘာ​သာ​သူ ​ဥ​ပ​ဒေ​ကြောင်း​အ​ရ ​ခံ​ရ​မှာ​ပါ။ ​မိ​ဘ​က ​အ​စား​ဝင်​ခံ​လို့ ​မ​ရ​ပါ​ဘူး။

​ဥ​ပ​ဒေ​ကြောင်း ​အ​ရ ​အ​သက်၁၈​ပြည့်​လျှင် ​မိ​ဘ​နဲ့ ​သား​သ​မီး​က ​မ​သက်​ဆိုင်​ဘူး။ ​ဒါ​ဥ​ပ​ဒေ​ကြောင်း​အ​ရ​နော် ။

​မိ​ဘ ​သား​သ​မီး ​သံ​ယော​ဇဉ်​က ​တ​ခြား​ဆက်​နွယ်​မှု။

​ဒီ​လို ​ဥ​ပ​ဒေ​ကြောင်း​အ​ရ ​ရိှ​နေ​တဲ့ ​ကိ​စ္စ​ကို ​ဘာ​ကြောင့် ​သူ​တ​ပါး​ကို ​လွှမ်း​မိုး​ချင်​တဲ့ ​သား​သ​မီး ​ချွေး​မ ​သ​မက် ​နိုင်​ငံ​ခြား​သား ​ဖြစ်​ရင် ​သ​မ္မ​တ ​မ​ဖြစ်​ရ​ဆို​တဲ့ ​ဥ​ပ​ဒေ​ကို ​မ​ကြိုက်​တာ။

​ကျွန်​မ ​သ​မ္မ​တ​ဖြစ်​တာ ​မ​ဖြစ်​တာ ​ကိ​စ္စ​မ​ဟုတ်​ဘူး။ ​ဖြစ်​ရင်​တော့ ​နိုင်​ငံ​ဒီ​ထက် ​တိုး​တက်​မယ် ​ထင်​ပါ​တယ်။ ​ဒါ ​ကျွန်​မ​အ​မြင် ​သက်​သက်​ပါ။

​ကျွန်​မ​ဖြစ်​ရင်​လည်း ​ကျွန်​မ​ကြိုး​စား​သွား​မှာ​ပါ။
​ဒီ​လို ​သူ​တ​ပါး​ကို ​လွှမ်း​မိုး​ထား​တဲ့ ​ဥ​ပ​ဒေ​မျိုး​ရိှ​နေ​တာ ​အာ​ဏာ​ရှင်​ဆန်​တယ်​လို့ ​ကျွန်​မ​မြင်​တယ်။

​အဲ့​ဒီ​တော့ ​အာ​ဏာ​ရှင်​ဆန်​တဲ့ ​ဥ​ပ​ဒေ​ကို ​ပြင်​ဖို့ ​တိုက်​တွန်း​ရင်း ​နိ​ဂုံး​ချုပ်​ပါ​တယ်။

credit#​ဒေါ်​အောင်​ဆန်း​စု​ကြည်
​ပ​ခု​က္ကူ​ဟော​ပြော​ပဲွ

++++





-----------------------------------------------------------------------

Shwe Zin 19. februar kl. 12:21 · ​ရဲ​ထွဋ်​စိတ်​ထဲ​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က
​သ​မ္မ​တ ​သိပ်​လုပ်​ချင်​နေ​များ ​ထင်​နေ​လား ​မ​သိ​ဘူး။

​သား​သ​မီး​တွေ​ကို ​နိုင်​ငံ​သား​ခံ​ခိုင်း​လိုက်​ရင်
​သူ​သ​မ္မ​တ ​လုပ်​လို့​ရ​ပြီး​ဆို​တဲ့ ​အ​ချိုး​မျိုး..

((​သူ့​သား​တွေ ​သူ့​အ​မေ​သ​မ္မ​တ​ဖြစ်​တာ ​မြင်​ချင်​ရင် ​နိုင်​ငံ​သား​ခံ​ပေါ့​တဲ့။))

​ခင်​ဗျား​မို့ ​ဒီ​စ​ကား​ပြော​ထွက်​တယ်။

​သူ့​သား​တွေ​က ​အ​မေ​စု​သ​မ္မ​ဖြစ်​တာ​ကို
​နှ​မြော​တောင်​နေ​ဦး​မယ်။
​ပြည်​သူ​အ​များ​ကို ​ငှဲ့​ကွက်​လို့​သာ ​ဘာ​မှ ​မ​ပြော​တာ။

​ဖြစ်​နိုင်​ရင် ​အ​မေ​သ​မ္မ​တ​မ​လုပ်​နဲ့ ​သား​တို့​နဲ့ ​ပြန်​လိုက်​ခဲ့​ဆို​ပြီး ​လက်​ဆွဲ​တောင်​ခေါ်​သွာ​ချင်​နေ​တာ။

​ကျုပ်​တို့ ​ပြည်​သူ​တွေ​အ​တွက် ​ငှဲ့​ညာ​ပြီး
​မိ​တ​ကွဲ​ဘ​ဝ​နဲ့ ​အ​ဝေး​မှာ​နေ​နေ​တာ။

​ဦး​ရဲ​ထွဋ် ​ခင်​ဗျား ​မိ​သား​စု​နဲ့ ​တ​ပတ်​လောက်​ခွဲ​လိုက်​ရ​တော့
​ရင်​ထဲ​မှာ ​ဘယ်​လို​နေ​လဲ ​ခင်​ဗျား ​အ​သိ​ဆုံး​ပါ။

​ခင်​ဗျား ​မို့​လို့ ​လူ​တစ်​ယောက်​ကို ​ကိုယ်​ချင်း​မ​စာ​ဘဲ
​အ​ခွင့်​ရေး​ကို ​ပိတ်​ပင်​တဲ့​စ​ကား ​ပြော​ထွက်​တာ ​အံ့​သြ​လို့ ​မ​ဆုံး​ဘူး။

((​ဒါ​ကြောင့် ​စင်​ကာ​ပူ ​ဝန်​ကြီး​ချုပ်​က​ပြော​တာ​ပေါ့ ​မြန်​မာ​စစ်​ဗိုလ်​တွေ​က ​သောက်​ပိန်း​တွေ ​စ​ကား​ပြော​ရ​တာ ​လူ​သေ​ကောင်​တွေ​နဲ့ ​ပြော​နေ​ရ​သ​လို​ဘဲ​လို့ ​နှိပ်​ကွပ်​တာ​ပေါ့ ။))

​နဲ​တောင်​နဲ​သေး​တယ်။
​ခင်​ဗျား​တို့ ​ညံ့​ဖျင်း​မှု​တွေ​က ​မြန်​မာ့​သ​မိုင်း​မှာ ​အ​မြဲ​တမ်း​ရိုင်း​နေ​ဦး​မှာ​ဘဲ။

+++





-----------------------------------------------------------------------

Thetpaing Oo

​ဒီ​ထက်​နိမ့်​တာ​တောင်. . . . . . ​ဒီ​လောက် ​နိမ့်​မယ်​မ​ထင်​ဘူး ။
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

​ညောင်​ဦး​မှာ ​ကမ်း​ပါး​ပြို​နေ​တာ​ကို
​စ​မၸာ​န​ဂိုရ် ​မှာ ​ရေ​တား​တ​မံ ​ဆောက်​ခိုင်း​နေ​ရ​သ​လား ။

​ဆယ့်​ရှစ်​နှစ်​ပြည့်​ပြီး​တဲ့ ​သား​သ​မီး​တွေ​ကို ​နား​ချ​ရ​မှာ​မ​ဟုတ်​ဘူး ။

​သူ​တို့​က ​သန့်​သန့်​လေး​နဲ့ ​လွတ်​အောင်​နေ​ပေး​ပြီး ​ပါ​ရ​မီ​ဖြည့်​ပေး​ထား​ပြီး​ပြီ ။

​နား​ချ​ရ​မှာ​က ​အ​သက်​လေး​ငါး​ဆယ်​ဖြစ်​နေ​ပြီး
​နေ​ရာ​တ​ကာ ​ဇွတ်​ပြော​နေ​တဲ့ ၊ ​ငါ့​စ​ကား​နွား​ရ​လုပ်​နေ​တဲ့ ၊ ​သူ​ခိုး​အား​ပေး​လုပ်​နေ​တဲ့ ​စစ်​သား​ရင့်​မ​ကြီး​တွေ​ကို​သာ ​ဖြစ်​တယ် . . . . ​မုန်​လာ​ဥ​က​လေး​ရဲ့ ။



-----------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org




+++++++