တပ်မတော်၏သိက္ခာကျစေတဲ့ အသုံးအနှုန်းတွေ မသုံးပါနဲ့။ဟုဦးရွှေမန်းကဆို

The Voice(17 January 16)




------------------------------------------------------------------------------------------

တပ်မတော်အရာရှိကြီးများ၏ လူမှုစီးပွားဘဝများ ပြည့်စုံနေသော်လည်း အောက်ခြေ တပ်မတော်သားတို့၏ဘဝမှာ ဆင်းရဲချို့တဲ့နေရသည်ဟု ပြောကြားဆွေးနွေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုကို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နောက်ဆုံးအနေဖြင့် သတိပေးကြောင်း ပြောကြားသည်။

“ဒီမှာ…ဘယ်အဖွဲ့အစည်း သို့မဟုတ်ရင် သိက္ခာကျစေတဲ့ အသုံးအနှုန်းတွေ မသုံးပါနဲ့။ နောက်ဆုံးအကြိမ် သတိပေး တာပါ” ဟု သူရဦးရွှေမန်းက ဆိုသည်။

ဇန်နဝါရီလ ၁၅ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာ နှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်း၏မူနှင့် အခြေခံသဘော အပါအဝင် စီမံကိန်းလုပ်ငန်းများအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပွင့်ဖြူမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညို ဆွေးနွေးပြောကြားနေစဉ် ၎င်း က ကြားဖြတ်သတိပေးလိုက်ခြင်းဖြစ်သည်။

အဖွဲ့အစည်းတစ်ခု၏သိက္ခာကို ထိပါးစေသည့်အသုံးအနှုန်းကို ထည့်သွင်းမပြောရန် ၎င်းက ထပ်လောင်းပြောကြားသည်။






----------------------------------------------------------------------------------



“အထည်ချုပ်စက်ရုံလည်း မြန်မာ့စီးပွားရေးဦးပိုင်၊ လက်ပံတောင်းတောင်စီမံကိန်းလည်း မြန်မာ့စီးပွားရေးဦးပိုင်၊ ကြယ်ငါးပွင့် ပင်လယ်ကူးသင်္ဘောလိုင်းလည်း ဦးပိုင်စသည်ဖြင့် ဦးပိုင် ပိုင်တာတွေ များသော်လည်း အောက်ခြေတပ်မတော်သားများရဲ့ လူမှုစီးပွားဘဝကို ဘယ်လောက် အထောက်အကူပြုနေသလဲ ကျွန်တော်မသိပါဘူး။ ကျွန်တော့မဲဆန္ဒနယ်က တပ်မှာတော့ မသေရုံတစ်မယ် စားနေရပြီး အရှက်လုံရုံ ဝတ်ဆင်နေကြရပါတယ်။ ထင်းခွေစားတဲ့လူနဲ့၊ တောကြိုအုံကြား ကင်ပွန်းချဉ်ရွက် ခူးရောင်းတဲ့ သူနဲ့ ဒီလို မဖြစ်သင့် ပါဘူး” ဟု ဒေါက်တာအောင်မိုးညို က ပြောဆိုဆွေးနွေးသည်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏ စီမံကိန်းလုပ်ငန်းများတွင် တပ်မတော်အနေနှင့် လယ်ယာမြေသိမ်းဆည်းခံပြည်သူများ နစ်နာမှုမရှိရန် လျော်ကြေး ပေး၍ အလေးထားဖြေရှင်းမည်ဟု ဖော်ပြထားသော်လည်း မကွေးတိုင်းဒေသကြီးတွင် သိမ်းဆည်းမြေ တစ်ဧကလျှင် ကျပ် ၆၀ဝ၀နှုန်းဖြင့်သာ ပေးလျော်သည့်အခြေနေအချို့ ရှိကြောင်း ဒေါက်တာအောင်မိုးညိုက ဆက်လက်ပြောဆိုသည်။

၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၏မူနှင့်အခြေခံသဘော အပါအဝင် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ဒေါက်တာအောင်မိုးညိုအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၂၃ဦးက တစ်ဦးလျှင် ခြောက်မိနစ်နှုန်းဖြင့် ဆွေးနွေးခဲ့ရပြီး ဇန်နဝါရီ ၁၈ရက်နေ့တွင် အစိုးရဘက်မှ ပြန်လည်ရှင်းလင်းဆွေးနွေးကာ အတည်ပြု ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းက ကြေညာခဲ့သည်။





----------------------------------------------------------------------------------



The Voice



----------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org