နှ စ် သ စ် ကူ း ကျိ န် စ ာ

Than Htay Maung(26 December 15)




--------------------------------------------------------------------


ပြည်သူ့အာဏာသည် ပြည်သူ့ထံသို့
တိတိကျကျ၊ မှန်မှန်ကန်ကန်၊
မြန်မြန်ဆန်ဆန် ပြိုကျကာ
အောင်မြင်မှုများနဲ့ ပိကြပါစေ၊
ပျော်ရွှင်မှုတွေ ပေါက်ကွဲပါစေ၊
မတရားတဲ့ဥပဒေ အမိန့်အာဏာမှန်သမျှ
သေဒဏ်ကျ ခံရပါစေ။

အဆင်ပြေမှုတွေ မီးခိုးမတိတ်ပါစေနဲ့
မျက်ရည်အိတ်များ မိုးခေါင်ပါစေ၊
ငြိမ်းချမ်းမှုများ သဲသဲမဲမဲရွာပါစေ၊
လဒ်ပေးလဒ်ယူများ ခန်းခြောက်ပါစေ

ပြည်သူ့ဘက်တော်သား မင်းမှုထမ်းများ
အစုလိုက်အပြုံလိုက် ဌာနတိုင်းမှာပွင့်ပါစေ
ကုန်ဈေးနှုန်းများ ဆီခန်းကာ
ပြည်သူပြည်သား အချင်းချင်း
အပြုံးများဖြင့် အပြန်အလှန်ပစ်ခတ်ကျလျှက်
ရယ်မောသံများ တည့်တည့်မှန်ကြပါစေ။ ။

-




--------------------------------------------------------------------



Than Htay Maung





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org