ဆဲတဲ့သူကိုပြုံးပြီးကြည့်ရဲတဲ့သတ္တိ

Kyaw Soe Aung(7 November 15)


``ဂျုတီကျ ဗိုလ်မှုး ပြောပြတဲ့ အမေစုမိန့်ခွန်း´´
~~~~~~~~~~~~~~~~~~~~~

ပြည်လုံးကျွတ်နဲ့သတင်းစာက ဆဲပွဲကြီး လုပ်နေချိန်ကပါ
လူထုဆဲပွဲအပြန် ဘတ်စကားတစီး သံဆူးကြိုးတွေဖွင့်ဝင်လာကာ အိမ်ရှေ့ရပ် ဆဲကြပါသည်
ကုလား………ဘီလူး ပြည်ဖျက် တိုင်းပြည်က ထွက်သွား
ငါ………………
စုံနေအောင် အုပ်လိုက် တပျော်တပါးကြီး အကျယ်ကြီး ဆဲကျတာ
အနားမှာ စစ်သာတွေဘဲ ရှိတယ်
ဘယ်သူမှ ပေးမဝင်ထားတဲ့နေရာမှာ

(သင်ဆိုဘာလုပ်မလဲ)
အိမ်ထဲခြံထဲကနေ မကြားသလို နေမယ်ထင်ပါလား
မဟုတ်ဘူ ခင်ဗျာ အရင် သံတခါးနား ခုံလေးနဲ့ ထွက်လာပါတယ်
အားလုံးမျက်လုံးပြူ းကြီးနဲ့ ဝိုင်းကြည့်ကြပါတယ်

အမေစုက အောင်မြင်တဲ့ အသံနဲ့ပြောပါတယ်
ဝါကျ ၆ ကြောင်းဘဲပါပါတယ်
တိတ်ဆိတ်ငြိမ်သက်ပြီး ပါစပ်အဟောင်းသား ဖြစ်တဲ့သူဖြစ် မျက်ရည်လည်တဲ့သူလည်နဲ့ ဖြစ်သွားပါတယ်





------------------------------------------------------------------------------------

တိတ်ဆိတ်စွာခြောက်ခြားမှုကို မခံနိုင်တဲ့အဆုံး
ဗိုလ်မှူးက
ဟေ့ကောင် ကားမောင်းစမ်းတဲ့

ဒရိုင်ဘာ
စက်နိုးပြီး မောင်းထွက်သွားပါတယ်
တိတ်ဆိတ်စွာ မျက်စေ့တဆုံး လိုက်ကြည့်နေတဲ့
အမေစု သက်ပြင်းချ ရင်မောပြုံးနဲ့ အိမ်ထဲ
ပြန်ဝင်သွားပါတယ်
ဘာပြောလိုက်တာလဲ

ကျွန်တော့် အသဲထဲမှာ အမြဲသတိရတိုင်း
တုန်ရင်လာအောင် ကောင်းပါတယ်
လက်တွေ့ ပါဝင်တဲ့ သူတွေဆီပြန်မေးကြည့်ကြပါ
ကျွန်တော်ပြန်မရေးနိုင်အောင် ခံစားရပါတယ်
တာဝန်ကျ စစ်သည် တအုပ်လုံး အသစ်လဲပေးရသည် အထိ ကြားခဲ့ရတဲ့ အစောင့် စစ်သားတွေပေါ် သက်ရောက်ခဲ့ရတာပါ
သူမပြောခဲ့တာက…………

``သားတို့ ခဏနေကြပါဦး
အန်တီတခုလောက်ပြောချင်လို့ပါ……………
အားလုံးငြိမ်သွားမှ
အခု သားတို့လုပ်နေကြတာကို
အန်တီ သဘောကျတယ် ကိုယ်မကြိုက်တဲ့
သူအကြောင်းကို အဲဒီလူရှေ့မှာ မကြိုက်တဲ့အကြောင်း ရဲရဲတင်းတင်း ပြောရဲ
ပြောခွင့်ရှိရမယ်
အဲ့ဒါ အန်တီ တောင်းဆိုနေတဲ့ ဒီမိုကရေစီဆိုတာဘဲ
ဆက်ပြောကြပါတဲ့´´


ယနေ့ အင်တာနက်တွင် ဗိုလချုပ်မှူးကြီး မငေ်းအာင်လှိုင်နှင့် သမ္မတကြီးဦးသိန်းစိန်ကို
အင်တာနက် ဖေါစ်ဘုတ်မှ ဝေဖန်သည်- သရေဖျက်သည်ဆိုကာ ဖမ်းဆီး တရားစွဲ သည်များနှင့်
ဒေါ်အောင်ဆန်းစုကြည် စိတ်နေသဘောထားကို နှိုင်းယှဉ်ကြည့်နိုင်ပါသည်။

Credit>>>U Thit Lwin
from Kyaw Soe Aung





------------------------------------------------------------------------------------

-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org