လူ‬ -အ- ကြီး

မောင်အေးချမ်း (15 June 15)




-----------------------------------------------------------------------

‪#‎ဒီမှာ‬ ဦးအောင်ဆန်း
++++++++++++++
ခင်ဗျားကြီးကလေ ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပြီး ဘာလို့ပဲပြုတ်နဲ့နံပြား ကြိုက်ရတာတုန်းဗျာ ...
ဒီခေတ်ဗိုလ်ချုပ်တွေလို ဘလူးတွေ ဘလတ်တွေ ကြိုက်ခဲ့ပါတော့လား ...
အဲ့ဒါမှ ခင်ဗျားအကြောင်း ဟောတဲ့ပြောတဲ့သူတွေကို ဘလူး ဘလက် လေးနဲ့ဧည့် ခံကြမှာပေါ့ ...
ခုတော့ ဘယ်သွားသွား သူတို့ခမျာ ပဲပြုတ်နဲ့နံပြားပဲ စားနေရတယ် ...

#ဒီမှာ ဦးအောင်ဆန်း
++++++++++++++
ခင်ဗျားကြီးကလေ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေပြီး လမ်းဘေးမှာ အကြော်ဝင် စားရသလားဗျာ ...
ဒီခေတ်ဗိုလ်ချုပ်တွေလို ဟိုတယ်မှာ တက်ပြီး စားပါတော့လား ...
ခုတော့ ခင်ဗျား စားခဲ့တဲ့အကြော်တွေ ကြွေးနေကြတယ်ဗျ ...

#ဒီမှာ ဦးအောင်ဆန်း

ခင်ဗျားဗျာ ပန်းတောင်းမြို့ဖဆပလ ဥက္ကဋ္ဌ ဦးထွန်းရွှေ အိမ်သွားတုန်းက သင်္ဘောဆက်သွား မရလို့ဆိုတာကို လာကြိုတာတောင် မစောင့်ပဲနဲ့ ဘာလို့ ဇွတ်ဆင်းပြီး ခြေလျင် လျှောက်သွားရတာတုန်းဗျာ ဒီခေတ်ကလူတွေကတော့ ဘုရားရင်ပြင်ပေါ်တောင် ကားနဲ့တက်ကြတာဗျ ခင်ဗျားကြီး အဲ့လိုလုပ်ခဲ့တော့ ကျွန်တော်တို့ ဘက်စ်ကား စီးရတာတောင် မသတီတော့ဘူး လေဗျာ ...

#ဒီမှာ ဦးအောင်ဆန်း
++++++++++++++
ဖဆပလ ဥက္ကဋ္ဌအိမ်ရောက်တော့ ခြံစောင့်အဆင့်လောက်ရှိတဲ့လူက ထိုင်ခိုင်းတဲ့နေရာမှာ ဘာကိစ္စ ထိုင်ရတာတုန်း ...
ပြီးတော့ဗိုက်ဆာလွန်းလို့တဲ့ ကျွန်တော်တို့ စားစရာလေးများရမလားဗျာ တဲ့ တောင်းစားတာ ...
ဟိုလူက သနားလို့ ချကျွေးတဲ့ ကောက်ညှင်းပေါင်းကို ပလုတ်ပလောင်းစား ရေလေးသောက်ပြီး ကြမ်းပြင်ပေါ်ပြန်ထိုင်နေတာ ... ဥက္ကဋ္ဌရောက်လာမှ ခင်ဗျားကြီးကို နှုတ်ဆက်လို့ ဟိုလူက ဗိုလ်ချုပ်မှန်း သိပြီး ကြောက်တာမှတုန်လို့လေ ... ဒီခေတ်ဗိုလ်ချုပ်တွေလို ငါ့မသိ်ရကောင်းလား ဆိုပြီးတော့ စစ်ဖိနပ်နဲ့ကန် သေနတ်ဒင်တွေနဲ့ ထုပါတော့လား ... ခင်ဗျားကြီးအဲ့လိုလုပ်ခဲ့တော့ ကျွန်တော်တို့ ထိုင်ခုံမှာထိုင်ဖို့ တောင်မှ စိတ်မသန့်ဘူး ဗျ...



-----------------------------------------------------------------------

#ဒီမှာ ဦးအောင်ဆန်း
+++++++++++++
ခင်ဗျားကြီးဗျာ ကိုယ့်ကိုလိုတာရှိ သုံးရအောင်လာလှူတဲ့ရွှေဒင်္ဂါးတွေကိုများ ထားခဲ့ မနက်ဖြန် ဖဆပလ အဖွဲ့ကြီးဆီကျုပ်ပေး လိုက်ပါ့မယ်တဲ့ ...
ခင်ဗျားကြီး အဲ့လိုလုပ်ခဲ့တော့ ဒီခေတ်လူကြီးတွေက ၃ သိန်းထက်ပိုမယူရဲကြတော့ဘူးလေဗျာ ...

#ဒီမှာ ဦးအောင်ဆန်း
++++++++++
ခင်ဗျားချစ်လှပါပြီဆိုတဲ့ ခင်ဗျား မိန်းမ ဒေါ်ခင်ကြည်ကို ရဲဘော်လေးတွေက ဈေးခြင်းတောင်းလေးကူဆွဲပေးတာကို ဘာလို့ဆူရတာတုံး ...
ဘာတဲ့ သူတို့ကိုဈေးခြင်းမဆွဲခိုင်းပါနဲ့ကွာ ...
သူတို့တွေက နိုင်ငံတော်အတွက်ကွ တဲ့ ...
ဒီခေတ်မှာလေ လက်အောက်ငယ်သားတွေကို အကုန်လုပ်ခိုင်းတာဗျ ...
ခင်ဗျားကြီးက အဲ့လိုပြောခဲ့တော့ ကျွန်တော်တို့ သူများကိုအနိုင်ကျင့်ရမှာမရဲတော့ဘူးဗျ ...

#ဒီမှာ ဦးအောင်ဆန်း
+++++++++++++
အိမ်ကိုဆန်လေးဆီလေး လာကန်တော့လို့ လက်ခံရင် မင်းအရင်ဆုံး ထောင်ထဲဝင်ရမယ်လို့ ပြောတယ်ဆိုဗျ ခင်ဗျား အပါးတော်မြဲကို ...
အဲဒီတုန်းကခင်ဗျား စားနေရတဲ့ထမင်းက ရဲဘော်တွေတောင်မစားနိုင်တဲ့ ထမင်းတွေလေဗျာ ...
ခင်များကြီးအဲ့ လိုလုပ်ခဲ့တော့ ဒီခေတ်လူကြီးတွေ လည်း သူတို့ကိုယ်တိုင်မယူရဲကြတော့ ဘူးပေါ့ဗျာ ...
အိမ်ကမိန်းမဆီ ပို့လိုက်လို့ပဲ ပြောကြတော့တာဗျ ...



-----------------------------------------------------------------------

#ဒီမှာ ဦးအောင်ဆန်း
+++++++++++++++
ကျွန်တော်ဆက်မပြောပါရစေနဲ့တော့ ဗျာ ...
ခင်ဗျားလုပ်ခဲ့သမျှတွေအားလုံးက ကျွန်တော်တို့ရင်ကို ကိုင်လှုပ်ဆွဲယမ်း ပရမ်းပတာ ဖြစ်အောင်လုပ်သွားတာတွေ ချည်းပဲ ...
ကျွန်တော် ခင်ဗျားကြီးကို မသိဘူး မမှီလိုက်ဘူး ...
ဒါပေမယ့် ခင်ဗျားကြီးက ကျွန်တော့် နှလုံးသားထဲမှာဘာကိစ္စနဲ့များ နေရာများများ ယူထားရတာတုန်းဗျာ ...
ခင်ဗျားကြီး မွေးနေ့နီးလာတိုင်း ... ဇူလိုင် ၁၉ ရောက်တိုင်း ခင်ဗျား ကြီးကျွန်တော့် ကိုအရမ်းနှိပ်စက်တယ် ...
တော်ပြီဗျာ ... ဆက်မရေးတော့ဘူး ...
ကျွန်တော် ထပ်မငိုချင်တော့လို့ပါ ...

မောင်အေးချမ်း





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org