အမေပြောပြတဲ့ အဖြစ်မှန်လေး

Maung Tun Wai(20 August 15)


စက်တင်ဘာလ ၆ရက်နေ့ဟာ မေမေနဲ့ ဖေဖေတို့လက်ထပ် ထိမ်းမြားခဲ့တဲ့ နေ့ဖြစ်ပါတယ်။
ဒီနှစ်ဆိုရင် ၇၁နှစ် မြောက်ပြီပေါ့။ ဒါပေမဲ့ ပေါင်းသင်းခဲ့ရတာကတော့ ၅ နှစ်တောင် မပြည့်ပါဘူး။
ဒီ၅နှစ်လုံးကလည်း အေးအေးဆေးဆေး နေခဲ့ရတယ်ကို သိပ်မရှိပါဘူး။
အဲဒီအချိန်အခါက ဗမာ့ကာကွယ် ရေးတပ်မတော် ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကို ထမ်းဆောင်ရတာ ပင်ပန်းရုံမက အန္တရာယ်လည်း များပါတယ်။
အန္တရာယ်ဆိုတာ စစ်မြေပြင်မှာ တင်ပြောတာ မဟုတ်ပါဘူး။
စစ်ရေး စစ်ရာတွေအပြင် နိုင်ငံရေး ကိစ္စတွေကိုပါ အင်မတန်ရှု ပ်ထွေး ကြမ်းတမ်းတဲ့ ကာလမှာ ကိုင်တွယ်နေရတော့ နေ့မအား၊ ညမအား၊ လူမအား၊ စိတ်မအား လုပ်ကိုငြ် ကိုးစား ရပါတယ်။
အနေအထိုင်ဆင်းရဲတဲ့ ကာလကြီးလည်း ဖြစ်ပါတယ်။
ကျွန်မတို့အစ်ကိုအကြီးဆုံး အောင်ဆန်းဦး မွေးဖွားချိန်ကဆိုရင် ကလေးတိုက်ဖို့နွားနို့က ရေရောထားတာမျိုးပဲ ရနိုင်တယ်။
ကလေးနို့ပုလင်း မရနိုင်လို့ ဇွန်းကလေးနဲ့တိုက်ရတယ်လို့ ကျွန်မကို လူကြီးတွေက ပြောပြဖူးပါတယ်။
တကယ်တော့ ဖေဖေ့ရာထူး အနေအထ ားနဲ့ အခွင့်အရေးယူမယ်ဆိုရင် နွားနို့ကောင်းကောင်းနဲ့ ကလေးနို့ပုလင်း တစ်ပုလင်းလောက်တော့ ရနိုငေ် လာက်မယ် လို့ ထင်ပါတယ်။ ခက်ခက်ခဲခဲ၊ ဆင်းဆင်းရဲရဲ ပဲ နေခဲ့တာကို ကျေနပ်ဂုဏ်ယူမိပါတယ်။





-------------------------------------------------------

မေမေက စစ်မီးလောင်ကျွမ်း နေတဲ့ အချိန်မှာ တာဝန်မပျက်ခဲ့တဲ့ သူနာပြု ဆရာမတစ်ယောက်ပီပီ သတ္တိအပြည့်နဲ့ ဘဝကို ရင်ဆိုင်ခဲ့ပါတယ်။
သက်သက်သာသာ နေရဖို့ စိတ်ကူးခဲ့ပုံ မပေါ်ပါဘူး။
ဂျပန်တော် လှန်ရေးဆင်နွှဲဖို့ ဆုံး ဖြတ်တဲ့ကာလမှာ ဖေဖေအတွက် အန္တရာယ်တွေ ပိုလာပါတယ်။ ဂျပန်တွေ က လိုက်ဖမ်းဖို့ ရှာနေတဲ့ သခင်စိုးကို နို င်ငံရေး ဆွေးနွေးပွဲတွေ အတွက် တိတ်တဆိတ်ခေါ်လာပြီး အိမ်ထဲမှာ ဝှက်ထားပေးရပါတယ်။
ဖေဖေတို့အစည်း အဝေးတွေပြီးတဲ့အခါမှာ မေမေကိုယ်တိုင် အခန်းကို ရှင်းရပါတယ်။ မတော်တဆ စာရွက်တစ်ရွက်၊ စက္ကူစတစ်စ ကျ ခဲ့၊ ကျန်ခဲ့လို့ အခြားသူတွေ မြင်သွားမှာ စိုးရိမ်လို့ ဒီလိုလုပ် ရတာပါ။

တော်လှန်ရေးအတွက် အစီအစဉ်တွေ လုပ်တဲ့အခါ မေမေနဲ့ ကျွန်မ အစ်ကိုနှစ်ယောက် (ကျွန်မကတော့ မေမေ့ဝမ် းထဲမှာ ရှိပါသေးတယ်) ဘယ်မှာ သွားနေရမလဲဆိုတာ စဉ်းစားရပါတယ်။
ဒီကိစ္စကို ဗိုလ်လကျာ်ကို တာဝန်ပေး လိုက် ပါတယ်။ ဖေဖေနဲ့ မေမေကိုယ်တိုင် ဗိုလ်လကျာ် ဘယ်လို စီစဉ်တယ်ဆိုတာ မသိပါဘူး။ မေးလည်း မမေးကြပါဘူး။ ကိုယ် ့စည်း၊ သူ့စည်း၊ ကိုယ့်တာဝန်၊ သူ့တာဝန် ခွဲခြားထားတဲ့ အတိုင်းပဲ လက်ခံကြပါတယ်။
မေမေတို့အဖွဲ့ ကြက်ဖ မွေးဇောင်း ကိုသွားတဲ့ခရီးကတော့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခုပါပဲ။ ကျွန်မကတော့ မေမေ့ဝမ် းထဲမှာ ရှိစဉ်ကတည်းက တာဝန်အရ စေလွှတ်ရာကို မမေးမမြန်း လိုက်ပါသွားရတဲ့ အဖြစ်မျိုးနဲ့ ယဉ်ပါးခဲ့တာပါလို့ပဲ စကားကြီး စကားကျယ်ပြောနိုင်တာပေါ့။ ကြက်ဖမွေးဇောင်း မှာနေရဲတဲ့ သုံး၊ လေးလအတွင်း မေမေ့ ဆံပင်တွေ စဖြူလာတယ်လို့ မေမေနဲ့အတူလိုက်သ ွားခဲ့တဲ့ ဒေါ်လေးက ပြောဖူးပါတယ်။ ဂျပန်တပ်များက ဖေဖေ့မိသားစုကို လိုက်ရှာကြပါတယ်။

ဒီ့အပြင် ဖေဖေ့ကို ဖမ်းမိပြီဆိုတဲ့ သတင်းတွေလည်း လွှင့်ပါတယ်။ ဘာအဆက်အသွယ်မှာ မရှိတော့ မေမေ့အနေနဲ့ တစ်ချိ န်လုံး စိုးရိမ်ပူပင်သောက ဝင်နေရတော့တာပါပဲ။ ပတ်ဝန်းကျင်က မသိအောင်လည်း နေရပါတယ်။
ရန်ကုန်ကနေ ဗုံး အန္တရာယ် ကလွတ်အောင် လာခိုလှုံနေတဲ့ အရေးပိုင် မိသားစုလို့ အသိပေးထားပါတယ်။
သတင်းစာတွေတောင် အတေ ာ်ရှားပါး၊ ဓာတ်ပုံတွေလည်း ရှားပါးတဲ့ခေတ်ဆိုတော့ ဖေဖေ့မိသားစု ဘယ်လို နေမှန်းသိသူက အင်မတန် နည်း ပါးလို့လည်း ဒီလို ခိုလှုံနေလို့ ရတာပါ။





-------------------------------------------------------

ယခုခေတ်လို သတင်းဖြန့်ချိမှုအား ကောင်းခဲ့ရင် ဘယ်လိုမှ လူမသိအောင် လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။
တော်လှန်ရေးပြီးပြန်တော့လည်း ဖေဖေနဲ့ မေမေတို့ အေးအေးဆေးဆေး မနေရပါဘူး။
ဖေဖေက ရန်ကုန်ပြန် ရောက်ရောက်ချင်းဆိုသလို လွတ်လပ်ရေးအတွက် လှုပ်ရှားရုန်းကန်ရပါတယ်။
ကျွန်မကလည်း အဲဒီအချိန်မှာ လောကကြီးထဲ ရောက်လာပါတယ်။ နိုင်ငံရေး အရှုပ်ထွေးဆုံး ကာလပါပဲ။
ယခုခေတ်ကနေ ၁၉၄၅ ခုနှစ်မှ ၁၉၄၇ ခုနှစ်တွေ ကိုပြန်ကြည့်လိုက်ရင် ဖေဖေကတစ်တိုင်းပြည်လုံးရဲ့ ထောက်ခံအားပေးမှုနဲ့ လွတ်လပ်ရေးလှုပ်ရှား မှုကြီးကို ဦးဆေ ာင်ခဲ့တယ်လို့ မြင်သူတွေ မှားပါတယ်။

အတိုက်အခံ၊ အတိုက်အခိုက်တွေ အင်မတန် များခဲ့တယ် ဆိုတာ မသိကြပါဘူး။
လွတ်လပ်ရေးကိုတော့ ရချင်ကြပါတယ်။
ဒါပေမဲ့ ဘယ်လို ပုံစံနဲ့ရယူမှာလဲဆိုတာနဲ့ ပတ်သတ်လို့တော့ အမြင်တွေ အတော်ကွဲပြားကြပါတယ်။
လွတ်လပ်ရေးရခါနီးအချိန်မှာ မျှော်လင့်ချက်တွေ တက်လာတာနဲ့အမျှ သဘောထား ကွဲလွဲမှုတွေ ပြင်းထန်လာပေါ တာ့တယ်။
ဒါတွေရဲ့ အကျိုးဆက်အဖြစ် ဖေဖေကျဆုံးသွားတဲ့ အချိန်မှာ မေမေဟာသား၊ သမီး သုံးယောက်နဲ့ ကျ န်ခဲ့ပါတယ်။ ဒါနဲ့အတူ ဖေဖေဟာဂုဏ်သိက္ခာနဲ့မညီတဲ့ ဘာကိစ္စကိုမှ မလုပ်ရ လေအောင် ကြံ့ကြံ့ခံပြီး ဒုက္ခေ တွ ရင်ဆိုင်ခဲ့တယ်ဆိုတဲ့ ကျေနပ်မှုကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ တစ်သက်တာအတွက် အင်အားတွေလည်း ကျန်ခဲ့ ပါတယ်။

ဒီတစ်ပတ်တော့ဒီမျှသာ။ ။
အောင်ဆန်းစုကြည်
ပြန်လည်မျှဝေပေးပါတယ်

Maung Tun Wai



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org