ဂုဏ်ယူစရာ ပြည်မြန်မာ

နန္ဒာ(7 November 15)


သူများဆီမှာ မဖြစ်၊ ဒို့ဆီမှာဖြစ်ရင် ဂုဏ်ယူလို့ရပြီ။
ရေကြီးလို့ သေခါနီးဖြစ်နေသူတွေကို ဖြူသလားမဲသလား ခွဲခြားနေတဲ့ ဂရုဏာရှင်များ စုစည်းရာတိုင်းပြည်။
ကားကြီးတစီးလုံး အဆိပ်တွေဖုံးနေတာတောင် မောင်ဖုန်းဘယ်မှာမှန်း မသိတဲ့ ဥပဒေဘက်တော်သားများ စုစည်းရာ တိုင်းပြည်။

Joaquin El Chapo Guzman ရယ် ဘာလို့များ မက္ကဆီကိုမှာ စွန့်စွန့်စားစားတွေ လုပ်နေရသလဲ၊
Welcome to Myanmar........လာသာလာခဲ့စမ်းပါ အကောင်လိုက်ပျောက်စေရမယ်။
လူရှင်တွေ အကောင်လိုက်ပျောက်ပေမယ့်၊ လူသေတွေ မဲထထပေးရတဲ့ တိုင်းပြည်။
ပြာဖြစ်သွားလည်း လာထား၊ အရိုးဆွေးနေလည်း လာထား။

ဂျိုလီလာလည်း အလှူခံမယ်၊
ဂျက်ကီလာလည်း အလှူခံမယ် ဧည့်သည်လာလည်း တောင်းမယ်။
ကိုယ်က ဧည့်သည်သွားလုပ်လည်း တောင်းမယ်။
လူဖြူဆီကလည်း တောင်းမယ်။
လူမဲဆီကလည်း တောင်းမယ်။
ပြည်သူဆီကလည်း တောင်းမယ်။
တောင်းသမျှ ပိုက်ဆံတွေ ဘယ်ရောက်ရောက်သွားမှန်း မသိအောင် မျက်လှည့်ပြကောင်းတဲ့ တိုင်းပြည်။
ဘယ်ရောက်သွားပါလိမ့် အဲ့သည့်ငွေတွေ။





-------------------------------------------------------

ဇေကမ္ဘာဝင်းထဲက ကားကြီးပေါ်ပဲ ရောက်နေတာလား။
တာကျိုးလို့ အလုံးအရင်းနဲ့ ကျေးရွာထဲဝင်စီးနေတဲ့ ဆည်ရေတွေထဲမှာပဲ မြုပ်နေတာလား။
မိုးတိတ်သွားရင် ညမအိပ်ဘဲ ရှာကြည့်ကြပါဦး၊ မြို့တော်ခမ်းမရှေ့က မြောင်းကြီးထဲမှာများ ကပ်နေမလားလို့။
သိသူဖေါ်စား မသိသူကျော်သွားပေါ့။

ဖေါ်စားနည်းကို မသိရင် ခရိုနီများထံချဉ်းကပ်သင်။
အကပ်ကောင်းရင် လူအမြင်ကပ်ပေမယ့် ရဟတ်ယာဉ်တောင် စီးရသကွဲ့။
သူများဆီမှာ မဖြစ်၊ ဒို့ဆီမှာဖြစ်ရင် ဂုဏ်ယူလို့ရပြီ။
ဂုဏ်ယူလို့ရသည်။

ကိုယ်တောင်မှ ဂျပန်မှာ စီးပွားမရှာ၊ အမေရိကားမှာ စီးပွားမရှာ၊ ပြည်မြန်မာမှာပဲ စီးပွားရှာချင်နေတာ ဂုဏ်ယူစရာပါ။
အဲ့လို မဟုတ်ဘူးလား......ဟင်!!!

နန္ဒာ





-------------------------------------------------------

-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org