စာဖတ်ခြင်း

Essential Moe (8 June 15)




-----------------------------------------------------------------------

စာဖတ်ခြင်း
========
စာဖတ်ခြင်းက လူ့ဘဝကို အသိဉာဏ်ကြွယ်စေတဲ့ အနုပညာတစ်မျိုးဖြစ်တယ်။
စာအုပ်မရှိတဲ့ဘဝက အဆံချောင်တဲ့ဝါးပင်လိုပဲ။
စာဖတ်ခြင်းက ခန္ဓာကိုယ်ပေါ်က ပျော့ညံ့၊ ကြမ်းတမ်းတာတွေကို လျော့နည်းစေတယ် ယောကျာ်းတစ်ယောက်ကပြော တယ် "အိမ်ထောင်ပြုပြီးတဲ့ အမျိုးသမီးတစ်ယောက်ဟာ စာဖတ်မှပဲ မကြမ်းတမ်း၊ ဒုံးမဝေး၊ မသိမ်ငယ်တတ်မှာ"တဲ့။ ဟုတ်ပါတယ်.. စာပေနဲ့ဝေးရင် လူဟာတဖြည်းဖြည်းကြမ်းတမ်းရိုင်းစိုင်းလာတတ်ပါတယ်။

မိန်းမပျိုငယ်လေးတိုင်းလိုလိုက စိတ်ကူးယဉ်ဆန်တတ်ကြတယ်၊ ဘဝရဲ့အချုပ်အနှောင်၊ အခက်အခဲကို သူတို့ တကယ် မခံစားရသေးဘူး။
သူတို့ကြုံရတဲ့အခက်အခဲတချို့ဆိုတာ စာဖွဲ့လို့မရသေးဘူး၊ သူတို့ရဲ့စိတ်ကူးအိပ်မက်ကလည်း နွေဦးရွက်ကြွေကို ပူဆွေးတဲ့ အိပ်မက်လေးတွေ၊ အိမ်ထောင်ပြုပြီးတဲ့မိန်းကလေးမှာ စိတ်ကူးယဉ်ဆန်မှုတွေ၊ စိတ်ကူးအိပ်မက်တွေ လျော့နည်းသွားတယ်။

မိသားစုဝေယျဝစ္စအတွက် သူတို့ရဲ့အချိန်တော်တော်များများကို စတေးလိုက်ရတယ်။ မိန်းကလေးတချို့က အလုပ်တွေများရင်းကနေ ကိုယ့်ကိုယ်ကိုမေ့လျော့လာခဲ့ကြတယ်၊ ကိုယ့်ရဲ့စိတ်ဓာတ်၊ ကိုယ့်ရဲ့စိတ်ဝိညာဉ်ကို ဂရုစိုက်ထိန်းသိမ်းဖို့ ပိုလို့မေ့လျော့သွားခဲ့ကြတယ်။

စာအုပ်ကိုချစ်တဲ့ မိန်းကလေးတွေက သူတို့ဟာ အားလပ်ချိန်မှာ သူတို့ကိုယ်သူတို့ ပဲ့ပြင်တယ်၊ ပြုစုပျိုးထောင်တယ်။ စာအုပ်ကိုချစ်သလို သီချင်းတွေကိုလည်း သူတို့ချစ်တယ်။ အားလပ်ချိန်မှာ သံစဉ်တွေနဲ့ သူတို့ရဲ့စိတ်နှလုံးကို သာယာစေတယ်။ ပျော်ရွှင်စေတယ်။

ရာစုသစ်တစ်ခုမှာ ရှင်သန်နေတဲ့ငါတို့က စာအုပ်ကိုချစ်သင့်တယ်။ စာအုပ်ကို ချစ်တယ်၊ ဖတ်တယ်၊ စုဆောင်းတယ်။ စာအုပ်တွေနဲ့ ဖက်လှဲတကင်းနေထိုင်၊ ပေါင်းသင်းတဲ့အချိန်ဟာ ဘဝကိုခံစားသက်ဝင်ရ အပျော်ဆုံးအချိန်ဖြစ်တယ်။

စာဖတ်တဲ့လူဟာ ကောင်းကင်ပေါ်က ကြယ်ကလေးတွေဖြစ်တယ်။
လရောင်ကြောင့်လင်းလက်တဲ့ကောင်းကင်ကို ပိုတောက်ပစေတယ်။သန်မာကြံ့ခိုင်တဲ့စိတ်ဓာတ်၊ မိမိကိုယ်ကိုယ် ယုံကြည်တဲ့ ခေတ်လူငယ်တစ်ဦးဖြစ်ချင်ရင် စာဖတ်ခြင်းက အကောင်းဆုံးရွေးချယ်ရာလမ်းဖြစ်တယ်။



-----------------------------------------------------------------------

စာအုပ်က လူတွေကို ရိုင်းစိုင်းကြမ်းတမ်းခြင်းနဲ့ ဝေးကွာစေတယ်၊ သိမ်ငယ် အားငယ်ခြင်းကို ဖယ်ရှားပေးတယ်။
မိန်းကလေးတစ်ယောက်ကို ချစ်ခင်နှစ်လိုစွဲမက်စေတယ်။
စာဖတ်တဲ့သူဟာ စာအုပ်ရနံ့နဲ့ ကိုယ့်ကိုယ်ကိုအကောင်း ဆုံးဖြစ်အောင် လုပ်တယ်။
သူဟာတိမ်တစ်ပွင့်လို ဖြူစင်နိုင်တယ်၊ရေနွေးကြမ်းတစ်ခွက်လို မွှေးပျံ့နိုင်တယ်၊ ကန်ရေပြင်လို အေးဆေး တည်ငြိမ်နိုင် တယ်၊
ညနေဆည်းဆာလို အရောင်အသွေးစုံနိုင်တယ်။

စာဖတ်တဲ့လူက အမှားအမှန်ကို ခွဲခြားသိနိုင်တယ်၊ ဖြားယောင်းသွေးဆောင်တာကို လျစ်လျူရှုနိုင်တယ်။
စာဖတ်တယ်.. စာအုပ်ထဲက လတ်ဆတ်ရိုးရှင်းတဲ့စကားလုံးတွေက သင့်ရဲ့ဖုန်အလိမ်းလိမ်းတက်နေတဲ့ စိတ်ဓာတ်၊ ညိုးငယ်စိတ်၊ အားငယ်စိတ်၊ ကြမ်းတမ်းခက်ထန်မှုကို ဆေးကြောပစ်နိုင်တယ်။
ငယ်ရွယ်နုပျိုခြင်းက တိုတောင်းတယ်၊ ရုပ်ရည်က အိုလွယ်တယ်။
စာအုပ်ရနံ့ကသာ သင့်အပါး အမြဲမွှေးပျံ့နိုင်မှာဖြစ်တယ်။





Essential Moe





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org