အ​ရှိ​တ​ရား​ရဲ့​တန်​ဘိုး​ကို ​နား​လည်​ဖို့ ​တန်​ဘိုး​ထား ​တတ်​ဖို့ ​လို​

Aung Htoo(29 February 16)




--------------------------------------------------------------------




--------------------------------------------------------------------




--------------------------------------------------------------------




--------------------------------------------------------------------




--------------------------------------------------------------------


​ဒေါ်​အောင်​ဆန်း​စု​ကြည် ​အ​ပေါ် ​သ​မ္မ​တ ​ဖြစ်​ရေး ​ပိတ်​ပင်​ထား​တဲ့ ၅၉ (​စ ) ​ကို​မ​ပြင်​ဖို့ ​လုပ်​နေ​ကြ​တဲ့ ​လူ​တွေ ​ကို ​တွေ့​ရ​တော့ ​ဆ​ရာ​ဖေ​မြင့်​ရေး​ထား​တဲ့ ​စာ​စု​လေး​ထဲ​က ​စာ​တို​လေး​တ​ပုဒ်​ကို ​သ​တိ​ရ​တယ်။

​တ​ခါ​က ​လူ​တ​ယောက်​က ​တန်​ဖိုး​ရှိ​တဲ့ ​ပု​လဲ​လုံး​တ​လုံး​ရ​ခဲ့​တယ်။
​အဲ​ဒီ ​ပု​လဲ​လုံး​က ​အ​လုံး​လည်း ​ကြီး​တယ် ​လှ​လည်း ​လှ​တယ်။
​အဲ​ဒီ ​ပု​လဲ​လုံး​မှာ ​မ​ဆို​သ​လောက် ​မ​ဖြစ်​စ​လောက်​အ​နာ​လေး​တ​ခု​ပါ​လာ​တယ်။

​ပု​လဲ​လုံး​က ​ဒီ​အ​တိုင်း​လည်း ​အ​ဖိုး​တန်​တယ်။ ​ဒီ​လူ​က ​လော​လော​ဆယ် ​တန်​ဘိုး​ကို ​မ​စဉ်း​စား​ဘဲ့ ​ပု​လဲ​လုံး​အ​နာ​ကို​သာ ​စွဲ​နေ​တယ်။
​ဒီ​အ​နာ​သာ​မ​ပါ​ရင် ​ဒီ​က​မ္ဘာ​မှာ ​အ​လှ​ဆုံး ​ပု​လဲ ​တန်​ဖိုး​အ​ကြီး​မား​ဆုံး ​ပု​လဲ​ဖြစ်​မှာ ​မု​ချ​ဘဲ့​ဟူ​၍ ​တ​အုံ​တ​နွေး​နွေး ​တွေး​နေ​တယ်။

​ပု​လဲ​လုံး​ကို ​စိတ်​မ​ချမ်း​သာ​စွာ​နဲ့ ​နေ့​တိုင်း ​ထုတ်​ထုတ်​ကြည့်​ရင်း ​တ​နေ့​မှာ ​ဒီ​အ​နာ​လေး​က ​အ​ပေါ်​ယံ​ကြော ​လေး​သာ​ဖြစ်​မယ် ​နည်း​နည်း​ခွာ​လိုက်​ရင်​ အ​နာ​စင်​သွား​မယ်​လို့ ​တွေး​မိ ​တယ်။

​ဒါ​နဲ့ ​သူ​က ​ပု​လဲ​လုံး​ရဲ့ ​အ​ပေါ်​ဆုံး​အ​လွှာ​ကို ​ခွာ​လိုက်​တယ် ​တ​လွှာ​ပါး​သွား​လည်း ​အ​နာ​က ​မ​စင်​ဘူး။
​တ​လွှာ​ဆက်​ခွာ​လည်း ​အ​နာ​က​ကျန်​နေ​ဆဲ ​နောက်​ဆုံး ​မ​ထူး​ဖူး​ဆက်​ပြီး​တ​လွှာ​ချင်း​ ဆက်​ခွာ​လိုက်​တာ ​ပု​လဲ​လုံး ​တ​လုံး​လုံး ​ကုန်​သွား​သည့်​အ​ခါ​မှ ​အ​နာ​က ​စင်​သွား​တယ်။

​မြွေ​ပါ​လည်း​ဆုံး ​သား​လည်​ဆုံး ​အ​ဖြစ်​ရောက်​ခဲ့​ရ​တယ်။
​ဒေါ်​အောင်​ဆန်း​စု​ကြည် ​ဆို​တာ ​သ​မ္မ​တ​ဖြစ်​မှ ​အ​ဖိုး​တန်​တာ​မ​ဟုတ်​ပါ​ဘူး
​အ​ရှိ​တ​ရား​ကို​က ​အ​ဖိုး​မ​ဖြတ်​နိုင်​တဲ့ ​တိုင်း​ပြည်​အ​တွက်​ရ​တ​နာ​သိုက် ​တိုင်း​ပြည်​ရဲ့ ​ခေါင်း​ဆောင်​ဖြစ်​ပါ​တယ်။

​ပု​လဲ​လုံး ​ပိုင်​ရှင်​လို့ ​မိုက်​မဲ​မှု ​မျိုး ​မ​လုပ်​မိ​အောင် ​လက်​ရှိ ​အ​ရှိ​တ​ရား​ရဲ့​တန်​ဘိုး​ကို ​နား​လည်​ဖို့ ​တန်​ဘိုး​ထား ​တတ်​ဖို့ ​လို​ပါ​တယ်။

​အ​ရှိ​တ​ရား​ကို ​အ​ရှိ​တိုင်း ​တန်​ဘိုး​မ​ထား​တက် ​အ​သုံး​မ​ချ​တက်​ကြ​ရင် ​အ​နာ​ဂါတ်​လှ​ပ​မှု​ကို ​လက်​လွတ် ​ဆုံး​ရှုံး​မှု​နဲ့ ​ရင်​ဆိုင်​ခံ​ရ​နိုင်​သ​လို ​အ​နာ​ဂါတ်​ဘ​ဝ​တွေ​ကို​ ဖျက်​ဆီး​နေ​ကြ ​သူ​တွေ ​အ​ဖြစ်​သတ်​မှတ် ​ခံ​ရ​ဖွယ်​ရှိ​လိမ့်​မယ်။

Aung Htoo






--------------------------------------------------------------------




--------------------------------------------------------------------






-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org