သံဃာ့အသံ

အရှင်ဥတ္တရာလင်္ကာရ(15 December 15)




-------------------------------------------------------------------------

ကုလားနဲ့ ဘယ်လိုမှ တိုက်မရတဲ့အဆုံး.....
ဒေါ်စိန်အေးကျောင်းဆင်းတွေက
NLD ဟာ လစ်ဘရယ်အမျိုးစား
Civil Rights အသားပေးတဲ့ ပါတီဖြစ်လို့မို့
NLD အာဏာရလာရင်
ဘင်္ဂါလီတွေ နေရာရလာမယ်
အခွင့်ရေးတွေ တောင်းဆိုလာမယ်ဆိုပြီး
ဘင်္ဂါလီ ၄%လောက်ကပဲ
ချက်ချင်းကြီး မြန်မာနိုင်ငံကို စိုးမိုးအုပ်ချုပ်သွားကြတော့မလို
တကယ်ကို စိုးရိမ်ကြောက်ရွံ့နေတဲ့
ဂိုက်တွေ ဆိုက်တွေဖမ်း၊
ဂွင်တွေ ထွင်တွေဆင်ပြီး
ရနိုင်သလောက် ခြေထိုး၊
ထပ်အတွန့်တက်ဖို ့ကြိုးစားနေပါသေးတယ်..။

ခက်တာက....
သိန်းစိန်အစိုးရက ငါးနှစ်ကြာအုပ်ချုပ်စဉ် ကာလတလျှောက်
ရခိုင်ပဋိပက္ခဖြစ်ပြီး သုံးနှစ်ကျော်အချိန် ရခဲ့ပါလျက်နဲ့
ဒီဘင်္ဂါလီကိစ္စကို
ဘာကြောင့် အပြီးဆုံးတိုင် မကိုင်တွယ်ခဲ့ကြတာလဲ ဆိုတာပါပဲ။...

Why? ဘာကြောင့်
What? ဘာကို
How?
ဘာမ ှလက်ညိုးထိုးပြရလောက်တဲ့ ဖြေရှင်းချက်မျိုး မရှိခဲ့ပါဘူး
ယာယီဆိုင်းငံထားတဲ့ သဘောနဲ့
ဝိုဒ်ကဒ် ထုတ်ပေးလိုက်တာပဲရှိတယ်။

ဒီအကြောင်းရင်းကို စစ်လိုက်တဲ့အခါ....

ဦးသိန်းစိန်က
မိမိပါတီ အသက်ဆက်ဖို့ဆိုတဲ့
နိုင်ငံရေးကစားကွက် တစ်ခုကို
ကံကောင်းထောက်မစွာ
ကောက်တွေ့သွားခဲ့တာပါပဲ။
ရေငတ်တုန်း ကန်တွေ့သလိုပေါ့ဗျား။...

ရခိုင်ကိစ္စက စလို့ မိတ္ထိလာကိစ္စအထိ
ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ရတယ်။

ဟိုဘက်ဒီဘက် မျှတအောင်
အတွန်းချလည်း မခံရအောင်
သတိထားပြီး ရပ်တည်ခဲ့ရတယ်။

ဒီလိုရပ်ပြန်တော့လည်း
ဦးဝီရသူ ပရိတ်သတ်တွေက
သူတို့ဘက် ရပ်ပေးရကောင်းလား
မိမိတို့ဘက်ကိုပဲ ရပ်တည်ပေးရမယ် မဟုတ်ဘူးလား
စသဖြင့် ဟိုဘက်ဒီဘက် မျှတအောင် မကြည့်မြင်နိုင်တော့တဲ့
ငါမှငါ၊ ငါ့လူမျိုးမှငါ့လူမျိုး
ငါ့ဘာသာဝင်မှ ငါ့ဘာသာဝင်ဆိုတဲ့
တဘက်သတ်အမြင်၊ အလိုဆန္ဒတွေနဲ့
စတင်တိုက်ခိုက်လာကြတော့တယ်။

နောက်မန္တလေးကိစ္စ၊ လာရှိုးကကိစ္စ ရောက်တဲ့အခါ
ခြေထိုးသူတွေက ဝိုင်းထိုးကြတော့...
ဝင်မရပ်တည်ရဲသည့်အထိ ဖြစ်လာခဲ့ရတယ်။





-------------------------------------------------------------------------

တဘက်ကမှာလည်း ဦးဝီရသူတို့ကနေ
အမုန်းရေနွေး အဆိတ်ဆေး တိုက်ကြွေးထားတဲ့
ဇာတိသွေး ဇာတိမာန်တလွဲတွေ ထကြွနေကြတဲ့
မည်းမည်းမြင်ရင် ချမယ်၊ သတ်မယ်၊ ဖြတ်မယ်
မီးရှို့မယ်ဆိုတဲ့ လူအုပ်စုကရှိနေပြန်တာကိုး။

အဲဒီမှာပဲ...
သိန်းစိန်အစိုးရက ဘာမှ မဖြေရှင်းကြတော့ဘဲ
မိမိအတွက်နိုင်ငံရေး နိုင်ကွက်ကို အပိုင်ဆုပ်ကိုင်ထားလိုက်ပြီး
ဦးဝီရသူရဲ့ ပရိသတ်နောက်လိုက်တွေ
စစ်အယောင်ဆောင် အုပ်စုတွေနဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့NLDပါတီကို
ခေါင်းချင်းဆိုင် တေ့ပေးလိုက်ပါတော့တယ်။

ဒီလိုနဲ့ပဲ....
သူတို့ဖြေရှင်းရမယ့် ဘင်္ဂါလီကိစ္စကို လစ်လျူရှုလိုက်ပြီး
ဒေါ်အောင်ဆန်းစုကြည်သာ အာဏာရခဲ့ရင်ဆိုတဲ့
နောက်လာမယ့် ကွင်းဆက်အထိ
သူတို့အဖို့ နိုင်ငံရေးအမြတ်ထုတ် ရယူပစ်လိုက်တယ်။

ဒီကွင်းဆက်တွေ ကိုမမြင်ကြတော့
ပြဿနာရင်းမြစ်ဟာ လိုရင်းကို မရောက်တော့ဘဲ
ကုလားနဲ့ NLDနဲ့က ဘာလိုလိုညာလိုလို
မ ဘ သနဲ့ NLD က ဘာဖြစ်သလိုလို ညာဖြစ်သလိုလို၊
မ ဘ သနဲ့ သိန်းစိန်ကြံ့ဖွဲ့တို့က ဘာလိုလို ညာလိုလို၊
ဒီလို ရောထွေးယှက်တင် ဖြစ်ကုန်ကြရတယ်။

မ ဘ သတွေက ဒါကိုမမြင်ကြဘူး၊
သူတို့ရဲ့ Coverကိုယူပြီး
ဒေါ်စိန်အေး ကျောင်းဆင်းတွေနဲ့ ကြံ့ဖွဲ့တွေက
နောက်ကနေ လက်သီးပုံးတွေ ထုကြတယ်။

အခုလည်း.....
NLDအာဏာရရင်ဆိုပြီး
ပြည်သူလူထုကို ဝေဝါးအောင်လုပ်၊ မှိုင်းတိုက်တယ်၊
တချို့ကျတော့....
စုကြည်ကုလားမ၊ ကုလားမယားတွေအထိ အော်တယ်၊
အော်ရမှာကသူတို့တာဝန်မို့ သူတို့အော်တာ
အသံရှိသလောက် အော်ပစေပေါ့ဗျား။

ဒါပေမယ့်....
တို့လူတွေက
အထက်က ဆိုခဲ့တဲ့ကွင်းဆက်ကို မမြင်မသိဘဲ
သူများအော်တိုင်း
ယုံတဲ့သူက လိုက်ယုံမယ်ဆိုရင်တော့
မိမိစဉ်းစား ဆင်ခြင်ဉာဏ်ကို လူရှေ့သူရှေ့ အထုပ်ဖြေပြသလို ဖြစ်နေမှာပေါ့။

မေးရမှာက.....
ဦးသိန်းစိန်ကို မေးရမှာဗျ....
NLD အာဏာရရင် ဘင်္ဂါလီတွေ နေရာရလာမယ်လို့ ပြောနေပြီး
ဘာလို့ ဘင်္ဂါလီပြဿနာကို ပြီးပြတ်အောင် မဖြေရှင်းပါသလဲ၊
မောင်းထုတ်စရာရှိရင် ဘာလို့မမောင်းထုတ်တာလ၊ဲ
မောင်းထုတ်လို့ မရဘူးဆိုရင်လည်း
ဘာလို့ နိုင်ငံသားအဖြစ် အသိမှတ်ပြုမပေးလိုက်တာလဲလို့၊...
ဒီလို ဦးသိန်းစိန်အစိုးရကိုမေးရမှာဗျ။

သွား....
ဒီလောက်သတ္တိရှိ၊ အမျိုးဘာသာကိုချစ်လှသပဆိုရင်
သွားမေးကြည့်ကြချေ။....
သေနပ်ဒင်နဲ့ ထုပြီးအချုပ်ကားထဲ ဆွဲခေါ်သွားရင်တော့
ကျုပ်လည်း မတတ်နိုင်ဘူးပေါ့၊
သူ့မြုတ်ကွက်ကိုမှခများတို့ကသွားဖော်တာကိုး
သတ္တိရှိတယ်ဆိုမှ၊ အမျိုးဘာသာတကယ်ချစ်တယ်ဆိုမှ ပြောတာ။

သို့သော်....
NLD အာဏာရလာခဲ့ရင်တော့..
အားလုံးဟာ လူလိုသူလိုနေကြရပါမယ်၊ လူနဲ့သူနဲ့ တူအောင် နေကြရပါမယ်၊
ဘယ်သူမှလည်း ဘယ်သူ့ကိုမှ စော်ကားဖိနှိပ်လို့မရသလို၊
စော်ကားဖိနှိပ်တာကိုလည်း ခံကြမှာမဟုတ်ပါဘူး၊
အခွင့်ရေးကို ပိုပြီးလည်းမရသလို၊
အခွင့်ရေးကို လျော့ပြီးလည်း ပေးမည်မဟုတ်၊
ဘင်္ဂါလီတွေအဖို့ နေရာလည်း ပိုမရသလို၊
မြန်မာတွေ အဖို့လည်း ရပြီးသားအခွင့်ရေးတွေ
လုံးဝဆုံးရှုံးသွားတော့မည် မဟုတ်ဘူးဆိုတာ
ယုံ............

ဒါကို....Civil Rights လို့ခေါ်သဗျား....။

ရေးသားသူ = အရှင်ဥတ္တရာလင်္ကာရ
Credit ; Ashin Oketaralinkara



-------------------------------------------------------------------------



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org